<link rel="stylesheet" href="https://cdn.plyr.io/3.7.8/plyr.css" />
Back to CatalogHGBသမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ
သမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ ·VideoTranslated from English

HGB-01 ကျမ်းစာဖွင့်ဆိုချက်အခြေခံသဘောတရားများ

Read the full text

သင်ခန်းစာ ၁ (အတူတူပါပဲ) နှင့်ပတ်သက်သောဗီဒီယိုတစ်ခုဖြစ်ပြီး အောက်ပါမေးခွန်းများကိုဖြေသည် - ကျမ်းစာအာဏာကိုနာခံရန်အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။ ကျွန်ုပ်တို့လိုက်နာသင့်သောအရေးကြီးဆုံးဖွင့်ဆိုချက်အခြေခံသဘောတရားများကားအဘယ်နည်း။ ကျမ်းစာကိုကျွန်ုပ်တို့၏စကားပြန်ဆိုချက်များသည် ကျမ်းစာ� 자체၏အာဏာနှင့်ညီမျှခြင်းမရှိသောအကြောင်းအရင်းကားအဘယ်နည်း။ ကျမ်းစာအခန်းငယ်များ၏မူလအဓိပ္ပာယ်ကိုရှာဖွေရန်အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။ ခရ�ിസ્તုတော်ကိုယုံကြည်ခြင်းသည်ကျမ်းစာကိုကျွန်ုပ်တို့၏အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုမည်သို့အကျိုးသက်ရောက်သနည်း။ စကားပြန်ဆိုသူ၏ဝိညာဉ်ရေးအခြေအနေသည်သူ (သို့) သူမ၏စကားပြန်ဆိုနိုင်မှုကိုမည်သို့အကျိုးသက်ရောက်သနည်း။ ကျမ်းစာကိုကျွန်ုပ်တို့စာသင်သားဖြစ်စေသောအခါစိတ်ပိုင်းဆိုင်ရာထိတွေ့ဆက်ဆံမှုရှိနေအောင်ကျွန်ုပ်တို့မည်သို့ထိန်းသိမ်းနိုင်သနည်း။ ကျမ်းစာကိုချစ်မြတ်နိုးခြင်းနှင့်ကာကွယ်ခြင်းသည်ကျွန်ုပ်တို့အတွက်မည်မျှအရေးကြီးသနည်း။ ကျမ်းစာဖွင့်ဆိုချက်တွင်ဆုတောင်းခြင်းသည်မည်သည့်အခန်းကဏ္ဍမှပါဝင်သနည်း။ ကျမ်းစာနှင့်ပတ်သက်သောကျွန်ုပ်တို့၏အသိပညာကိုကျင့်သုံးရန်မည်မျှအရေးကြီးသနည်း။


From the transcript

၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့သော သာ့ဒ်မစ်လ် သည်အမြတ်အစွန်းကို အဓိက မထားသော ဧဝံဂေလိ ခရစ်ယာန် အမှုတော် တစ်ခု ဖြစ်ပါသည်။ သာ့ဒ်မစ်လ်က ပေးအပ်ရန် ရည်စူးထားသည်မှာ-

ကျွန်ုပ်တို့၏ ပန်းတိုင်မှာ ကမ္ဘာတလွှားရှိ အမှုတော်အတွက် လုံလောက်သော လေ့ကျင့်ရည် ချို့တဲ့ ကင်းမဲ့သည့် သင်းအုပ်နှင့် ခရစ်ယာန် ခေါင်းဆောင် ထောင်ပေါင်း များစွာအား အခမဲ့ ခရစ်ယာန် ပညာရေးကို ပေးကမ်းရန် ဖြစ်ပါသည်။ ပြိုင်ဖက်ကင်းသော မီဒီယာစုံသင် စာသင်တိုက် သင်ရိုးကို အင်္ဂလိပ်၊ အာရဘစ်၊ တရုတ်၊ ရုရှ နှင့် စပိန် ဘာသာစကားများဖြင့် ထုတ်လုပ်ပြီး ကမ္ဘာ အနှံ့ ဖြန့်ဝေခြင်း အားဖြင့် ဤပန်းတိုင်ကို ကျွန်ုပ်တို့ ဖြည့်ဆည်းနေပါသည်။ ကျွန်ုပ်တို့၏ သင်ရိုးကို ကျွန်ုပ်တို့၏ မိတ်ဖက် အမှုတော်များအားဖြင့် အခြားသော ဘာသာစကား တစ်ဒါဇင်ကျော်သို့ ပြန်ဆိုလျက် ရှိပါသည်။ သင်ရိုးတွင် ရုပ်ပုံများက ထိန်းကျောင်းသော ဗီဒီယိုများ၊ ပုံနှိပ်ထားသော ညွှန်ကြားချက်များ နှင့် အင်တာနက် အရင်းအမြစ်များ ပါဝင်ပါသည်။ ၎င်းကို ကျောင်းများ၊ အုပ်စုများ၊ တစ်ဦးချင်း ပုဂ္ဂိုလ်များ၊ အွန်လိုင်းတွင်သာမက သင်ယူလေ့လာသော လူ့အဖွဲ့အစည်းများတွင်ပါ အသုံးပြုနိုင်အောင် ပုံစံဆွဲထားပါသည်။

နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံး ပါဝင် ပစ္စည်းနှင့် အရည်အသွေး ရှိသော ဆုရ မီဒီယာစုံသင် သင်ခန်းစာများကို အလွန်ပင် တွက်ချေကိုက်စွာ ပြုစုထုတ်လုပ်ပေးသည့် နည်းစနစ်တစ်ခုကို ကျွန်ုပ်တို့ တိုးတက်ဖွံ့ဖြိုးလာစေခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စာရေးသူများနှင့် အယ်ဒီတာများသည် ဓမ္မပညာပိုင်းဆိုင်ရာ လေ့ကျင့်မှု ရှိထားပြီးသော ပညာပေးသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘာသာပြန်ဆိုသူများသည်လည်း သူတို့၏ ဦးတည် ဘာသာစကားများ၌ ဓမ္မပညာပိုင်းဆိုင်ရာ ကျွမ်းကျင် လိမ္မာသော ဒေသစကားပြောသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ သင်ခန်းစာများတွင်လည်း ကမ္ဘာတလွှားမှ ထောင်ပေါင်းများစွာသော ဂုဏ်အသရေ ရှိ စာသင်တိုက် ပါမောက္ခများနှင့် သင်းအုပ်ဆရာများ၏ ထိုးထွင်းအမြင်များ ပါဝင်ပါသည်။ ဖြည့်စွက်ပြောရလျှင် ကျွန်ုပ်တို့၏ ရုပ်ပုံ ဒီဇိုင်နာများ၊ ပန်းချီဆရာများ၊ ထုတ်လုပ်သူများသည် လုံးဝဥဿုံ ခေတ်မှီသော ကရိယာများနှင့် နည်းလမ်းများကို သုံး၍ အမြင့်ဆုံး ထုတ်လုပ်မှု ဆိုင်ရာ စံနှုန်းများကို လိုက်နာထားပါသည်။

ကျွန်ုပ်တို့၏ ဖြန့်ချိရေး ဆိုင်ရာ ပန်းတိုင်များကို ပြီးမြောက်ရန် အတွက် သာ့ဒ်မစ်လ် အနေဖြင့် အသင်းတော်များ၊ စာသင်တိုက်များ၊ ကျမ်းစာကျောင်းများ၊ သာသနာပြုများ၊ ခရစ်ယာန် အသံလွှင့်သူများ၊ ဂြိုလ်တု ရုပ်မြင်သံကြား ဝန်ဆောင်မှုပေးသူများ၊ အခြားသော အဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော မိတ်ဖက်ဖြစ်မှုကို အခိုင်အမာ ပြုလုပ်ထားပါသည်။ ဤ ဆက်နွယ်မှုများကြောင့် ဒေသခံခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ စာသင်တိုက် စာသင်သားများသို့ ဗီဒီယို သင်ခန်းစာ အမြောက်အများကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ သည်လည်း ဖြန့်ချိရေး လမ်းကြောင်းများ အဖြစ် အသုံးတည့်နေသလို သင်၏ ကိုယ်ပိုင် လေ့လာသင်ယူ လူ့အဖွဲ့အစည်းကို မည်သို့ စတင်ရမည် ဆိုသည်နှင့် သက်ဆိုင်သည့် သင်ခန်းစာ ပစ္စည်းများ အပါအဝင် ကျွန်ုပ်တို့၏ သင်ခန်းစာများကို ထပ်ဆောင်းဖြည့်ဆည်းပေးရန် အတွက် နောက်ထပ် လိုအပ်သော ပစ္စည်းများကိုလည်း ပေးကမ်းပါသည်။

ငယ်ရွယ်သောကလေးတို့သည် ၎င်းတို့အမှန်တကယ်သိသည်ထက် များစွာသိသည်ဟု မိမိကိုယ် ကိုထင်တတ်ကြသည်ကို ကျွန်ုပ်တို့အားလုံးသိကြပါသည်။ သူတို့၏မိခင်များထမင်းချက်နေသည်ကို ကြည့်ပြီး၊ အနည်းငယ်ကူညီခြင်းဖြင့်၊ ၎င်းတို့ကိုယ်တိုင်ချက်ပြုတ်နိုင်သည်ဟု ယူဆကြသည်။ သူတို့ဖခင် များအလုပ်လုပ်နေသည်ကိုကြည့်ပြီး၊ တစ်ခါတစ်ရံကူညီခြင်းဖြင့်၊ ဖခင်များသိသမျှကို သူတို့လည်းသိ သည်ဟု ထင်တတ်ကြသည်။ သို့သော် တစ်ချိန်ချိန်တွင်၊ ကလေးများသည် သူတို့စဥ်းစားဖူးသည်ထက် လေ့လာသင်ယူစရာများစွာရှိကြောင်းကို သိလာလေ့ရှိပါသည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ၊ သမ္မာကျမ်းစာအနက်ပြန်ခြင်းကဲ့သို့သော အရေးကြီးသည့်အရာ တစ်စုံတစ်ခုနှင့်ပတ်သက်လာလျှင် အရွယ်ရောက်ပြီးသူများသည်ပင် တူညီသောအမှားကို ပြုလုပ်လေ့ ရှိသည်။ ကျွန်ုပ်တို့အများစုသည် ကျွန်ုပ်တို့၏ကျမ်းစာများကို ပုံမှန်ဖတ်ကြသည်။ ကျွန်ုပ်တို့ထဲမှ အချို့တို့ သည် နှစ်ပေါင်းများစွာပြုလုပ်နေခဲ့ကြသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုလိုက်နာကျင့် သုံးရန် သမ္မာကျမ်းစာနှင့်ပတ်သက်၍အနက်ပြန်ခြင်းကိုလုံလောက်စွာသိသည်ဟု မကြာခဏယူဆတတ် ကြသည်။ သို့သော် သမ္မာကျမ်းစာဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ရိုးရှင်းလွယ်ကူသည်ဟု ထင်မြင်နိုင် သည့်အရာများအနက်မှ တစ်ခုဖြစ်သည်။ ကျမ်းစာအနက်ပြန်ခြင်းတွင်ပါ၀င်သည့်အရာများကို သေချာ ပြန်လည်သုံးသပ်ရန် အချိန်ယူသောအခါ၊ ကျွန်ုပ်တို့စဥ်းစားဖူးသည်ထက် လေ့လာသင်ယူစရာ များစွာရှိ ကြောင်း မြင်တွေ့လေ့သည်။

ဤသည်မှာ ကျွန်ုပ်တို့အား သူကျမ်းစာပေးခဲ့သည် အခန်းဆက်ဆောင်းပါးမှ ပထမဆုံးသင်ခန်းစာ ဖြစ်သည်။ ဤအနက်ပြန်ခြင်းဆိုင်ရာအခြေခံအုတ်မြစ်များ အခန်းဆက်ဆောင်းပါးတွင်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအနက်ဖွင့်ဆိုချက်နှင့် သမ္မာကျမ်းစာကို နားလည်နိုင်စွမ်းတိုးတက်စေမည့် နည်းလမ်းများ နှင့်ပတ်သက်၍ အရေးကြီးသောရှုမြင်သုံးသပ်ချက်များကို လေ့လာပါမည်။ ကျွန်ုပ်တို့သည် ဤသင်ခန်း စာကို “သမ္မာကျမ်းစာအနက်ပြန်ခြင်းမိတ်ဆက်” ဟု ခေါင်းစဉ်တပ်ထားပါသည်။ ဤသင်ခန်းစာသည် စစ်မှန်ပြီး ပညာရပ်ဆိုင်ရာကျမ်းစာအနက်ပြန်ဆိုမှုအတွက် အခြေခံမူဘောင်ကို မိတ်ဆက်ပေးမည်ဖြစ် သည်။

သမ္မာကျမ်းစာအနက်ပြန်ခြင်းမိတ်ဆက်ကို အဓိကအပိုင်းသုံးပိုင်းခွဲပါမည်။ ဦးစွာ၊ အရေးကြီး သောအသုံးအနှုန်းအချို့ကို မိတ်ဆက်ခြင်းဖြင့် ကျွန်ုပ်တို့၏ဘာသာရပ်နှင့်ပတ်သက်သည့် ဦးတည်ချက် ရရှိစေပါမည်။ ဒုတိယ၊ သမ္မာကျမ်းစာအား ပညာရပ်ဆိုင်ရာကျမ်းစာအနက်ပြန်ခြင်းကို ဖော်ပြသည့် “သိပ္ပံနည်းကျ” ချဉ်းကပ်နည်းများကို ကျွန်ုပ်တို့လေ့လာပါမည်။ တတိယ၊ ပညာရပ်ဆိုင်ရာ ရိုးရာချဉ်းကပ် မှုများနှင့်ဆက်စပ်၍ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအနက်ပြန်ခြင်းအား အသုံးပြုခြင်း၏တန်ဖိုးကို ကြည့်ရှုပါ မည်။ အရေးကြီးသောအသုံးအနှုန်းအချို့ဖြင့် စတင်ကြပါစို့။

အဓိကအသုံးအနှုန်းများကို နားလည်မှုလွဲမှားခြင်းသည် မည်သည့်ဆွေးနွေးမှုတွင်မဆို ရှုပ်ထွေးမှု ဖြစ်စေနိုင်သည်။ ထို့ကြောင့်ကျွန်ုပ်တို့၏လေ့လာမှုတွင် အသုံးအနှုန်းများစွာကို မိတ်ဆက်ပေးပါမည်။ ဦးစွာ၊ သမ္မာကျမ်းစာအနက်ပြန်ခြင်း၏ဆိုလိုရင်းကို ဆန်းစစ်ပါမည်။ ဒုတိယ၊ အနက်ပြန်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်သုံးခုကို ကျွန်ုပ်တို့ကြည့်ပါမည်။ သမ္မာကျမ်းစာအနက်ပြန်ခြင်းအယူအဆကို ရှေးဦးစွာ ကြည့်ကြပါစို့။

“အနက်ပြန်ခြင်း” သည်ဓမ္မပညာနှင့် သမ္မာကျမ်းစာလေ့လာမှုများတွင် အသုံးများသော စကားလုံး ဖြစ်သော်လည်း၊ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ၎င်းကိုအသုံးပြုခြင်းမရှိပါ။ “အနက်ပြန်ခြင်း”ဟူ သော စကားလုံးသည် “Hermes” ဟူသော ဂရိအသုံးအနှုန်းမှ ဆင်းသက်လာသည်ကို ကျွန်ုပ်တို့ သတိပြု မိကြမည်ဖြစ်သည်။ စကားလုံးကိုယ်တိုင်သည်ကြိယာ hermeneuo နှင့်ဆက်စပ်သော ဂရိစကားလုံးမှ ဆင်းသက်လာသည်၊ ဆိုလိုသည်မှာ "အဓိပ္ပာယ်ဖွင့်ဆိုခြင်း" သို့မဟုတ် "ရှင်းပြသည်"ဟူ၍ဖြစ်သည်။ ထို့ကြောင့် အကျယ်တဝင့်ပြောရလျှင် အနက်ပြန်ခြင်းကိုရည်ညွှန်းသည့်အခါ၊ သတင်းစကား သို့မဟုတ် ဆက်သွယ်မှုတစ်မျိုးမျိုး၏အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် ရှင်းပြချက်သည် ကျွန်ုပ်တို့၏စိတ်ထဲတွင် ရှိနေပါသည်။

၁၇၆၈ မှ ၁၈၃၄ ထိအသက်ရှင်ခဲ့သော Friedrich Schleiermacher အား ခေတ်သစ်အနက်ပြန် ခြင်း၏ဖခင်ဟု ခေါ်ဝေါ်လေ့ရှိသည်။ ၁၈၁၉ ခုနှစ်တွင် သူသည် စာပေအားလုံးကို နားလည်ရန်အတွက် ပေါင်းစည်းထားသော သီအိုရီတစ်ခုဖြစ်သည့် "ယေဘူယျအနက်ပြန်ခြင်း" လိုအပ်ကြောင်း ပြောခဲ့သည်။ ကျွန်ုပ်တို့သည် မတူညီသောဘာသာရပ်များကို ၎င်းတို့၏ကိုယ်ပိုင်ထူးခြားသောအနက်ပြန်ခြင်းဖြင့် ချဉ်းကပ်သင့်ကြောင်း သူအသိအမှတ်ပြုခဲ့သော်လည်း၊ အနက်ပြန်ခြင်းအားလုံးသည် ဘုံအဓိပ္ပာယ်ဖွင့် ဆိုချက်နည်းလမ်းကို မျှဝေသင့်ကြောင်းကို သူငြင်းဆိုသည်။

နှစ်ဆယ်ရာစုအကုန်တွင်၊ အနက်ပြန်ခြင်းလုပ်ငန်းစဉ်များသည် ပညာရပ်နယ်ပယ်များစွာ၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်လာသောကြောင့် ယေဘူယျအနက်ပြန်ခြင်း၏လိုအပ်မှုကို ဦးဆောင် ပညာရှင်များက မြင်ခဲ့ကြသည်။ ယနေ့ခေတ်တွင်၊ အနက်ပြန်ဆွေးနွေးမှုများသည် ဒဿနိကဗေဒ၊ စာပေနှင့် အနုပညာဆိုင်ရာတို့တွင် ထွက်ပေါ်လာသည်။ အနက်ပြန်ခြင်းသည် စိတ်ပညာ၊ လူမှုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒကဲ့သို့သော နယ်ပယ်များတွင်ပင် အသုံးဝင်သည်။ ဤနယ်ပယ်များတွင်ရှိသော ဦးဆောင်ပုဂ္ဂိုလ်များစွာသည် ၎င်းတို့၏ ဘာသာရပ်များတွင် လေ့လာသောအရာများ၏အဓိပ္ပါယ်ကို အဓိပ္ပာယ်ပြန်ဆိုခြင်း မည်မျှပါဝင်သည်ကို ပိုမိုသိရှိလာသောကြောင့် ဤချဲ့ထွင်မှုသည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဤသင်ခန်းစာ၏ခေါင်းစဉ် အကြံပြုထားသည့်အတိုင်း၊ ကျွန်ုပ်တို့သည် ကျမ်းစာ၏ရည်ရွယ်ချက် နှင့် အဓိပ္ပါယ်အပေါ်အနက်ပြန်ဆိုခြင်းအား လေ့လာခြင်းဖြစ်သည့် သမ္မာကျမ်းစာအနက်ပြန်ခြင်းကို အဓိကစိတ်ဝင်စားပါသည်။ အကယ်၍သင်သည် သမ္မာကျမ်းစာကိုဖတ်ရှုဖူးပါက၊ သမ္မာကျမ်းစာအနက် ပြန်ခြင်း အယူအဆများထဲတွင် အနည်းဆုံးအလွတ်သဘောဖြင့် သင်ကိုယ်တိုင် ပါဝင်ပတ်သက်နေပါ သည်။ သမ္မာကျမ်းစာနှင့် အလွတ်သဘောချဉ်းကပ်နည်းများသည် အလွန်တန်ဖိုးရှိပြီး၊ ဤသင်ခန်းစာများ သည် ကျွန်ုပ်တို့အများစုနားလည်ပြီးသားဖြစ်သည့်အရာအပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် အလွတ်သဘောအနက်ပြန်ခြင်းကိုကျော်လွန်ပြီး၊ သမ္မာကျမ်းစာအား ပညာရပ် ဆိုင်ရာအနက်ပြန်ခြင်းတွင် ရှေ့ဆုံးသို့ရွေ့လျားနေသည့် ပြဿနာအမျိုးအစားများကို လေ့လာပါမည်။

ယေဘုယျအနက်ပြန်ခြင်းနှင့် သမ္မာကျမ်းစာအနက်ပြန်ခြင်းအကြား ကွဲပြားခြားနားချက်နှင့် နှိုင်းယှဉ်မှုတစ်ခုပြုလုပ်ရန် အထောက်အကူ ဖြစ်စေပါသည်။ ယေဘူယျအနက်ပြန်ခြင်းနှင့် သမ္မာကျမ်းစာတွင် ကြိယာတစ်ခု၏လုပ်ဆောင်ချက်အယူအဆသည် တူညီပါသလား။ ဝါစင်္ဂအစိတ်အပိုင်းများသည် အဘယ်နည်း။ သဒ္ဒါ၊ အထားအသိုဟူသည် အဘယ်နည်း။ စာရေးဆရာသည် ၎င်းစကားလုံးများကိုရေးသည့်အခါ အဘယ်အရာကိုဆိုလိုကြောင်း ကျွန်ုပ်တို့မည်သို့ဆုံးဖြတ်မည်နည်း။ သို့သော် သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပြီး၊ ၎င်းသည် အခွင့်အာဏာရှိကာ ဘုရားသခင်ကိုကျွန်ုပ်တို့အား ဖော်ပြသောကြောင့် အဓိကအားဖြင့်သမ္မာကျမ်းစာအနက်ပြန်ခြင်းနှင့် သက်ဆိုင်သည့် သီးခြားစည်းမျဉ်းများရှိသည်။ ဘုရားသခင်သည် တစ်ဆူတည်းဖြစ်ပြီး သမ္မာတရားဖြစ်သောကြောင့်၊ သမ္မာကျမ်းစာကိုယ်တိုင်သည် မည်သည့်အခါမျှ ဆန့်ကျင်မည်မဟုတ်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာအနက်ပြန်ခြင်း၏ ထူးခြားချက်ဖြစ်သည့် ထူးခြားသောသွင်ပြင်တစ်ခုမှာ ၎င်းတို့သည် အချင်းချင်း ဆန့်ကျင်ဘက်မပြုဘဲ ပြောဆိုကြသည်ဟူသောယူဆချက်ဖြင့် သမ္မာကျမ်းစာ၏ အချက်အလက်အားလုံးကို အတူတကွဆက်စပ်ဖော်ပြရန် ကြိုးစားခြင်းဖြစ် သည်—ဘုရားသခင်၏ဖွင့်လှစ်ဖော်ပြခြင်း အမျိုးမျိုးရှိနေစဉ်—၎င်းတို့သည် တညီတညွတ်တည်း ပြောဆိုကြသည်။

— Rev. Mike Glodo

သမ္မာကျမ်းစာအနက်ပြန်ခြင်း၏ဆိုလိုရင်းကို စိတ်တွင်မှတ်သားထားပြီး၊ ဒုတိယအရေးကြီးသော အသုံးအနှုန်းဖြစ်သည့် အနက်ပြန်ခြင်းဆိုင်ရာလုပ်ငန်းစဉ်—သမ္မာကျမ်းစာကို အနက်ပြန်ဆိုရာတွင် လိုက်နာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းစဉ်များကို လေ့လာသင့်သည်။

ဤအခန်းဆက်ဆောင်းပါးတစ်လျှောက်တွင် ကျွန်ုပ်တို့သည် ပြင်ဆင်ခြင်း၊ စူးစမ်းလေ့လာခြင်း နှင့် ကျင့်သုံးခြင်းဆိုင်ရာ အဓိကအနက်ပြန်ခြင်းလုပ်ငန်းစဉ်သုံးရပ်အကြောင်းကို လေ့လာပါမည်။ ဤလုပ်ငန်းစဉ်များသည် သမ္မာကျမ်းစာအနက်ပြန်ခြင်းအတွက် အလွန်အရေးကြီးသောကြောင့် ဤ အခန်းဆက်ဆောင်းပါးရှိသင်ခန်းစာတစ်ခုစီသည် ဤအမျိုးအစားသုံးမျိုးအနက်မှ တစ်ခုနှင့်သက်ဆိုင် မည်ဖြစ်သည်။ ပြင်ဆင်ခြင်းကို ဦးစွာကြည့်ကြပါစို့။

ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏အပိုင်းတစ်ပိုင်းကို အနက်ပြန်ဆိုခြင်းမပြုမီ အနက်ပြန်ဆိုခြင်း ဆိုင်ရာပြင်ဆင်ခြင်းလုပ်ငန်းစဉ်အား လုပ်ဆောင်ပါသည်။ မှန်ပါသည်၊ ၎င်းသည်သမ္မာကျမ်းစာကို ကျွန်ုပ် တို့အကြိမ်ကြိမ်ဖတ်ပြီး လေ့လာသောကြောင့် ထပ်ခါတလဲလဲပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။ အလွန်အရေးကြီးသောသဘောအရ၊ သမ္မာကျမ်းစာကို ကျောက်ပြားအလွတ်တစ်ခု tabula rasa အဖြစ် မည်သူမျှမသိဖူးသောကြောင့် ပြင်ဆင်ခြင်းသည် ရှောင်လွှဲ၍မရပါ။ ကျွန်ုပ်တို့အားလုံးသည် လွှမ်းမိုး ထားသောအယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုအမျိုးမျိုးဖြင့် သမ္မာကျမ်းစာကို ချဉ်းကပ်ကြ သည်။ ကျွန်ုပ်တို့သိရှိသည်ဖြစ်စေ မသိသည်ဖြစ်စေ သမ္မာကျမ်းစာကို စတင်ဖတ်ရှုသည့်အခါတိုင်း၊ သြဇာလွှမ်းမိုးမှုများစွာသည် သမ္မာကျမ်းစာကို ကောင်းစွာကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့ကို အသင့်ပြင် ဆင်ထားပြီးဖြစ်သော်လည်း အခြားသြဇာလွှမ်းမိုးမှုများက သမ္မာကျမ်းစာကို ကောင်းစွာအနက်ဖွင့်ရန် အတားအဆီးများဖန်တီးပေးသည်။ ဤအကြောင်းကြောင့်၊ ဤသင်ခန်းစာများသည် သမ္မာကျမ်းစာကို အနက်ပြန်ရန် မိမိကိုယ်ကိုတတ်နိုင်သမျှ ပြင်ဆင်ခြင်းအတွက် အာရုံစိုက်စေမည်ဖြစ်သည်။

ကျွန်ုပ်တို့သည်ကျမ်းစာလေ့လာရန် မိမိကိုယ်ကိုပြင်ဆင်ရန် သို့မဟုတ် ပြင်ဆင်ရန်လုပ်သင့်သည့်အရာများစွာရှိနေသည်ဟု ကျွန်ုပ်ထင်သည်… ကျမ်းစာလေ့လာခြင်းသည် ခက်ခဲသောအလုပ်ဖြစ်နိုင်သည်။ ကျွန်ုပ်တို့ဆန်းစစ်ရန် လိုအပ်သည့်အသေးစိတ်အချက်များရှိပြီး၊ သမ္မာကျမ်းစာကိုလေ့လာခြင်းအပြင် ဘုရားသခင်၏ဝိညာဉ်တော်ကို နားထောင်ခြင်းဖြင့် ကျွန်ုပ်တို့မှတ်သားထားရမည့် အသေးစိတ် အချက်များစွာရှိသည်။ ထို့ကြောင့်ကျွန်ုပ်တို့သည်ကိရိယာကောင်းများဖြင့် ပြင်ဆင်ထားရန် လိုအပ်သည်။ အခြားသူများရေးထားသည့် အကြောင်းအရာကောင်းများဖြင့် ပြင်ဆင်ထားရန် လိုအပ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဆုတောင်းပြီး ကျွန်ုပ်တို့၏ဘဝတွင် သူ့အားလွတ်လပ်စွာလုပ်ဆောင်ခွင့်ပြုရန် လိုအပ်သည်။သင်သည် ဘုရားသခင်၏စကားသံကိုနားထောင်ရလိမ့်မည်ဖြစ်ပြီး၊ သင့်ဘဝအတွက် ဘုရားသခင်၏စကားသံကို နားထောင်ကာ၊ ထို့နောက် ထိုစကားသံကို အခြားသူများထံလည်း ပေးပို့မည်ဖြစ်သည်။

ဒေါက်တာ Stephen J. Bramer

အနက်ပြန်ခြင်းဆိုင်ရာပြင်ဆင်ခြင်းလုပ်ငန်းစဉ်များအပြင်၊ စူးစမ်းလေ့လာခြင်းလုပ်ငန်းစဉ်ကို လည်း လေ့လာပါမည်။ ကျွန်ုပ်တို့သည် စူးစမ်းလေ့လာခြင်းအကြောင်းပြောသောအခါတွင် သမ္မာကျမ်း စာ၏မူလအဓိပ္ပာယ်ကို အာရုံပြုပါသည်။

အခြေခံအားဖြင့်၊ သမ္မာကျမ်းစာကိုကျွန်ုပ်တို့စူးစမ်းလေ့လာသောအခါ၊ ကျွန်ုပ်တို့၏မျက်မှောက် ခေတ်လောကကိုချန်ထားခဲ့ကာ ပထမဆုံးရေးသားခဲ့သော သမ္မာကျမ်းစာအပိုင်းများ၏အဓိပ္ပာယ်ကို နားလည်သဘောပေါက်ရန် အတတ်နိုင်ဆုံးကြိုးစားကြသည်။ စူးစမ်းလေ့လာခြင်းလုပ်ငန်းစဉ်တွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သမ္မာကျမ်းစာ၏လူသားကျမ်းရေးသူများ ရည်ရွယ်ထားသည့် မူလ အဓိပ္ပာယ်ပေါ်တွင်လည်းကောင်း၊ သမ္မာကျမ်းစာမှတ်တမ်းများနှင့် ကျမ်းဂန်များ၏ မူလပရိသတ်များ အပေါ်တွင်လည်းကောင်း အာရုံစိုက်ထားသည်။ များစွာသောကဏ္ဍများတွင်၊ သမ္မာကျမ်းစာကိုကျွန်ုပ်တို့ ဖတ်ရှုသည့်အခါတိုင်း၊ မူလအဓိပ္ပာယ်ဖြင့်ဖြေရှင်းခြင်းကို အတိုင်းအတာတစ်ခုအထိ ရှောင်လွှဲ၍မရနိုင် ပါ။

ဥပမာ၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို မူလဘာသာစကားများဖြင့် လေ့လာမည်ဆိုပါက ရှေးခေတ်ဟေဗြဲ၊ အာရမိတ်နှင့် ဂရိကျမ်းစာများ၏ဘာသာစကားဆိုင်ရာ သဘောတူညီချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခေတ်သစ်ဘာသာပြန်ကျမ်းကို မှီခိုအားထားသော် လည်း၊ ထိုဘာသာပြန်ကျမ်းသည် ရှေးခေတ်ဝေါဟာရများနှင့် သဒ္ဒါအသုံးအနှုန်းများ၏ အကဲဖြတ်ချက် များအပေါ် အခြေခံထားသည်။ ဤနည်းလမ်းနှင့် အခြားနည်းလမ်းများစွာဖြင့်၊ သမ္မာကျမ်းစာ၏မူလ အဓိပ္ပာယ်သည် ၎င်း၏အနက်ဖွင့်ဆိုချက်အတွက် အမြဲအရေးကြီးပါသည်။ ထို့ကြောင့်၊ စူးစမ်းလေ့လာ ခြင်းလုပ်ငန်းစဉ်ကိုလည်း အလေးထားဆောင်ရွက်ရပါမည်။

အနက်ပြန်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွင် ပြင်ဆင်ခြင်းနှင့် စူးစမ်းလေ့လာခြင်းများသာ ပါ၀င်သည် မဟုတ်၊ ကျင့်သုံးခြင်းလုပ်ငန်းစဉ်လည်း ပါဝင်သည်။

ရိုးရှင်းသောအသုံးအနှုန်းဖြင့်ပြောရလျှင်၊ ကျင့်သုံးခြင်းသည် မူလအဓိပ္ပာယ်အား ခေတ်သစ် ပရိသတ်များနှင့် သင့်လျော်စွာချိတ်ဆက်ပေးခြင်းဖြစ်သည်။ မူလအဓိပ္ပာယ်ကို နားလည်ပြီးသည်နှင့် ကျွန်ုပ်တို့သည် ထောင်စုနှစ်များတစ်လျှောက် ကျွန်ုပ်တို့၏ခေတ်သစ်အခြေအနေသို့ ခရီးနှင်ကြသည်။ ကျင့်သုံးခြင်းတွင်၊ ဘုရားသခင်၏လူများဖြစ်သောကျွန်ုပ်တို့အပေါ် သမ္မာကျမ်းစာ၏ကျင့်သုံးသင့်သည့် နည်းလမ်းများကို ကျွန်ုပ်တို့ ပြန်လည်သုံးသပ်ကြသည်။

အခြားသော အနက်ပြန်ခြင်းဆိုင်ရာလုပ်ငန်းစဉ်ကဲ့သို့ပင်၊ ကျင့်သုံးခြင်းကို လုံးဝရှောင်ရှားရန် မဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာပါကျမ်းပိုဒ်တစ်ခုကို အပေါ်ယံနားလည်ရုံမျှဖြင့်ပင် အတိုင်း အတာတစ်ခုအထိ ကျွန်ုပ်တို့၏တွေးခေါ်မှု၌ ကျင့်သုံးဆဲဖြစ်သည်။ မှန်ပါသည်၊ သမ္မာကျမ်းစာကို နားလည်မှုအရေခြုံခြင်းနှင့် ၎င်းကိုမနာခံခြင်းအကြောင်းကို သမ္မာကျမ်းစာက သတိပေးထားသည်။ ထို့ကြောင့်၊ ဤအခန်းဆက်ဆောင်းပါးတွင် ကျွန်ုပ်တို့သည်သမ္မာကျမ်းစာကို စေ့စပ်သေချာစွာကျင့်သုံး ခြင်းအပေါ် အထူးအာရုံစိုက်ပါမည်။

ဤသင်ခန်းစာများကို လေ့လာစဉ်တွင် ပြင်ဆင်ခြင်း၊ စူးစမ်းလေ့လာခြင်းနှင့် ကျင့်သုံးခြင်းတို့ သည် အပြန်အလှန်အလွန်မှီခိုသောလုပ်ငန်းစဉ်များဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားလုပ်ငန်းစဉ်များတွင် ကောင်းစွာလုပ်ဆောင်နိုင်မှသာ လုပ်ငန်းစဉ်တစ်ခုတွင် ကောင်းစွာလုပ်ဆောင် နိုင်မည်ဖြစ်သည်။ မှန်ပါသည်၊ လူတိုင်းတွင် မတူညီသောစိတ်ဆန္ဒနှင့်စွမ်းရည်များရှိကြပြီး၊ ရလဒ်အနေ ဖြင့်ဤလုပ်ငန်းစဉ်များထဲမှတစ်ခု သို့မဟုတ် နှစ်ခုကိုသာကျွန်ုပ်တို့ အလေးပေးလေ့ရှိသည်။ သို့သော် ပြင်ဆင်ခြင်း၊ စူးစမ်းလေ့လာခြင်းနှင့် ကျင့်သုံးခြင်းတို့၏အပြန်အလှန်မှီခိုမှုတို့သည် နယ်ပယ်သုံးရပ်စလုံး တွင် ကျွန်ုပ်တို့၏စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် သတိပေးပါသည်။

ယခု ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအနက်ပြန်ခြင်းမိတ်ဆက်တွင် အရေးကြီးသော အသုံးအနှုန်း အချို့ကို ရှင်းပြထားပြီး၊ ဒုတိယအဓိကအကြောင်းအရာဖြစ်သော သိပ္ပံနည်းကျအနက်ပြန်ခြင်း—ရာစုနှစ် များတစ်လျှောက် ကျမ်းစာပညာရှင်များသည် သိပ္ပံနည်းကျလေ့ကျင့်ခန်းတစ်ခုကဲ့သို့ ကျမ်းစာအနက်ပြန် ခြင်းကို ပိုမို၍မည်သို့ချဉ်းကပ်လာခဲ့ကြပုံကိုလေ့လာသင့်သည်။

အတိုင်းအတာတစ်ခု သို့မဟုတ် အခြားတစ်ခုအတွက်၊ သမ္မာကျမ်းစာအနက်ပြန်ခြင်းသည် သိပ္ပံနည်းကျအနှစ်သာရတစ်ခု အမြဲရှိခဲ့ပြီး၊ ဤသဘောထားသည် အခြားသော ဘာသာရပ်များစွာတွင် ပါရှိသည့်အတိုင်း ထောင်စုနှစ်များတစ်လျှောက် ကြီးထွားလာခဲ့သည်။ ဤတိုးတက်မှုများ၏အကြောင်း ရင်းသည် လုံလောက်မှုရှိသည်မှာ ရှင်းပါသည်။ သမ္မာကျမ်းစာကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာ၌ အသက်ရှင်ခဲ့သူများမှ ရေးသားခဲ့သည်။ ထို့ကြောင့်၊ နည်းလမ်းများစွာတွင်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ ကိုရှေးခေတ်ကမ္ဘာ၏အခြားအရေးအသားများကဲ့သို့ပင် မှန်ကန်စွာသဘောထားပါသည်။ ပညာရှင်များ စွာသည်သမ္မာကျမ်းစာကို သမိုင်းကြောင်းဆိုင်ရာရှုမြင်ပုံဖြင့် ကိုင်တွယ်အသုံးပြုကြသောကြောင့်၊ သူတို့ သည် ရှေးဟောင်းသုတေသန၊ သမိုင်း၊ မနုဿဗေဒ၊ လူမှုဗေဒနှင့် ဘာသာဗေဒကဲ့သို့သော သိပ္ပံဘာသာ ရပ်များအဖြစ် မကြာခဏ မှတ်ယူကြပါသည်။ ဤကြိုးပမ်းမှုများနှင့် အခြားသော သိပ္ပံနည်းကျ ကြိုးပမ်း မှုများတွင်ကဲ့သို့ပင်၊ ပညာရပ်ဆိုင်ရာ သမ္မာကျမ်းစာအနက်ပြန်သူများသည် အချက်အလက်မှန် သို့မဟုတ် ကျိုးကြောင်းဆီလျော်သော သိပ္ပံနည်းကျနည်းလမ်းများကို သမ္မာကျမ်းစာအတွက်အသုံးပြုခဲ့ ကြသည်။

မည်သည့်အရာဆိုလိုသည်ကိုသိနိုင်ရန်၊ သိပ္ပံနည်းကျအနက်ပြန်ခြင်းဆိုင်ရာ ပြသနာသုံးခုကို ဆွေးနွေးပါမည်။ ဦးစွာ၊ ဤချဉ်းကပ်မှု၏တရားဝင်မှုကို ၎င်း၏သမ္မာကျမ်းစာအရင်းအမြစ်များကို သတိပြုခြင်းဖြင့် ကျွန်ုပ်တို့ထောက်ပြပါမည်။ ဒုတိယ၊ ကျွန်ုပ်တို့သည် ဤအနက်ပြန်ခြင်းအမျိုးအစား၏ တိုးတက်မှုများကို သရုပ်ဖော်ပြသည့် သမိုင်းဆိုင်ရာဥပမာအချို့ကိုကျွန်ုပ်တို့ ဖော်ပြပါမည်။ တတိယ၊ သမ္မာကျမ်းစာအား ဤချဉ်းကပ်နည်းသည် အဓိပ္ပာယ်ပြန်ဆိုခြင်းလုပ်ငန်းစဉ်များအတွက် အချို့သော ဦးစားပေးမှုများကို မည်သို့တည်ဆောက်ထားသည်ကို ကျွန်ုပ်တို့ မြင်တွေ့ရမည်ဖြစ်သည်။ သိပ္ပံနည်းကျ အနက်ပြန်ခြင်းဆိုင်ရာ သမ္မာကျမ်းစာအရင်းအမြစ်များအား ဦးစွာကြည့်ကြပါစို့။

သမ္မာကျမ်းစာခေတ်တွင် အသက်ရှင်သူများသည် ခေတ်သစ်သိပ္ပံပညာရှင်များမဟုတ်ကြပါ။ သို့သော် ၎င်းသည် အသိဉာဏ်ကင်းမဲ့သောသူများ သို့မဟုတ် ဆင်ခြင်တုံတရားမဲ့သူများဖြစ်သည်ဟု မဆိုလိုပါ။ ဆန့်ကျင်ဘက်တွင်၊ ၎င်းတို့၏ခေတ်မီဆန်းပြားသော ဗိသုကာဆိုင်ရာအောင်မြင်မှုများ၊ ကျယ်ပြန့်သော ရေကြောင်းခရီးသွားခြင်း၊ ဆန်းသစ်သောစိုက်ပျိုးရေးအစီအစဉ်များနှင့် မရေမတွက်နိုင် သော အခြားယဉ်ကျေးမှုအောင်မြင်မှုများသည် ခေတ်သစ်သိပ္ပံပညာရှင်များကဲ့သို့ ကျမ်းစာခေတ်မှလူတို့ သည် ကမ္ဘာကြီးနှင့်ပတ်သက်၍ အချက်အလက်များကို ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်ကြကြောင်း သက်သေပြနေသည်။

ဤအကြောင်းကြောင့်၊ ကျမ်းရေးသူများကိုယ်တိုင် အခြားသောကျမ်းများကို အချက်အလက်မှန် နှင့် ကျိုးကြောင်းဆီလျော်သော လေ့လာဆန်းစစ်မှုဦးတည်ချက်ဖြင့် မကြာခဏ အနက်ပြန်ဆိုကြသည်ကို ကျွန်ုပ်တို့ မအံ့သြသင့်ပါ။ အချိန်ကိုထောက်၍၊ ကျွန်ုပ်တို့ မည်သည့်အရာဆိုလိုသည်ကို ကျမ်းပိုဒ်တစ်ပိုဒ်တည်းဖြင့် ဖော်ပြကြပါစို့။ ရောမ ၄း၃-၅ တွင် တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်_

ကျမ်းစာ၌ အဘယ်သို့လာသနည်း။ “အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။” အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့်အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သော အားဖြင့်ခံရ၏။ အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏ (ရောမ ၄း၃-၅)။

ဤအခန်းငယ်များတွင်၊ အာဗြဟံသည် ဘုရားသခင်၏ကတိတော်ကို ယုံကြည်သောအခါ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်းကို “အသိအမှတ်ပြု” ပေးခဲ့သည့် ကမ္ဘာဦးကျမ်း ၁၅:၆ ကို ပေါလုကိုးကားဖော်ပြခဲ့သည်။ သို့သော် ပေါလုသည် ဤဓမ္မဟောင်းကျမ်းပိုဒ်ကို နည်းလမ်းတကျ မည်သို့အသုံးပြုခဲ့သည်ကို သတိပြုပါ။ အခန်းငယ် ၄ နှင့် ၅ တွင် ပေါလုသည် “မှတ်လျက်” သို့မဟုတ် “ရေတွက်သည်”ဟုအနက်ပြန်နိုင်သည့် ဂရိဝေါဟာရ logizomai ၏အဓိပ္ပာယ်ကို ဂရုတစိုက်ခွဲခြမ်း စိတ်ဖြာခဲ့သည်။ သူ၏ဂရိဘာသာစကားကို တတ်ကျွမ်းနားလည်မှုအရ၊ “အဖိုးအခကို လက်ဆောင်အဖြစ် မသတ်မှတ်ဘဲ၊ တာဝန်တစ်ရပ်အနေဖြင့်” မှတ်ယူခဲ့သည်။ သို့သော် ဘုရားသခင်ကိုယုံကြည်ကိုးစား သူတိုင်းအတွက် ၎င်းတို့၏ “ယုံကြည်ခြင်း”—အကျင့်မဟုတ်—ကို“ဖြောင့်မတ်ခြင်း” အဖြစ် သူမှတ်သား ခဲ့သည်။ ထို့ကြောင့်၊ အာဗြဟံသည်ယုံကြည်သောကြောင့် အခမဲ့လက်ဆောင်အဖြစ် ဖြောင့်မတ်ခြင်းကို ပေးအပ်ခြင်းခံရကြောင်း ကမ္ဘာဦးကျမ်း ၁၅:၆ တွင်ဖော်ပြသော ဤအကြောင်းပြချက်၏အခြေခံအားဖြင့် သူနိဂုံးချုပ်ခဲ့သည်။ တမန်တော်ပေါလုသည် ကမ္ဘာဦးကျမ်း ၁၅ ကိုအချက်အလက်မှန်နှင့် ကျိုးကြောင်းဆီ လျော်သော လေ့လာဆန်းစစ်မှုဖြင့် စေ့စပ်သေချာစွာကိုင်တွယ်ဖြေရှင်းခဲ့သည်ကို ဤနေရာတွင် မြင်တွေ့ ရန် မခဲယဉ်းပါ။

ဤဥပမာတစ်ခုသရုပ်ဖော်ပြထားသည့်အတိုင်း၊ ကျမ်းရေးသူများသည် သမ္မာကျမ်းစာအား ဤ ကဲ့သို့သော ဂရုတစိုက်အနက်ပြန်မှုကို အကြိမ်ကြိမ်ဖော်ပြကြသည်။ ထို့ပြင် သမ္မာကျမ်းစာကို သူတို့၏ ချဉ်းကပ်ပုံအရ သိပ္ပံနည်းကျသမ္မာကျမ်းစာအနက်ပြန်ခြင်းသည် ၎င်းတို့ကိုယ်တိုင် သမ္မာကျမ်းစာ၌ အခိုင်အမာ အမြစ်တွယ်နေကြောင်း ညွှန်ပြနေသည်။

သိပ္ပံနည်းကျအနက်ပြန်ခြင်း၏ အရင်းအမြစ်များကို စိတ်ထဲတွင် မှတ်သားထားခြင်းဖြင့်၊ ဤကဲ့ သို့သော သမ္မာကျမ်းစာအနက်ပြန်ခြင်း၏သမိုင်းဆိုင်ရာဥပမာအချို့ကို အကျဉ်းချုံးကြည့်ကြပါစို့။

ရှေးဘိုးဘေးတို့ခေတ်အတွင်း၊ ကျမ်းစာအနက်ပြန်ဆိုခြင်းတွင် သြဇာအရှိဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးမှာ အလက်ဇန္ဒြီးယားမှ Origen ဖြစ်သည်။ သူသည် အေဒီ ၁၈၅ မှ ၂၅၄ အတွင်း အသက်ရှင်ခဲ့ သည်။ ဤသင်ခန်းစာတွင်ကျွန်ုပ်တို့နောက်ပိုင်းမြင်တွေ့ရသည့်အတိုင်း၊ Origen သည်သိပ္ပံနည်းကျ အဓိပ္ပာယ်ဖွင့်ဆိုခြင်းထက် ကျော်လွန်သော်လည်း သမ္မာကျမ်းစာကိုအချက်အလက်မှန်နှင့် ကျိုးကြောင်း ဆီလျော်စွာ ပိုင်းခြားစိတ်ဖြာခြင်းအတွက် သူ့ကိုယ်သူ မြှုပ်နှံထားသည်။ ဥပမာအားဖြင့်၊ Origen ၏ အကြီးကျယ်ဆုံးသောအောင်မြင်မှုများထဲမှတစ်ခုမှာ Hexapla ကိုဖန်တီးခြင်းဖြစ်ပြီး၊ Origen သည် ဓမ္မဟောင်းကျမ်း၏ ဟေဗြဲနှင့်ဂရိဘာသာပြန်ကျမ်းအမျိုးမျိုးတို့ကို စကားလုံးတစ်လုံးချင်း နှိုင်းယှဉ်ကာ အတွဲပေါင်း ၅၀ ကျော်ရှိသော စာမျက်နှာ ၆,၀၀၀ စာအုပ်ဖြင့် ရေးသားဖော်ပြခဲ့သည်။ ဤလုပ်ဆောင် ချက်သည် ရာစုနှစ်များစွာကြာပြီးနောက် ပျောက်ဆုံးသွားသော်လည်း၊ ၎င်းသည် ကနဦးအသင်းတော် သမိုင်းတွင် သိပ္ပံနည်းကျ သမ္မာကျမ်းစာအနက်ပြန်ဆိုခြင်း၏ မှတ်သားဖွယ်သာဓကကို ကိုယ်စားပြုနေ ဆဲဖြစ်သည်။

Origen ခေတ်နောက်ပိုင်းတွင် သမ္မာကျမ်းစာအား သိပ္ပံနည်းကျ ချဉ်းကပ်မှုများဖော်ထုတ်ခြင်း ဆိုင်ရာအခြားထင်ရှားသောဥပမာများ ထွက်ပေါ်လာသည်။ ဥပမာအားဖြင့်၊ အေဒီ ၃၅၄ မှ ၄၃၀ တွင် နေထိုင်ခဲ့သော Hippo အရပ်မှ Augustine သည်သမ္မာကျမ်းစာကိုဂရုတစိုက်၊ မကြာခဏ ဝီရိယ စိုက်ထုတ်ကာ အချက်အလက်မှန်နှင့် ကျိုးကြောင်းဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာခြင်းအပေါ် ဆက်လက် အာရုံစိုက်ခဲ့သည်။ ၁၂၂၅ မှ ၁၂၇၄ ခုနှစ်ဝန်းကျင်တွင်နေထိုင်သော Thomas Aquinas ၏အချိန်ကာလ တွင်၊ အနောက်တိုင်းခရစ်ယာန်ဘာသာ၏သမ္မာကျမ်းစာအနက်ပြန်ခြင်းအတွက် အဓိကကျသောအချက် သည် Aristotle ၏ဆင်ခြင်တုံတရား၊ သိပ္ပံဆိုင်ရာအတွေးအခေါ်၏လွှမ်းမိုးမှုကိုထင်ဟပ်စေသည်။ Aquinas နှင့် သူ၏နောက်လိုက်များသည် သမ္မာကျမ်းစာအား လက်တွေ့ကျပြီး ကျိုးကြောင်းဆီလျော်စွာ အသုံးပြုခဲ့ကြသည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ၊ ယခုအချိန်အထိ အသင်းတော်သမိုင်းတွင် စာတတ်မြောက်မှုနှုန်း နည်းပါးခြင်းနှင့် သမ္မာကျမ်းစာနှင့် အခြားစာအုပ်များကို တွင်ကျယ်စွာ မရရှိနိုင်ပါ။ ထို့ကြောင့်၊ အခွင့်ထူး ခံလူနည်းစုသာ သမ္မာကျမ်းစာကို အမှန်တကယ်လေ့လာနိုင်ကြသည်။ ရလဒ်မှာ၊ အသင်းတော်အာဏာပိုင် များသည် သမ္မာကျမ်းစာကို သာမာန်လူများနားလည်ပုံကို ထိန်းချုပ်ထားသည်။ သို့သော် ဤအခြေအနေ တွင်၊ ပညာရှင်များစွာသည် အသင်းတော်၏လွှမ်းမိုးမှုမပါဘဲ ပို၍ဆန်းပြားသော သိပ္ပံနည်းကျခွဲခြမ်းစိတ် ဖြာမှုမှတစ်ဆင့် သမ္မာကျမ်းစာကို အဓိပ္ပာယ်ဖွင့်ဆိုလာကြသည်။

ဤဦးတည်ချက်အတွက် အစောဆုံးခြေလှမ်းများထဲမှ တစ်ခုမှာ ပြန်လည်ထူထောင်ရေးကာလ အတွင်း ဖြစ်ပျက်ခဲ့သည်။ ၁၂၀၄ ခုနှစ်တွင် စတုတ္ထခရူးဆိတ်စစ်ပွဲတွင် ကွန်စတန်တီနိုပယ်ကို သိမ်းပိုက် ပြီးနောက်၊ သိမ်းဆည်းထားသော ဂန္တဝင်စာပေနှင့် ကျမ်းစာလက်ရေးစာမူအများအပြားကို အနောက်နိုင်ငံ သို့ ယူဆောင်လာခဲ့သည်။ သို့သော် ဤရှေးဟောင်းကျမ်းများ၏ အရေးပါမှုကို အသင်းတော်အယူဝါဒ၏ အမြင်များမှတစ်ဆင့် အဓိပ္ပာယ်ပြန်ဆိုမည့်အစား၊ ပြန်လည်ထူထောင်ရေး ပညာရှင်များသည် ဤကျမ်း များ၏သဒ္ဒါနှင့် ရှေးဟောင်းသမိုင်းဆိုင်ရာ အကြောင်းအရာများကို သေချာစွာခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ၎င်းတို့ကို နားလည်ရန်ဆည်းပူးခဲ့ကြသည်။ ၁၄၅၀ ခုနှစ်ဝန်းကျင်တွင် စတင်အသုံးပြုခဲ့သော Gutenberg ၏ရွေ့လျားနိုင်သော ပုံနှိပ်စက်၏အကူအညီဖြင့်၊ မကြာမီတွင် ပြန်လည်ထူထောင်ရေးဆိုင်ရာ သုတေသန သည်တွင်ကျယ်လာခဲ့သည်။ ရလဒ်အနေနှင့် ၁၄၆၆ မှ ၁၅၃၆ ခုနှစ်အထိ အသက်ရှင်ခဲ့သော Erasmus ကဲ့သို့သော သြဇာကြီးမားသောပုဂ္ဂိုလ်များသည် သူတို့ခေတ်တွင် လူများစွာကို ကျမ်းစာအနက်ပြန်ခြင်း နှင့်ပတ်သက်၍ သိပ္ပံနည်းကျချဉ်းကပ်မှုများဆီသို့ ဦးတည်စေခဲ့သည်။

၁၆ ရာစုတွင် ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးသည် သိပ္ပံနည်းကျသမ္မာကျမ်းစာအနက်ပြန် ခြင်းကို ပို၍ယူဆောင်လာခဲ့သည်။ ပြန်လည်ထူထောင်ရေး၏လမ်းစဉ်ကိုလိုက်ခြင်းဖြင့်၊ Martin Luther, Ulrich Zwingli နှင့် John Calvin တို့ကဲ့သို့သော ကနဦးပရိုတက်စတင့်ခေါင်းဆောင်များသည် ကျမ်းစာ အနက်ပြန်ဆိုခြင်းအပေါ် အသင်းတော်အယူဝါဒလွှမ်းမိုးမှုကို ပြင်းထန်စွာ ငြင်းပယ်ခဲ့သည်။ ၎င်းအစား၊ သမ္မာကျမ်းစာ၏အဓိပ္ပာယ်ကို သမ္မာကျမ်းစာ၏သဒ္ဒါနှင့် သမိုင်းဆိုင်ရာအကြောင်းအရာများကို ခွဲခြမ်း စိတ်ဖြာခြင်းဖြင့်သာ ဆုံးဖြတ်သင့်သည်ဟု သူတို့ အလေးပေးဖော်ပြခဲ့သည်။

ကနဦးပရိုတက်စတင့်များသည် ဤအလေးထားမှုကို “သမ္မာကျမ်းစာတစ်ခုတည်း” Sola Scriptura ဟူသော လူသိများသောအယူဝါဒနှင့် တွဲဖက်ထားကြောင်းမှတ်သားထားရန် အရေးကြီးသည်။ သမ္မာကျမ်းစာသည် သံသယဖြစ်ဖွယ်မရှိတစ်ခုတည်းသော အခွင့်အာဏာဖြစ်ပြီး၊ အားလုံးကို တရားစီရင် ရမည့် အမြင့်ဆုံးအာဏာဖြစ်ကြောင်း ပရိုတက်စတင့်များ နားလည်ကြသည်။ သမ္မာကျမ်းစာဆိုင်ရာ ဘုရားသခင်၏အခွင့်အာဏာအပေါ် ဤကတိကဝတ်ပြုခြင်းဟူသည်မှာ တစ်ခုတည်းသော မှားယွင်းမှု ကင်းသော အနက်ပြန်ခြင်းသည် ကျမ်းစာကိုယ်တိုင်ဖြစ်သည်ကို ဆိုလိုသည်။ ထို့ကြောင့်၊ ကနဦးသမိုင်း ဆိုင်ရာအကြောင်းအရာအတွင်း ၎င်း၏သဒ္ဒါကို ကျိုးကြောင်းဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာခြင်း၊ သမ္မာကျမ်း စာကို သေချာစွာနားလည်ခြင်းထက် ရှေးပရိုတက်စတင့်များအတွက် မည်သည့်အရာကမျှ ပိုအရေးမကြီး ပါ။

၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များအတွင်း အနောက်ဥရောပ၌ ဉာဏ်အလင်းရရှိမှုသည် သမ္မာကျမ်းစာ အပါအဝင်၊ သမ္မာတရားအားလုံးကို စီရင်ဆုံးဖြတ်ခြင်းအတွက်ခေတ်သစ်၊ အချက်အလက်မှန်နှင့် ကျိုးကြောင်းဆီလျော်သော သိပ္ပံနည်းကျစံနှုန်းများကို အလေးပေးခြင်းဖြင့် သိပ္ပံနည်းကျသမ္မာကျမ်းစာ အနက်ပြန်ခြင်းကို ပို၍ယူဆောင်လာခဲ့သည်။ ဘူမိဗေဒပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင်နှင့် အခြားခေတ်သစ်သိပ္ပံပညာရှင်များကဲ့သို့ပင်၊ ကျမ်းစာပညာရှင်များသည် ကျမ်းစာလေ့လာခြင်းတွင် သိပ္ပံနည်းကျစံနှုန်းများကို ဂရုတစိုက်အသုံးပြုခဲ့ကြသည်။

သမ္မာကျမ်းစာနှင့်ပတ်သက်သော ဤချဉ်းကပ်မှုသည် ရာစုနှစ်များတစ်လျှောက် နည်းလမ်းများ စွာဖြင့် ဖွံ့ဖြိုးလာခဲ့သည်။ သို့သော် အတိုင်းအတာတစ်ခု သို့မဟုတ် အခြားတစ်ခုအရ၊ ခေတ်သစ်ကျမ်း ပညာရှင်များသည် အဓိကလမ်းကြောင်းနှစ်ခုကို လိုက်နာကြသည်။ တစ်ဖက်တွင်၊ ဦးဆောင်ပညာရေး အဖွဲ့အစည်းများမှ အနက်ပြန်သူအများစုသည် ဝေဖန်ပိုင်းခြားကာကျမ်းစာလေ့လာခြင်းဟုခေါ်လေ့ရှိ သည့် လမ်းညွှန်ချက်ကိုလိုက်နာကြသည်။ အကြမ်းဖျင်းအားဖြင့်ပြောရလျှင်၊ ဝေဖန်ပိုင်းခြားသော ကျမ်းစာပညာရှင်များသည် ရိုးရာပရိုတက်စတင့်အယူဝါဒဖြစ်သော သမ္မာကျမ်းစာတစ်ခုတည်း Sola Scriptura အယူဝါဒကိုငြင်းပယ်ပြီး၊ ကျိုးကြောင်းဆင်ခြင်မှုနှင့် သိပ္ပံနည်းကျခွဲခြမ်းစိတ်ဖြာမှုတို့ကိုသာ သမ္မာတရားကို ပိုင်းခြားသိမြင်နိုင်သော အမြင့်မြတ်ဆုံးစံနှုန်းအဖြစ် သုံးသပ်သူများဖြစ်သည်။ သမ္မာကျမ်း စာသည် ရှေးခေတ်၊ ရှေးကျသောနှင့် ဘုရားသခင်၊ လူသား၊ ကမ္ဘာကြီးနှင့်ပတ်သက်၍ မယုံကြည်နိုင် လောက်သောအမြင်များကို ကိုယ်စားပြုသည်ဟု ဝေဖန်ပိုင်းခြားအနက်ပြန်သူတို့သည် ကြီးမားစွာ ကောက်ချက်ချထားသည်။ ဤအမြင်တွင်၊ ခေတ်သစ်လူများသည် အချို့သောနည်းလမ်းများဖြင့် သမ္မာကျမ်းစာမှအကျိုးကျေးဇူးခံစားနိုင်သော်လည်း၊ သမ္မာကျမ်းစာနှင့်ပတ်သက်သော စီရင်ဆုံးဖြတ်မှု တိုင်းသည် သမ္မာကျမ်းစာ၏သွန်သင်ချက်များကိုမှီခိုခြင်းထက် သိပ္ပံနည်းကျစူးစမ်းလေ့လာခြင်းအပေါ် အားကိုးရမည်ဖြစ်သည်။

အခြားတစ်ဖက်တွင်၊ အခြားသောပညာရှင်များသည် ခေတ်သစ်ဧဝံဂေလိဆိုင်ရာကျမ်းစာ လေ့လာမှုများဟု ကျွန်ုပ်တို့ခေါ်နိုင်သောလမ်းကြောင်းကို လိုက်ခဲ့ကြသည်။ သမ္မာကျမ်းစာသည် တစ်ခု တည်းသော ယုံကြည်ခြင်းနှင့် အသက်တာအတွက် သံသယဖြစ်ဖွယ်မရှိသော စည်းမျဉ်းဖြစ်ကြောင်း ဧဝံဂေလိပညာရှင်များက အခိုင်အမာဆိုသည်။ သူတို့သည် သမ္မာကျမ်းစာနှင့်ပတ်သက်သော အချက်အ လက်မှန်နှင့် ကျိုးကြောင်းဆီလျော်သောသိပ္ပံနည်းကျ ရောင်ပြန်ဟပ်မှုကို ငြင်းပယ်ခြင်းမပြုကြပါ။ သမ္မာ ကျမ်းစာကို သိပ္ပံနည်းကျခွဲခြမ်းစိတ်ဖြာမှုအား ပြင်းထန်စွာကျင့်သုံးခြင်းကို အပြည့်အဝ ထောက်ခံကြ သည်။ သို့တိုင်၊ ၎င်းခွဲခြမ်းစိတ်ဖြာမှုသည် သမ္မာကျမ်းစာ၏သွန်သင်ချက်များနှင့် ထင်ရှားစွာဆန့်ကျင်နေ သောအခါ၊ ဧဝံဂေလိကျမ်းပညာရှင်များသည် သမ္မာကျမ်းစာကိုမိမိတို့၏အခွင့်အာဏာအဖြစ် စိတ်နှလုံး အကြွင်းမဲ့ဝန်ခံကြသည်။ ဤသင်ခန်းစာများတစ်လျှောက်တွင် ကျွန်ုပ်တို့မြင်တွေ့ရသည့်အတိုင်း၊ ဤ အခန်းဆက်ဆောင်းပါးသည် ဧဝံဂေလိလမ်းစဉ်ကို လိုက်နာပါသည်။

ခရစ်ယာန်တစ်ဦး၊ အထူးသဖြင့် ပရိုတက်စတင့်ခရစ်ယာန်တစ်ဦးအတွက် သမ္မာကျမ်းစာ၏အခွင့်အာဏာကို နာခံရန် အလွန်အရေးကြီးသောကိစ္စ ဖြစ်ပါသည်… စစ်မှန်သောအခွင့်အာဏာသည် အခွင့်အရေးနှင့် အတင်းအကြပ်ခိုင်းစေသောတန်ခိုးတော်ဖြစ်ပြီး၊ သမ္မာကျမ်းစာသည် ခရစ်ယာန်အသက်တာတွင် အခွင့်အာဏာအဖြစ်လုပ်ဆောင်ရန် ထူးခြားစွာအရည်အချင်းပြည့်မီသည်။ အကြောင်းရင်းတစ်ခုမှာ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့အတွက်မရရှိနိုင်သော ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှုပါရှိခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖွင့်လှစ်ဖော်ပြခြင်းဟု ခေါ်သည်...အခြားအကြောင်းရင်းမှာ နေရာများစွာတွင် အမှန်တရားရှိနေစဥ်တွင်၊ သမ္မာကျမ်းစာတွင် မြှုပ်နှံထားသည့် သမ္မာတရားသည် ၎င်း၏ဖွဲ့စည်းပုံနှင့် နောက်ဆုံးပုံစံတွင် သဘာဝလွန်ဖြင့် လွှမ်းခြုံထားသောကြောင့် ၎င်းသည် ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ရရှိနိုင်သော သမ္မာတရားအရင်းအမြစ်များအားလုံး တွင် ထူးခြားသော ယုံကြည်စိတ်ချရမှုနှင့် မှားယွင်းမှုကင်းသော အတိုင်းအတာတစ်ခု ရှိနေသည်။ ဤထူးခြားသော ယုံကြည်စိတ်ချရမှု၊ မှားယွင်းမှုကင်းခြင်း၊ ကျရှုံးနိုင်စွမ်းမရှိခြင်းတို့ကို ရရှိခြင်းအကြောင်းရင်းမှာ ၎င်းသည် ဘုရားသခင်မှုတ်သွင်းထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ သို့ဖြစ်၍ သမ္မာကျမ်းစာ၏အခွင့်အာဏာကို ပြောဆိုသည့်အခါ ဘုရားသခင်၏ အခွင့်အာဏာကို ကျွန်ုပ်တို့ ပြောဆိုနေခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းကိုဝန်ခံခြင်းသည် ကျွန်ုပ်တို့သည် ဖန်ဆင်းခံများဖြစ်ပြီး၊ တစ်စုံတစ်ရာထံမှ ဆင်းသက်လာကာ မှီခိုနေရသော သက်ရှိများဖြစ်ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။ ဤနေရာတွင် ဝိရောဓိဖြစ်စေသည်မှာ_ ဤဝန်ချနာခံခြင်းသည် ကျွန်ုပ်တို့အား ရှုတ်ချခြင်း သို့မဟုတ် အင်အားနည်းခြင်းဖြစ်စေသည်ထက်၊ ပြောရမည်ဆိုပါက၊ ၎င်းသည် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည့် အစွမ်းအရှိဆုံးသောအရာပင်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကျွန်ုပ်တို့အား သမ္မာတရား၏ ဦးတည်ရာသို့ပို့ဆောင်ပေးပြီး၊ ကျွန်ုပ်တို့အား ဘဝအသက်တာနှင့် ရှင်သန်ကြီးထွားရန်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ တည်နေစေသည်။

ဒေါက်တာ Glen Scorgie

သိပ္ပံနည်းကျအနက်ပြန်ခြင်း၏ သမ္မာကျမ်းစာအရင်းအမြစ်များကိုဖော်ပြပြီး အချို့သောသမိုင်း ဆိုင်ရာဥပမာများကို ကြည့်ရှု့ပြီးနောက်၊ ယခုကျွန်ုပ်တို့သည် တတိယပြဿနာကို လေ့လာသင့်သည်_ သမ္မာကျမ်းစာကို ဤချဉ်းကပ်မှု၏ဦးစားပေးခြင်းများ။

ကမ္ဘာတစ်ဝှမ်းရှိ ခေတ်သစ် သမ္မာကျမ်းစာပညာရှင်ကြီးများသည် သိပ္ပံနည်းကျအနက်ပြန်ခြင်း ဆိုင်ရာ ပညာရပ်များကို ခိုင်မာစွာ ကတိကဝတ်ပြုကြသည်။ ဤကတိကဝတ်သည် ပြင်ဆင်ခြင်း၊ စူးစမ်း လေ့လာခြင်းနှင့် ကျင့်သုံးခြင်းလုပ်ငန်းစဉ်များအတွက် အချို့သောဦးစားပေးမှုများကို ဦးတည်စေသည်။ ပြင်ဆင်ခြင်းများအတွက် ၎င်းတို့၏ ပုံမှန်ဦးစားပေးမှုများဖြင့် စတင်၍ ဤအရာသည် မည်သို့မှန်ကန်မှုရှိ သည်ကို ကြည့်ကြပါစို့။

ကနဦးတွင် ကျွန်ုပ်တို့ပြောခဲ့သည့်အတိုင်း၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို အနက်ပြန်ဆိုသည့် အခါတိုင်း ပြင်ဆင်ခြင်းသည် ရှောင်လွှဲ၍မရပါ။ သို့သော် ပညာရပ်ဆိုင်ရာ ကျမ်းစာအနက်ပြန်သူများ သည် အခြားပညာရပ်ဆိုင်ရာ ဘာသာရပ်များစွာတွင် တွေ့ရှိရသည့် အသိဉာဏ် ဦးစားပေးမှုအနည်းနှင့် အများအလိုက် ပြင်ဆင်ခြင်းများအတွက် ဦးစားပေးများကို လုပ်ဆောင်ခဲ့ကြသည်။

တက္ကသိုလ်တစ်ခုတွင် ဇီဝဗေဒဘာသာရပ်ကို သင်သည် လေ့လာတော့မည်ဟု စိတ်ကူးကြည့်ပါ၊ မိမိကိုယ်ကို တတ်နိုင်သမျှ ပြင်ဆင်မည်ဖြစ်သည်။ ထို့ကြောင့် သင်သည် ဇီဝဗေဒဆိုင်ရာ ပါမောက္ခအများ အပြားကို "လေ့လာရန်အတွက် ကျွန်ုပ်မည်သို့ ပြင်ဆင်သင့်သနည်း" ဟု မေးမည်ဖြစ်သည်။ သူတို့သည် အောက်ပါကဲ့သို့သော အရာများကို သင့်အား ပြောပြကြလိမ့်မည်_ "ဇီဝဗေဒဆိုင်ရာ အချက်အလက်များ ကိုတတ်နိုင်သမျှ ကျက်မှတ်ပါ။" ထို့နောက် "ဇီဝဗေဒတွင် အသုံးပြုသောသိပ္ပံနည်းကျ လုပ်ထုံးလုပ်နည်း များအကြောင်း သင်တတ်နိုင်သမျှ လေ့လာပါ။"

အလားတူပင်၊ ယနေ့ ဧဝံဂေလိအဖွဲ့အစည်းအများစုရှိ ပါမောက္ခအများစုကို ၎င်းတို့၏ကျောင်း များတွင် ကျမ်းစာလေ့လာရန် မည်သို့ပြင်ဆင်သင့်သည်များကို မေးမြန်းမည်ဆိုလျှင် အများစုသည် အလားတူအကြံဉာဏ်ပေးကြမည်ဖြစ်သည်။ “ဟေဗြဲနှင့် ဂရိကို လေ့လာပါ” “သမ္မာကျမ်းစာအကြောင်း တတ်နိုင်သမျှ များများလေ့လာပါ” "ကောင်းစွာသော အနက်ပြန်ဆိုနည်းများကို လေ့လာပါ"ဟူ၍ဆိုနိုင် သည်။ နောက်ဆုံး၊ ယနေ့ခေတ် ကျမ်းစာပညာရှင်အများစုသည် ၎င်းတို့၏လုပ်ငန်းခွင်များတွင် သမ္မာ ကျမ်းစာနှင့်ပတ်သက်သော ကျိုးကြောင်းဆီလျော်ခြင်းနှင့် သိပ္ပံနည်းကျချဉ်းကပ်မှုများကို အလေးပေး ကြသည်။ ထို့ပြင် သူတို့ကျောင်းသားများ၏ အောင်မြင်မှုသည် သူတို့၏လုပ်ဆောင်မှုအပေါ်တွင်လည်း မူတည်သည်ဟု ယုံကြည်ကြသည်။

မှန်ပါသည်၊ အချက်အလက်မှန်နှင့် နည်းစနစ်ပိုင်းနားလည်မှုဖြင့် မိမိကိုယ်ကို ပြင်ဆင်ခြင်းသည် အရေးကြီးပါသည်။ သမ္မာကျမ်းစာနှင့်ပတ်သက်သော အချက်အလက်များကို အစားထိုး၍လေ့လာစရာ မရှိပါ။ ကျမ်းစာအနက်ပြန်ဆိုခြင်းအတွက် လိုအပ်သောအခြေခံမူများကို လေ့လာရန် ကျွန်ုပ်တို့အတတ် နိုင်ဆုံးကြိုးစားသင့်သည်။ သို့သော်ကျွန်ုပ်တို့ မကြာမီတွေ့မြင်ရမည့်အရာအတိုင်း၊ အသိဉာဏ်ဆိုင်ရာ ပြင်ဆင်ခြင်းအပေါ် သီးသန့်အာရုံစိုက်ခြင်းသည် သမ္မာကျမ်းစာကို အနက်ပြန်ရန်အတွက် ကျွန်ုပ်တို့ ပြင်ဆင်ထားသင့်သည့် အရေးကြီးဆုံးနည်းလမ်းအချို့ကို လျစ်လျူရှုစေသည်။

ပြင်ဆင်ခြင်းများအတွက် ဦးစားပေးမှုအချို့ကို တွေ့မြင်ရပြီးနောက်၊ သိပ္ပံနည်းကျအနက်ပြန်ခြင်း ဆိုင်ရာ စူးစမ်းလေ့လာခြင်းများအတွက် ဦးစားပေးများကို ကြည့်ကြပါစို့။

ယေဘူယျအားဖြင့်၊ ကျမ်းစာအနက်ပြန်သူများသည် သမ္မာကျမ်းစာကို စူးစမ်းလေ့လာရန်_ exegesis နှင့် eisegesis ဟူ၍ နည်းလမ်းနှစ်ခု ခွဲခြားထားသည်။ Exegesis သည်ဂရိအခေါ်အဝေါ်မှဆင်း သက်လာပြီး “ဖော်ထုတ်သည်” သို့မဟုတ် “ရရှိလာသည်” ဟုအဓိပ္ပာယ်ရပြီး၊ ကျမ်းပိုဒ်တစ်ခုမှ အဓိပ္ပာယ် ကို ဆွဲထုတ်ခြင်း သို့မဟုတ် ရယူခြင်းဟု အဓိပ္ပာယ်ရသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ eisegesis တွင် "ပို့ဆောင်သည်" သို့မဟုတ် "ထားသည်"ဟု အဓိပ္ပါယ်များရှိသည်။ အဓိပ္ပါယ်ကို ကျမ်းပိုဒ်တစ်ခုတွင် ရှာဖွေရန်ဖြစ်သည်ဟု ဆိုလိုသည်။ သိပ္ပံနည်းကျသမ္မာကျမ်းစာအနက်ပြန်သူများသည် eisegesis ကို ရှောင်ရှားရန် အလွန်ကြိုးစားကြသည်။ ယင်းအစား၊ သူတို့ယုံကြည်သည့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုင်ရာ အခြေခံမူများကို အသုံးပြုကြသည်။ ၎င်းသည် သမ္မာကျမ်းစာကို ကောင်းစွာနားလည်သဘောပေါက် ကြောင်း သေချာစေမည်ဖြစ်သည်။

ဤအမြင်တွင်၊ သမ္မာကျမ်းစာ၏အဖြစ်မှန်များကို ရှာဖွေတွေ့ရှိရန် ကျွန်ုပ်တို့၏အသိဉာဏ်ဆိုင်ရာ ပြင်ဆင်မှုများအပေါ် စူးစမ်းလေ့လာခြင်းသည် ကြီးမားစွာလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် မူလ အဓိပ္ပာယ်ကို ပိုင်းခြားသိမြင်နိုင်ရန် ဂရုတစိုက်တည်ဆောက်ထားသော နည်းလမ်းများ သို့မဟုတ် အနက် ပြန်ဆိုခြင်းဆိုင်ရာ အခြေခံမူများကို စေ့စပ်သေချာစွာ အကောင်အထည်ဖော်ခြင်းဖြင့် သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ်ကို စူးစမ်းလေ့လာသည်—တစ်စုံတစ်ယောက်၏ ထင်မြင်ချက် သို့မဟုတ် အစီအစဉ်တစ်ခု မျှသာ မဟုတ်ပါ။

ဤအခန်းဆက်ဆောင်းပါးတစ်လျှောက်တွင် ကျွန်ုပ်တို့မြင်တွေ့ရသည့်အတိုင်း၊ ဤနည်းဖြင့် သိပ္ပံ နည်းကျနည်းလမ်းများကို အကောင်အထည်ဖော်ခြင်းသည် သမ္မာကျမ်းစာအနက်ဖွင့်ခြင်း၏အလွန်အရေး ကြီးသော အတိုင်းအတာတစ်ခုဖြစ်သည်။ သို့သော် သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ်ကို ကောင်းစွာလေ့ လာရန်အတွက် လိုအပ်သည့်အရာအားလုံးကို ခြုံငုံမိရန်ခက်ခဲကြောင်းကိုလည်း ကျွန်ုပ်တို့တွေ့မြင်ရမည် ဖြစ်သည်။

ကျွန်ုပ်တို့သည် ပညာရပ်ဆိုင်ရာ၊ ပြင်ဆင်ခြင်းနှင့် စူးစမ်းလေ့လာခြင်းလုပ်ငန်းစဉ်များတွင် သိပ္ပံနည်းကျအနက်ပြန်ခြင်းအတွက် ဦးစားပေးမှုအချို့ကို ကြည့်ရှုထားပါသည်။ ယခုကျွန်ုပ်တို့သည် ကျင့်သုံးခြင်းလုပ်ငန်းစဉ်ကိုလေ့လာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဧဝံဂေလိကျမ်းပညာရှင်အများစု သည်သမ္မာကျမ်းစာကို ယနေ့ မည်သို့ကျင့်သုံးကြသနည်း။

ကျွန်ုပ်သည် ကျမ်းစာကျောင်းသားဘဝတွင်၊ အတန်းဖော်တစ်ဦးသည် ဆရာများသင်ကြားနေစဉ် မကြာခဏ နှောက်ယှက်လေ့ရှိသည်။ သူ၏မေးခွန်းများသည် အမြဲအတူတူပင်ဖြစ်သည်။ "ပရော်ဖက် ဆာ၊ ယနေ့ဆရာရဲ့ ဖော်ထုတ်ချက်သည် ကျွန်ုပ်တို့အတွက် အဘယ်သို့သက်ရောက်မှုများရှိမည်နည်း။" “ဤကျမ်းချက်နှင့်ပတ်သက်ပြီး ဆရာပြောနေသည်များကို ကျွန်ုပ်ဘဝအတွက် မည်သို့အသုံးချရမည် နည်း။” ခြွင်းချက်အနေဖြင့်၊ တုံ့ပြန်မှုသည် အစဥ်အမြဲတူညီပါသည်။ ပရော်ဖက်ဆာသည် ပြုံး၍ပြော သည်မှာ “ဒါက မေးခွန်းကောင်းပဲ။ ငါ့အတွက်တော့မဟုတ်ဘူး၊ လက်တွေ့အသုံးချဓမ္မပညာဆိုင်ရာ ပါမောက္ခများအတွက်ဖြစ်လိမ့်မယ်။”

မကြာခဏ ဤအတွေ့အကြုံသရုပ်ဖော်ထားသည့်အတိုင်း သမ္မာကျမ်းစာကို သိပ္ပံနည်းကျ၊ ပညာရပ်ဆိုင်ရာအနက်ပြန်ခြင်းသည် သမ္မာကျမ်းစာကို လက်တွေ့ကျင့်သုံးရန် နေရာအနည်းငယ်သာ ရှိသည်။ အကောင်းဆုံးမှာ၊ ၎င်းသည် အချက်အလက်မှန်စွာ-လက်တွေ့ဆန်သော ခေတ်သစ်ကျင့်သုံး ခြင်းဆီသို့ ဦးတည်စေသည်။ တစ်နည်းဆိုရသော်၊ ကျင့်သုံးခြင်းသည် ခေတ်သစ်ခရစ်တော်နောက် လိုက်များအားယုံကြည်ရန် သမ္မာကျမ်းစာသွန်သင်ပေးသည့် အချက်အလက်အမျိုးအစားများကို အဓိကအားဖြင့်ဖော်ထုတ်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၏ဓမ္မပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာအချက် အလက်မှန်များ မှန်ကန်ကြောင်း သစ္စာရှိသူများအနေဖြင့် ယုံကြည်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်။ သေချာစေရန်၊ ဤကျင့်သုံးခြင်းအမျိုးအစားသည် အလွန်တန်ဖိုးရှိပါသည်။ သို့သော် ယနေ့ကျွန်ုပ်တို့၏ အသက်တာတွင် သမ္မာကျမ်းစာကိုကျင့်သုံးသင့်သည့် အရေးကြီးသောနည်းလမ်းများစွာကို ၎င်းသည် လျစ်လျူရှုထားသည်။

ကျမ်းစာလေ့လာခြင်းနည်းလမ်းများသည် အရေးကြီးသည်။ သို့သော် တစ်ခါတစ်ရံ၎င်းတို့ကို ကျွန်ုပ်တို့သည် အလေးပေးလွန်းကြသည်။ အကြောင်းမှာ ၎င်းတို့ကိုအလိုအလျောက်လုပ်ဆောင်သောစက်ယန္တရားကဲ့သို့၊“ကောင်းပြီ၊ ဤနည်းလမ်းများကို ကျွန်ုပ်အသုံးပြုခဲ့ပြီ၊ ဤသည်မှာ ကျွန်ုပ်၏ယုတ္တိကျသော နိဂုံးချုပ်ချက်ဖြစ်သည်” ဟူသောအကြောင်းအရာတစ်ခုနှင့် ၎င်းသည် ကျွန်ုပ်တို့ ဆုပ်ကိုင်ထား၍ရသောအရာတစ်စုံတစ်ခုထက် အသိဉာဏ်ဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုမျှသာ ဖြစ်လာသည်။ နှစ်တွေကြာလာသည်နှင့်အမျှ ကျွန်ုပ်သည်...ဥပမာအားဖြင့်၊ ကျွန်ုပ်၏ကိုယ်ပိုင်သုတေသနများစွာကို အလေးပေးဖော်ပြခဲ့သောနေရာတစ်ခုမှာ ယဉ်ကျေးမှုနောက်ခံ၊ ကမ္ဘာကြီး၊ ရှေးခေတ်ကမ္ဘာတို့ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော်၎င်းသည် လိုအပ်သောကြောင့်ဖြစ်သည်။ များစွာသောလူတို့ ၎င်းကိုလက်လှမ်းမမီနိုင်ကြပါ၊ ပညာရှင်တစ်ယောက်အနေနှင့် ကျွန်ုပ်သည် ၎င်းကိုတတ်စွမ်းနိုင်ခဲ့သည်။ သမ္မာကျမ်းစာပါ ကျမ်းချက်များဆီသို့ ပြန်ရောက်ရန် လုပ်ဆောင်ခဲ့သည်နှင့်အမျှ၊ ၎င်းသည် ထိုကျမ်းချက်တို့ကို နားလည်ရန်ကျွန်ုပ်အတွက် ကမ္ဘာသစ်တစ်ခုလုံးကို ဖွင့်ပေးလိမ့်မည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ နောက်ကွယ်တွင် သူ့အလိုလိုဖြစ်သောဝိညာဉ်ရေးအသက်တာ မရှိပါ။ ၎င်းကို ဥာဏ်ပညာအရ ကျွန်ုပ်နှစ်သက်မိပါသည်၊ သို့သော် စစ်မှန်သော ဝိညာဉ်ရေးအသက်တာသည် သမ္မာကျမ်းစာ၌ပါရှိသည်၊ ၎င်းထံသို့ပြန်လာပြီး ဘုရားသခင်သည်ကျွန်ုပ်တို့ကို အမှန်တကယ်ပြောသည့်အရာကို ကြားနာကာ၊ ကျွန်ုပ်တို့၏အသက်တာကို ၎င်းထံတွင်အပ်နှံလျှက်၊ ၎င်းသည် စက်ယန္တရားဆိုင်ရာလုပ်ထုံးလုပ်နည်းတစ်ခု မဟုတ်ပါ။ ၎င်းသည်ကျွန်ုပ်တို့ကိုချစ်ပြီး မိမိကိုယ်ကိုစွန့်တော်မူသောသူထံ ကျွန်ုပ်တို့၏နှလုံးသားများမြှုပ်နှံခြင်းအားဖြင့်သာ ရရှိလာသည့်အရာဖြစ်သည်။

ဒေါက်တာ Craig S. Keener

ယခုကျွန်ုပ်တို့သည် သမ္မာကျမ်းစာအနက်ပြန်ခြင်းတွင် အသုံးပြုသည့် အရေးကြီးသောဝေါဟာရ အချို့နှင့် သိပ္ပံနည်းကျအနက်ပြန်ခြင်းဆိုင်ရာ ရိုးရာထုံးတမ်းစဉ်လာများကို ကြည့်ရှုခဲ့ပြီးနောက်၊ ဤ သင်ခန်းစာ၏ တတိယမြောက် အဓိကအကြောင်းအရာဖြစ်သော၊ သိပ္ပံနည်းကျ အဓိပ္ပာယ်ဖွင့်ဆိုချက် သည် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းနှင့် မည်သို့တွဲဖက်သင့်ကြောင်း၊ သမ္မာကျမ်းစာကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ဘုရားသခင်ထံချဉ်းကပ်ရန် ကျွန်ုပ်တို့၏လိုအပ်ချက်ကို အလေးပေးဖော်ပြသည့် ခရစ်ယာန်ထုံးတမ်းစဉ်လာအကြောင်းကို ဆက်၍လေ့လာသင့်သည်။

ခရစ်တော်၏နောက်လိုက်များသည် သမ္မာကျမ်းစာကို လူသားများရေးသားခဲ့သောကြောင့် ယေဘူယျအနက်ပြန်ခြင်း၏အသွင်အပြင်များနှင့်ဆင်တူသည့် သိပ္ပံနည်းကျအနက်ပြန်ခြင်းကို လက်ခံ ကျင့်သုံးခဲ့ကြသည်။ သို့သော် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအနက်ပြန်ခြင်းသည် သမ္မာကျမ်းစာအား ဘုရား သခင်၏ရေးသားခြင်းဆိုင်ရာနှင့်ပတ်သက်၍ အဓိကအာရုံစိုက်သည်။

ခရစ်ယာန်များသည် သမ္မာကျမ်းစာပါလူ့စကားလုံးများသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ် သည်ကို အမြဲအသိအမှတ်ပြုခဲ့ကြသည်။ ၂ တိမောသေ ၃:၁၆ တွင်ဖော်ပြထားသည့်အတိုင်း၊ သမ္မာကျမ်း စာသည် ဘုရားသခင်မှုတ်သွင်းထားသည်၊ သို့မဟုတ် စာသားအရ “ဘုရားသခင်၏မှုတ်သွင်းခြင်း” ဖြစ်သည်။ ဤအချက်သည် သမ္မာကျမ်းစာအနက်ပြန်ခြင်းသည် ယေဘုယျအနက်ပြန်ခြင်း၏ အခြား အသွင်အပြင်များနှင့် ကွဲပြားစေသည်။ အကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင် အသက်ရှင်သော နှုတ်ကပတ်တော်ဖြစ်ခြင်းကြောင့် သမ္မာကျမ်းစာကို ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအဖြစ် အနက်ပြန်ဆိုရမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုအနက်ပြန်ဆိုရာတွင် လူသားကျမ်းရေးသူများ၏စကားများကို ကိုင်တွယ်ရုံမျှမက၊ သုံးပါးတစ်ဆူ၏တတိယပုဂ္ဂိုလ်ဖြစ်သော ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုလူသားကျမ်းရေးသူများ၏ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများ၊ စတိုင်များ၊ အတွေ့အကြုံများမှတစ်ဆင့် ဤစကားလုံးများကို မှုတ်သွင်းတော်မူကြောင်း သတိရရန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုလေ့လာစဉ်တွင်၊ ဤနုတ်တော်ထွက်များကို မှုတ်သွင်းထားသော ဝိညာဉ်တော်သည် ယုံကြည်သူများဖြစ်သော ကျွန်ုပ်တို့အတွင်း၌ ကျိမ်းဝပ်လျက်ရှိသောကြောင့်၊ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ကျမ်းစာရေးသားသူထံ ဝင်ရောက်ခွင့်ရှိသည်ဟု ဆိုလိုသည်။ ကျွန်ုပ်တို့သည် ၎င်းကိုအလွန်လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ချဉ်းကပ်ရာတွင် ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ စိတ်နှလုံးကိုဖွင့်ပြရန်၊ ကျွန်ုပ်တို့၏စိတ်နှလုံးတွင်သမ္မာကျမ်းစာကိုဖွင့်ပြရန် ဝိညာဉ်တော်ကိုမှီခိုအားကိုးရန် လိုအပ်ပါသည်။

ဒေါက်တာ Dennis E. Johnson

ကျွန်ုပ်တို့ မည်သည့်အရာဆိုလိုသည်ကို မြင်နိုင်ရန်၊ ကနဦးဆွေးနွေးမှုတွင် တူညီသောနည်းလမ်း များဖြင့်တွေ့ရသော ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းကို ကြည့်ရှုပါမည်။ ဦးစွာ၊ ဤသမ္မာကျမ်း စာဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးတွင် သမ္မာကျမ်းစာ၏အရင်းအမြစ်များပါရှိကြောင်း ကျွန်ုပ်တို့တွေ့ရ မည်ဖြစ်သည်။ ဒုတိယ၊ ကျွန်ုပ်တို့သည် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းကိုကျင့်သုံးသော ကျမ်းစာပညာရှင်များ၏ သမိုင်းဆိုင်ရာဥပမာအချို့ကို အကြမ်းဖျင်းဖော်ပြပါမည်။ တတိယ၊ သမ္မာကျမ်း စာအပေါ် ဤချဉ်းကပ်နည်းကိုလိုက်နာခြင်းဖြင့် အနက်ပြန်ခြင်းလုပ်ငန်းစဉ်များအတွက် ကျွန်ုပ်တို့၏ ဦးစားပေးများကို မည်သို့ပုံဖော်ထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ရှေးဦးစွာ ဝတ်ပြုကိုးကွယ်မှု ဆိုင်ရာ အနက်ပြန်ခြင်း၏သမ္မာကျမ်းဆိုင်ရာ အရင်းအမြစ်များကို ကြည့်ကြပါစို့။

ကျမ်းရေးသူများသည် သမ္မာကျမ်းစာကိုသိပ္ပံနည်းကျနည်းလမ်းဖြင့်အနည်းနှင့်အများ မကြာခဏ ဆန်းစစ်သော်လည်း၊ သူတို့သည် သမ္မာကျမ်းစာကို ဝတ်ပြုကိုးကွယ်မှုနည်းလမ်းဖြင့်လည်း ချဉ်းကပ် သည်ကို သိမြင်ရန်အရေးကြီးပါသည်။ ခရစ်တော်၏နောက်လိုက်များသည် သမ္မာကျမ်းစာကိုဘုရားသခင် ၏မျက်မှောက်တော်၌ရှိသော နှုတ်ကပတ်တော်အဖြစ်လည်းကောင်း၊ ထူးခြားသောနည်းလမ်းများဖြင့် ဘုရားသခင်၏သဘာဝလွန် အတွေ့အကြုံများကိုပင် ဆောင်ကြဉ်းပေးသောကျမ်းအဖြစ် ဖတ်ရှုရမည်ဟု သူတို့သည် အကြိမ်ကြိမ်ဖော်ပြခဲ့ကြသည်။

ကျမ်းရေးသူများသည် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ရှုထောင့်ကို ကြိမ်ဖန်များစွာ ထောက်ပြခဲ့ကြသော် လည်း၊ ယခုတွင် ကျွန်ုပ်တို့သည် ကျမ်းပိုဒ်တစ်ခုကိုသာ ဥပမာအနေဖြင့် ဖော်ပြပါမည်။ ဟေဗြဲ ၄း၁၂ တွင် ဖတ်ရသည်မှာ_

ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက်ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏ (ဟေဗြဲ ၄း၁၂)။

ဤကျမ်းပိုဒ်တွင်၊ ဟေဗြဲကျမ်းရေးသူသည် ရှေ့အခန်းငယ်များတွင် “ဘုရားသခင်၏နှုတ်ကပတ် တော်” ဟုခေါ်သည့် ဆာလံ ၉၅ ၏အပိုင်းကိုကိုးကားခဲ့သည်။ အစောပိုင်းဟေဗြဲ ၄:၇ တွင် ဘုရားသခင် ကိုယ်တော်တိုင် “ဒါဝိဒ်ကျမ်းစာ၌လာသော” ဟုဆိုသော အလားတူဆာလံကျမ်းကို သူသည်ကိုးကားခဲ့ သည်။ ယင်းမတိုင်မီ ဟေဗြဲ ၃:၇ တွင် “သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား” ဟူသောစကား လုံးများဖြင့် ဆာလံ ၉၅ ကို မိတ်ဆက်ခဲ့သည်။

ယခု၊ ဆာလံကျမ်းအား ဘုရားသခင်၏ရေးသားခြင်းကို အသိအမှတ်ပြုပြီးနောက်၊ ဟေဗြဲကျမ်း ရေးသူသည် သမ္မာကျမ်းစာဖတ်ရှုခြင်းအတွေ့အကြုံကို မည်သို့ဖော်ပြခဲ့သည်ကို သတိပြုပါ။ ဘုရားသခင် ၏နှုတ်ကပတ်တရားတော်သည်“အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း"ရှိသည်ဟု ဆိုသည်။ ၎င်းသည် ကျွန်ုပ်တို့၏အတွင်းရှိနက်နဲမှုကို “ထိုးဖောက်” ကာ “အစွန်းနှစ်ဖက်ရှိဓားထက် ထက်သောဓား” ဖြင့် “စိတ် နှလုံး၏ အကြံအစည်များနှင့် သဘောထားများကို စီရင်ဆုံးဖြတ်သည်”။ သိပ္ပံနည်းကျအနက်ပြန်ခြင်းတွင် သမ္မာကျမ်းစာကို ခွဲခြမ်းစိပ်ဖြာဆန်းစစ်သည့်အရာတစ်ခုအဖြစ် ကျွန်ုပ်တို့ ရှုမြင်သည်။ သို့သော် ဤကျမ်း ပိုဒ်တွင်၊ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကို အမှန်တကယ်ခွဲခြမ်းစိပ်ဖြာကြောင်း ဟေဗြဲကျမ်းရေးသူသည် ဖော်ပြခဲ့သည်။

ဟေဗြဲကျမ်းရေးသူသည် အလွန်ခေတ်မီသော ကျမ်းစာပညာရှင်တစ်ဦးဖြစ်သောကြောင့် ဤ ကျမ်းပိုဒ်သည် ကျွန်ုပ်တို့ဆွေးနွေးမှုအတွက် အထူးအရေးကြီးပါသည်။ သူသည် ဓမ္မဟောင်းကျမ်းစောင် များကို အခြားသော ဓမ္မသစ်ကျမ်းရေးသူများထက်ကျော်လွန်သည့်နက်နဲသော ထိုးထွင်းဉာဏ်ဖြင့် အကြိမ်ကြိမ်ဖော်ပြခဲ့သည်။ သို့တိုင်၊ သူ၏အသိဉာဏ်ဆိုင်ရာမြင့်မားသော ကျမ်းဂန်ခွဲခြမ်းစိတ်ဖြာချက် များသည် သူ့အားဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းမှ မရှောင်လွှဲစေပါ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူ၏အသိဉာဏ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော၊ ဆွဲဆောင် မှုရှိသော၊ နက်ရှိုင်းစွာ အသွင်ပြောင်းသော ဘုရားသခင်နှင့်ထိတွေ့မှုများသို့ ပို့ဆောင်ပေးသည့် နည်းလမ်း များဖြင့် သမ္မာကျမ်းစာကို ချဉ်းကပ်ရန် သူ၏စွမ်းရည်ကို မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့်၊ သိပ္ပံနည်းကျ နှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းကိုအတူတကွ လုပ်ဆောင်ရမည်ဟု သူသည် ကျွန်ုပ်တို့အား ပြသသည်။

ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်း၏ သမ္မာကျမ်းစာဆိုင်ရာအရင်းအမြစ်များကို တွေ့မြင် ပြီးနောက်၊ ခရစ်တော်၏နောက်လိုက်များသည် သိပ္ပံနည်းကျနှင့် ကိုးကွယ်ဆည်းကပ်မှုဆိုင်ရာချဉ်းကပ် နည်းများကို ပေါင်းစပ်လုပ်ဆောင်ပုံကို သရုပ်ဖော်ပြရန် သမိုင်းဆိုင်ရာဥပမာအချို့ကို ကျွန်ုပ်တို့ဖော်ပြ သင့်သည်။

ခရစ်ယာန်အသင်းတော်သမိုင်း၏ ရှေးဘိုးဘေးတို့ခေတ်ကာလတွင် သမ္မာကျမ်းစာအား ဝတ်ပြု ကိုးကွယ်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အထူးအရေးကြီးပါသည်။ အလက်ဇန္ဒြီးယားမှ Origen သည် စေ့စပ်သေချာသည့်သိပ္ပံနည်းကျ ကျမ်းစာပညာရှင်တစ်ဦးဖြစ်ကြောင်း အစောပိုင်းတွင် ဖော်ပြခဲ့ သည်။ သို့တိုင်၊ Origen သည် Neocaesarea မှ Gregoryအား Letter of Origen to Gregory ၌ ခွန်အားပေးပုံကို နားထောင်ပါ_

ဘုရားသခင်၏နုတ်ကပတ်တော်ကိုဖတ်ရန် သင့်ကိုယ်သင် အပ်နှံသောအခါ၊ ဘုရားသခင်အပေါ် ခိုင်မြဲစွာထားရှိသော ယုံကြည်ခြင်းဖြင့်၊ လူအများစုထံမှ ကွယ်ဝှက်ထားသော ဘုရားသခင့်နုတ်ကပတ်တော်များ၏ အဓိပ္ပါယ်ကို သင်ရှာဖွေပါ။ ခေါက်လျက်ရှာခြင်းကို မရပ်တန့်ပါနှင့်၊ ဘုရားသခင့် နုတ်ကပတ်တော်ကိုနားလည်ရန်အလိုအပ်ဆုံးအရာမှာ ဆုတောင်းခြင်းပင် ဖြစ်သည်။

ဤတွင်၊ Origen သည် “ဘုရားသခင်၏နုတ်ကပတ်တော်ကိုဖတ်ခြင်းအတွက် [မိမိကိုယ်ကို] အပ်နှံထားရန်”Gregory အား ပြောခဲ့သည်။ “ဘုရားသခင်၏နုတ်ကပတ်တော်ကိုဖတ်ခြင်း” ဟူသော ဝေါဟာရကို နောက်ပိုင်းတွင် လက်တင်စကား Lectio Divina ဖြင့်ဖော်ပြခဲ့ပြီး၊ ယနေ့အထိ ပုံစံအမျိုးမျိုး ဖြင့် ဆက်လက်တည်ရှိနေသည့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်း ရိုးရာဓလေ့ထုံးစံတစ်ခုဖြစ် သည်။

ယခုအခါ၊ Origen ၏သမ္မာကျမ်းစာချဉ်းကပ်မှုအပေါ် Neo-Platonism မှနက်ရှိုင်းစွာ လွှမ်းမိုး ထားခဲ့ပြီး၊ အထူးသဖြင့် အလက်ဇန္ဒြီးယားရှိ ဓမ္မဟောင်းကျမ်း ဘာသာပြန်သူဂျူးလူမျိုး Philo ၏ကနဦး လက်ရာများတွင် ဖော်ပြခဲ့သည်။ ဤရှုထောင့်မှကြည့်လျှင်၊ သမ္မာကျမ်းစာ၏မျက်နှာပြင်အောက်တွင် “လူအများစုထံမှ ကွယ်ဝှက်ထားသော” ကောင်းကင်ဆိုင်ရာနှင့်ဝိညာဉ်ရေးရာသမ္မာတရားများရှိသည်။ ယုံကြည်သူများသည် သမ္မာကျမ်းစာ၏ဝှက်ထားသောသမ္မာတရားများကို ရှာဖွေတွေ့ရှိလိုပါက “ဘုရား သခင်၌တည်သောယုံကြည်ခြင်း” လိုအပ်သည်။ ဆိုလိုသည်မှာ၊ သူတို့သည် “ဘုရားသခင့်နှုတ်ကပတ် တော်များ[သမ္မာကျမ်းစာ၏]အဓိပ္ပာယ်ကို”ရှာရမည်။ ထို့ကြောင့်၊ သမ္မာကျမ်းစာအနက်ပြန်သူများသည် ဘုရားသခင်ထံမှ ဉာဏ်အလင်းရရှိရန် “ခေါက်လျက်ရှာခြင်း” ကိုမရပ်တန့်ရပါ။ အမှန်တကယ်၊ Origen ၏အဆိုအရ သမ္မာကျမ်းစာကိုနားလည်ရန် “အလိုအပ်ဆုံးသောအရာ” မှာ “ဘုရားသခင့်နုတ်ကပတ်တော် များကိုနားလည်ရန်ဆုတောင်းခြင်း”ပင်ဖြစ်သည်။ ဤကိစ္စများသို့ဦးတည်သော Origen ၏ Neo-Platonic ကိုကျွန်ုပ်တို့ ငြင်းပယ်သင့်သော်လည်း၊ သမ္မာကျမ်းစာနှင့်ပတ်သက်သော အမှန်တကယ် မှန်သောအရာအချို့ကို သူသည်အသိအမှတ်ပြုခဲ့သည်။ သစ္စာရှိသူများသည် သမ္မာကျမ်းစာကို ဖတ်ရှုရင်း ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို ရှာသောအခါ၊ ဖုံးကွယ်ထားလေ့ရှိသော ထိုးထွင်းဥာဏ်များကို ဘုရားသခင် ထိုသူတို့အား ပေးတော်မူ၏။

Origen ကဲ့သို့သောလူများသည် သမ္မာကျမ်းစာကို သင်ဖတ်ရှုသောအခါ ကျမ်းပိုဒ်၏ဝိညာဉ်ရေးဆိုင်ရာအဓိပ္ပာယ်ကို ရရှိရန် အမှန်တကယ် အရေးကြီးကြောင်း အလေးပေးဖော်ပြသည်။ ယခုကျွန်ုပ်ပြောလိုသည်မှာ ၎င်းသည် အမှန်တကယ်ပင် ကောင်းမွန်သည့်အရာဖြစ်သည်၊ အကြောင်းမှာ သမ္မာကျမ်းစာသည် သမိုင်းစာအုပ်သက်သက်မျှမဟုတ်၊ ကျွန်ုပ်တို့၏ ဓမ္မဗေဒဆိုင်ရာ စိတ်ကူးစိတ်သန်းများကို လှုံ့ဆော်ပေးမည့် ပညာရပ်ဆိုင်ရာ ပုံနှိပ်စာအုပ်တစ်ခုလည်း မဟုတ်ပါ။ ၎င်းတွင် ဝိညာဉ်ရေးဆိုင်ရာ အဓိပ္ပါယ်ရှိပါသည်...အမှန်တကယ်တွင်၊ ဤနှစ်ခုသည် အတူတူဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်၊ နုတ်ကပတ်တော်ဆိုင်ရာ စကားလုံးများ၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏နားလည်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း၊ ကျမ်းပိုဒ်တွင် ၎င်းတို့သတ်မှတ်ထားသည့် အကြောင်းအရာများ၊ သမိုင်းဆိုင်ရာအသေးစိတ်အချက်အလက်များ၊ စသည်ဖြင့်.,၎င်းသည် ကျမ်းပိုဒ်၏ပထမဆုံးဖတ်ရှုသူများအတွက်သာမက နောက်ပိုင်းတွင် ကျွန်ုပ်တို့အတွက်ပါ ကျမ်းပိုဒ်၏အဓိပ္ပာယ်ကို ဝိညာဉ်ရေးဆိုင်ရာ ထိုးထွင်းသိမြင်မှုကိုလည်း ရရှိစေသည်။

ဒေါက်တာ Simon Vibert

အလယ်ခေတ်ကာလတစ်လျှောက်လုံး၊ Augustine နှင့် Aquinas ကဲ့သို့သော သိပ္ပံနည်းကျ အနက်ပြန်သူများအပါအဝင် သမ္မာကျမ်းစာ၏ ထိပ်တန်းအနက်ပြန်သူတိုင်းနီးပါးသည် ဘုရားသခင်၏ နုတ်ကပတ်တော်ကိုဖတ်ခြင်းပုံစံ သို့မဟုတ် Lectio Divina ကို ကျင့်သုံးခဲ့ကြသည်။

ယေဘုယျအားဖြင့်၊ Lectio Divina သည် လူသိများသော အဆင့်လေးဆင့် သို့မဟုတ် လှုပ်ရှားမှု လေးမျိုးဖြင့် ကျင့်ဆောင်ခြင်း ဖြစ်သည်။ lectio ကျမ်းစာဖတ်ခြင်း၊ meditatio ဖတ်ပြီးသော အကြောင်း အရာကို ဆိတ်ငြိမ်စွာတွေးတောဆင်ခြင်ခြင်း၊ oratio ဉာဏ်အလင်းရရှိရန် ဘုရားသခင်ထံ အလေး အနက်ဆုတောင်းခြင်းနှင့် contemplatio ကျမ်းပိုဒ်တစ်ခု၏ အရေးပါမှုကို နားလည်သဘောပေါက်ခြင်း၊ လေးနက်သောစိတ်ခံစားမှုနှင့် ခံယူချက်အဖြစ်ပြောင်းလဲခြင်းကို ပေးသနားရန် ဘုရားသခင်၏ ဝိညာဉ် တော်ကို တိတ်ဆိတ်စွာ စောင့်မျှော်ခြင်း တို့ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးကာလတွင်၊ ရောမအသင်းတော်သည် မှားယွင်းသောသွန်သင်ချက်အားလုံး ကို တရားမျှတစေရန် Lectio Divina ကျင့်စဉ်ကို အသုံးပြုခဲ့သည်။ သူတို့၏သွန်သင်ချက်များသည် ဘုရားသခင်ထံမှ သဘာဝလွန်ထိုးထွင်းသိမြင်မှုများမှ ဆင်းသက်လာသည်ဟု အသင်းတော်အာဏာပိုင် များက အခိုင်အမာဆိုသော်လည်း၊ ဤ “ထိုးထွင်းဥာဏ်များ”သည်အမှန်တကယ်တွင် အလွန်အရေးကြီး သောနည်းလမ်းအချို့ဖြင့် သမ္မာကျမ်းစာ၏သွန်သင်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ တုံ့ပြန်မှု အနေဖြင့်၊ ပရိုတက်စတင့်ပညာရှင်အများစုသည် သိပ္ပံနည်းကျအနက်ပြန်ခြင်းဆိုင်ရာ မြင့်မားသော တန်ဖိုးကို မှန်ကန်စွာ ထားရှိခဲ့ကြသည်။ သို့သော် သူတို့သည်သမ္မာကျမ်းစာကို ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အဖြစ် ဖတ်ရှုခြင်းကို မစွန့်လွှတ်ခဲ့ကြပါ။ ဆန့်ကျင်ဘက်အနေနှင့်၊ သူတို့သည် သမ္မာကျမ်းစာကို ကောင်းစွာခွဲခြမ်းစိတ်ဖြာလေ့လာခြင်းအတွက် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းကို ခိုင်ခံ့စွာ ချိတ်ဆက်ထားရန် ပြောဆိုခဲ့သည်။

ပရိုတက်စတင့် သမ္မာကျမ်းစာပညာဆိုင်ရာ၏ ဤအင်္ဂါရပ်ကို ကျယ်ပြန့်စွာ အသိအမှတ်မပြု သောကြောင့်၊ ၎င်းသည် လူသိများသော ဥပမာနှစ်ခုကိုသာ ဖော်ပြရန် ကူညီပေးပါလိမ့်မည်_ John Calvin နှင့် Jonathan Edwards တို့ ဖြစ်သည်။

John Calvin အား ကနဦးပြုပြင်ပြောင်းလဲမှု၏ ကျိုးကြောင်းဆီလျော်ခြင်းနှင့် ယုတ္တိအရှိဆုံး သော သမ္မာကျမ်းစာအနက်ပြန်သူဟု ခေါ်ဝေါ်ခဲ့သည်။ ရှေ့နေတစ်ဦးအဖြစ် လေ့ကျင့်သင်ကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးလူသားအဖြစ် သူ့အား ဤအခန်းကဏ္ဍအတွက် ကောင်းမွန်စွာ ဖြည့်ဆည်းတပ် ဆင်ခဲ့သည်။ သို့သော် သူ၏မှတ်ချက်များတစ်လျှောက်တွင်၊ သူသည် သိပ္ပံနည်းကျသာမက ဝတ်ပြု ကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းကိုပါအားသွန်ခွန်စိုက် လိုက်လံရှာဖွေခဲ့ကြောင်း ကျွန်ုပ်တို့တွေ့ရှိခဲ့ သည်။

ဥပမာတစ်ခုအနေနှင့်၊ Commentary on Haggai အပိုင်း ၂ တွင်၊ သူရေးသားခဲ့သည်မှာ_

ဘုရားသခင်၏ဘုန်းတော်သည် သူ၏နှုတ်ကပတ်တော်၌ အလွန်ထွန်းလင်းနေသောကြောင့်၊ ကျွန်ုပ်တို့သည် ထိုအရာအားဖြင့် ထိခိုက်ခံစားရသင့်သည်…ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင်သကဲ့သို့ နီးနေပါသည်။

သမ္မာကျမ်းစာ၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သီးသန့်မဟုတ်သော သိပ္ပံနည်းကျလုပ်ဆောင်မှုတစ်ခု အဖြစ် သဘောထားခြင်းမှဝေးကွာစေပြီး၊ Calvin သည်သမ္မာကျမ်းစာကို ကျွန်ုပ်တို့ဖတ်ရှုသောအခါ “ဘုရားသခင်ကိုယ်တော်တိုင် ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင်” သကဲ့သို့ “ဘုရားသခင်၏ဘုန်းတော်သည် အလွန်ထွန်းလင်းတောက်ပသည်” ဟုအခိုင်အမာဆိုခဲ့သည်။ ဤကျမ်းပိုဒ်တွင်ဖော်ပြသည့်အတိုင်း၊ Calvin သည်သူ၏နောက်လိုက်များအား အဆုံးစွန်သော၊ ပြင်းထန်သောစိတ်ခံစားမှုနှင့် ဘုရားသခင့် မျက်မှောက်တော်၏ နှိမ့်ချသောအတွေ့အကြုံဖြင့် သမ္မာကျမ်းစာကိုဖတ်ရှုရန် ဆိုခဲ့သည်။

အလားတူပင်၊ ၁၇၀၃ မှ ၁၇၅၈ ထိ အသက်ရှင်ခဲ့သော ကနဦးအမေရိကန်ဓမ္မပညာရှင် Jonathan Edwards သည် သမ္မာကျမ်းစာအပေါ် သူ၏စေ့စပ်သေချာစွာ ကျိုးကြောင်းဆီလျော်ခြင်းနှင့် ယုတ္တိရှိသော ခွဲခြမ်းစိတ်ဖြာမှုများကို မကြာခဏပြသခဲ့သည်။ သို့သော် သူ၏စာစောင် Personal Narrative မှဤ စကားများကို နားထောင်ပါ_

[၁တိမောသေ] ၏နှုတ်ကပတ်တော်များကို ကျွန်ုပ်ဖတ်သောအခါ၊ ကျွန်ုပ်၏ စိတ်ဝိညာဉ်ထဲသို့ ဝင်လာသည်မှာ...ဘုရားသခင်၏ဘုန်းအသရေကို အာရုံပြုခြင်း၊ ခံစားမှုအသစ်သည် ယခင်တွေ့ကြုံဖူးသမျှအရာများနှင့် အတော်လေးကွဲပြား သည်။ ဤနှုတ်ကပတ်တော်ပြောသည့်စကားလုံးများသည် ကျွန်ုပ်အတွက် တစ်ခါမှမဖြစ်ခဲ့သကဲ့သို့ဖြစ်သည်။ ကျွန်ုပ်တွေးခဲ့သည်မှာ၊ ဘုရားသခင်သည် မည်မျှထူးမြတ်သည်၊ ကျွန်ုပ်မည်မျှ ပျော်ရွှင်သင့်သည်၊ ထိုဘုရားသခင်၌ ကျွန်ုပ်၏ပျော်မွေ့ခြင်းသည်...ထာဝစဉ်ဖြစ်မည်။

ဤတွင် Edwards သည်သမ္မာကျမ်းစာကိုဖတ်ရှုပြီး “ဘုရားသခင့်ဘုန်းအသရေကို ခံစားခြင်း” သဘောကို နှစ်သက်သဘောကျသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသည်။ ဘုရားသခင်၏ဝိညာဉ်တော်၏ ဤအတွေ့အကြုံသည် အလွန်အစွမ်းထက်သောကြောင့် Edwards သည် “ဘုရားသခင်၌ … ထာဝရ ပျော်မွေ့ခြင်း” ကိုအလိုရှိခဲ့သည်။ Edwards သည်ဉာဏ်အလင်းရရှိမှုဆိုင်ရာ ဆင်ခြင်တုံတရားအယူဝါဒ ၏ကြီးစွာလွှမ်းမိုးခံရခြင်းကြောင့် လူသိများပြီး၊ သမ္မာကျမ်းစာအားအဓိပ္ပါယ်ဖွင့်ဆိုချက်သည် နက်ရှိုင်းစွာ သိပ္ပံနည်းကျဖြစ်ရမည်ဟု မှန်ကန်စွာယုံကြည်ခဲ့သည်။ သို့သော် Edwards သည် သမ္မာကျမ်းစာကို ဆင်ခြင်တုံတရားဖြင့် ဆင်ခြင်သုံးသပ်ရုံမျှဖြင့် မကျေနပ်ပါ။ သမ္မာကျမ်းစာကို အံ့ဘွယ်သောဘုရားသခင် ၏မျက်မှောက်တော်နှင့်ပတ်သက်၍ နက်ရှိုင်းစွာစူးစမ်းသိလိုစိတ်ဖြင့်လည်း ဖတ်ရှုရမည်ဖြစ်ကြောင်း သူ သိသည်။

ကျွန်ုပ်တို့ခေတ်တွင်၊ အနက်ပြန်ခြင်းအပေါ် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ ချဉ်းကပ်မှုများသည် ပညာရပ်ဆိုင်ရာကျမ်းစာအနက်ပြန်ခြင်းမှ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ကနဦးပရိုတက် စတင့်များသည် ရိုမန်ကက်သလစ်အနက်ပြန်သူများ၏ ပရိယာယ်များကို တုံ့ပြန်ရန်အတွက် သိပ္ပံနည်းကျ အနက်ပြန်ခြင်းဆီသို့ ရွေ့ပြောင်းနေချိန်တွင်၊ ယနေ့ခေတ် ကျမ်းစာပညာရှင်များစွာသည် ၎င်းတို့၏ အသိ ဉာဏ်ဆိုင်ရာထက်မြက်မှုအောက်တွင် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအနက်ပြန်ခြင်းကို ထည့်သွင်းစဉ်းစား ကြသည်။ သမ္မာကျမ်းစာမှကျွန်ုပ်တို့လိုအပ်သမျှကို ဤချဉ်းကပ်မှုသည်ဖြည့်ဆည်းပေးမည်ဆိုပါက၊ ဂရုတစိုက်ရှိမှု၊ ကျိုးကြောင်းဆီလျော်သောအနက်ပြန်မှုကို ပညာရှင်အားလုံးနီးပါးက အာရုံစိုက်ကြမည် ဖြစ်သည်။ ပြင်းထန်သောဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ဘုရားသခင် ထံမှ အလင်းရောင်ကိုရှာဖွေခြင်းသည်၊ ဧဝံဂေလိပညာရပ်ဆိုင်ရာတွင် ကွယ်ပျောက်သွားပါသည်။ သို့သော် ကျွန်ုပ်တို့သည် ပညာရပ်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်ကို နည်းလမ်းတကျ ချဉ်းကပ်သောအခါ၊ သိပ္ပံနည်းကျနှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအနက်ပြန်ခြင်းကို လိုက်လျှောက်ရန် အရေးကြီးသည်။ အစွန်း မရောက်စေရန် ကျွန်ုပ်တို့သည်သတိထားရန် လိုအပ်သော်လည်း ပရိုတက်စတင့်အနက်ပြန်သူများစွာ သည် ဤအရာကို အတိတ်တွင်ကောင်းမွန်စွာလုပ်ဆောင်ခဲ့ကြပြီး၊ သူတို့၏စံနမူနာကို လိုက်လျှောက်ခြင်း သည် ပညာရှိရာရောက်ပါလိမ့်မည်။

ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအနက်ပြန်ခြင်း၏ သမ္မာကျမ်းစာအရင်းအမြစ်များနှင့် သိပ္ပံနည်းကျနှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာချဉ်းကပ်နည်းများကို ကျမ်းစာအနက်ပြန်ဆိုခြင်းသို့ ပေါင်းစပ်ခဲ့သူ ဓမ္မပညာရှင် တို့၏သမိုင်းဆိုင်ရာ ဥပမာအချို့ကို မှတ်သားထားကာ၊ ဤအနက်ပြန်ဆိုခြင်းမျိုး၏ ဦးစားပေးခြင်းများကို အကျဉ်းချုံး၍ကြည့်ကြပါစို့။

ခရစ်တော်၏နောက်လိုက်အများစုသည် ဝတ်ပြုကိုးကွယ်မှုစိတ်ဓာတ်ဖြင့် သမ္မာကျမ်းစာကို စတင်ဖတ်ရှုကြသည်။ သို့သော် သူတို့သည် ပညာရပ်ဆိုင်ရာကျမ်းစာအနက်ပြန်ခြင်းတွင် ပိုမိုကျွမ်းကျင် လာသောအခါ၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်း၏အရေးပါမှုကို မကြာခဏ မေ့လျော့သွားကြ သည်။ သို့သော် သမ္မာကျမ်းစာအား သိပ္ပံနည်းကျအဓိပ္ပာယ်ဖွင့်ဆိုချက်သည် အလွန်အသိဉာဏ်ရှိပြီး ပိုင်းခြားစိတ်ဖြာနိုင်သောကြောင့် မကြာခဏဆိုသလိုကျွန်ုပ်တို့သည်တစ်ချိန်က ခရစ်တော်နှင့်အတူ လျှောက်လှမ်းခဲ့သည့်အရေးကြီးသောအရာကို အမှန်တကယ်မေ့လျော့သွားတတ်ပါသည်—ဘုရားသခင် ၏နှုတ်ကပတ်တော်အားဖြင့် ပုဂ္ဂိုလ်ရေးအရနှင့် အစွမ်းထက်လှသော ပြောင်းလဲစေသော အတွေ့အကြုံ ဖြစ်သည်။ ဤအကြောင်းကြောင့်၊ သမ္မာကျမ်းစာကို ဝတ်ပြုကိုးကွယ်မှုဆိုင်ရာချဉ်းကပ်မှုတစ်ခုသည် အနက်ပြန်ခြင်းဆိုင်ရာလုပ်ငန်းစဉ်သုံးခုစလုံးကို လိုက်လျှောက်ရာတွင် ကျွန်ုပ်တို့၏ဦးစားပေးများကို မည်ကဲ့သို့ ချိန်ညှိသင့်သည်ကို ကျွန်ုပ်တို့ကြည့်ရှုသင့်သည်။

ကျွန်ုပ်တို့သည် သိပ္ပံနည်းကျအနက်ပြန်ခြင်းဆိုင်ရာ ဦးစားပေးများကို ကြည့်ရှုသည့်နည်းဖြင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအနက်ပြန်ခြင်း၏ဦးစားပေးများကို ဆန်းစစ်ပါမည်။ ပထမဦးစွာ၊ ပြင်ဆင်ခြင်း အတွက် ဦးစားပေးများကို ကျွန်ုပ်တို့လေ့လာပါမည်။ ထို့နောက်၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအနက်ပြန်ခြင်း အပေါ် စူးစမ်းလေ့လာခြင်းလုပ်ငန်းစဉ်ကို အာရုံစိုက်ပါမည်။ နောက်ဆုံးအနေနှင့်၊ ဤအနက်ပြန်ခြင်း အမျိုးအစား၏ ခေတ်သစ်ကျင့်သုံးခြင်းအတွက် စဉ်းစားရန်အချက်အချို့ကို ပေးပါမည်။ ပြင်ဆင်ခြင်း အတွက် ဦးစားပေးများဖြင့် စတင်ကြပါစို့။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ၊ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ဖတ်ရှုသောအခါ ဘုရားသခင်၏ အထူးမျက်မှောက်တော်အတွေ့အကြုံကို ကျွန်ုပ်တို့အနေဖြင့် လုံးဝထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း ခရစ်တော်၏ စစ်မှန်သောနောက်လိုက်များစွာသည်ယုံကြည်ကြသည်။ ၎င်းသည် ရှိသည်ဖြစ်စေ သို့မဟုတ် မရှိသည်ဖြစ်စေ။ ထိုအရာအတွက် ကျွန်ုပ်တို့မိမိကိုယ်ကို ပြင်ဆင်နိုင်သည့်နည်းလမ်း မရှိပါ။ သို့သော် ဤမှားယွင်းသောအယူအဆနှင့်ပတ်သက်၍ ယာကုပ် ၄:၈ တွင် ယာကုပ်ပြောဆိုပုံကို နားထောင် ပါ_

ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည် (ယာကုပ် ၄:၈)။

“ဘုရားသခင်၌ချဉ်းကပ်ကြလော့” ဟူသောအသုံးအနှုန်းသည် ဓမ္မဟောင်းကျမ်းမှ ဆင်းသက်လာ သည်။ သစ္စာရှိသောကိုးကွယ်ဝတ်ပြုသူများသည် တဲတော်နှင့်ဗိမာန်တော်တွင် ဘုရားသခင်၏အထူး မျက်မှောက်တော်သို့ “ချဉ်းကပ်” ကြလိမ့်မည်ဖြစ်သည်။ မှန်ပါသည်၊ ဘုရားသခင်သည် နေရာတိုင်းတွင် ရှိပြီး သူအလိုရှိသည့်အတိုင်း၊ အချိန်တိုင်းတွင် ထူးခြားသောနည်းလမ်းများဖြင့် မိမိကိုယ်ကို သိမြင်စေနိုင် သည်။ သို့သော် ယာကုပ်၏စကားများသည် လူ့တာဝန်အပေါ် သမ္မာကျမ်းစာ၏အလေးပေးမှုကို ထင်ဟပ် သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အထူးမျက်မှောက်တော်ကို တွေ့ကြုံခံစားလိုပါက၊ ကျွန်ုပ်တို့သည် ကိုယ်တော်ထံ ချဉ်းကပ်ရမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ထံချဉ်းကပ်ခြင်းဖြင့် ပြန်လည် တုံ့ပြန်မည်ဖြစ်သည်။

ယေဘူယျအားဖြင့်၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းအတွက်ပြင်ဆင်ခြင်းသည် ဘုရားသခင်အတွက် သန့်ရှင်းစေခြင်း သို့မဟုတ် ဆက်ကပ်ခြင်းပါဝင်သည်။ သမ္မာကျမ်းစာသွန်သင်သည့် အတိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဆက်ဆံခြင်းနည်းလမ်းတွင် အဟန့်အတားဖြစ်စေသောအရာ မှန်သမျှကို ဖယ်ရှားပြီး ၎င်းကိုတိုးတက်စေမည့်အရာအားလုံးကို လိုက်လျှောက်ရမည်ဖြစ်သည်။ ဤပြင် ဆင်မှုမျိုးသည် ကျွန်ုပ်တို့အတွက် ၎င်းတို့အားလုံးကိုဖော်ပြရန် များပြားစွာသောအရာများ ပါဝင်နေသော် လည်း၊ ယေဘုယျ အမျိုးအစားသုံးမျိုးအကြောင်း ပြောဆိုခြင်းဖြင့် ၎င်းတို့၏ကျယ်ပြောမှု ကိုသိရှိနား လည်စေရန်ကူညီပေးသည်_အယူအဆဆိုင်ရာ၊ အပြုအမူဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ဖြစ်သည်။

ဦးစွာ၊ ကျွန်ုပ်တို့သည် အယူအဆဆိုင်ရာပြင်ဆင်မှုမှတစ်ဆင့် သမ္မာကျမ်းစာ၌ဖော်ပြသော ဘုရားသခင်၏မျက်မှောက်တော်ကိုလေ့လာရန်အတွက် အဆင်သင့်ဖြစ်နေပါသည်။ ယင်းသည် ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏ယုံကြည်ချက်များကို ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ကိုက်ညီရန် အစွမ်းကုန်လုပ် ဆောင်သည်ဟု ဆိုလိုသည်။ ဘုရားသခင်၊ လူသားမျိုးနွယ်၊ ကမ္ဘာကြီးနှင့်ပတ်သက်သော မှားယွင်းသော အယူအဆများကို ယုံကြည်ခြင်းသည် ဘုရားသခင်နှင့်ဆက်ဆံခြင်းအတွက် အတားအဆီးများ ဖြစ်ပေါ် စေသည်။ ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း၊ ကျမ်းစာပညာရှင်များသည် ၎င်းတို့၏ပညာရပ်ဆိုင်ရာ အလေးထားမှုများနှင့်ကိုက်ညီသော သက်ဆိုင်ရာအယူအဆများကိုသာ အာရုံစိုက်လေ့ရှိကြသည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် သန့်ရှင်းစင်ကြယ်ခြင်းသည် ကျွန်ုပ်တို့၏ အတွေးအမြင် အားလုံးကို ဘုရားသခင်၏စိတ်တော်နှင့် ကိုက်ညီစေရန် တောင့်တခြင်းကို ဖြစ်ပေါ်စေပြီး၊ ဤဆန္ဒသည် သမ္မာကျမ်းစာကို ကျွန်ုပ်တို့အနက်ပြန်ဆိုသည့်အခါ ကိုယ်တော်၏မျက်မှောက်တော်သို့ ဝင်ရောက်ခြင်း အတွက် ပြင်ဆင်ပေးသည်။

ဒုတိယ၊ ကျွန်ုပ်တို့သည် အပြုအမူဆိုင်ရာပြင်ဆင်မှုမှတစ်ဆင့် သမ္မာကျမ်းစာကိုဖတ်ရှုခြင်းဖြင့် ဘုရားသခင်ထံချဉ်းကပ်သည်။ သမ္မာကျမ်းစာတွင်၊ ဘုရားသခင်၏အလိုတော်နှင့်ဆန့်ကျင်သည့်အရာများ ကိုလုပ်ဆောင်ခြင်းသည် ဘုရားသခင်၏နှစ်သက်ဖွယ်မျက်မှောက်တော်ကိုတွေ့ကြုံခံစားခြင်း၏ အကြီး မားဆုံးအတားအဆီးများထဲမှတစ်ခုဖြစ်သည်။ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအနက်ပြန်ခြင်းအတွက် ပြင်ဆင် ခြင်းသည် ကျွန်ုပ်တို့၏ကျရှုံးမှုများအတွက် နောင်တရခြင်းနှင့် ဘုရားသခင်နှစ်သက်သော နည်းလမ်းများ ဖြင့် ပြုမူနေထိုင်လိုသောစိတ်ရင်းမှန်တို့ ပါဝင်သည်။

တတိယ၊ ကျွန်ုပ်တို့သည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုမှတစ်ဆင့် ဘုရားသခင်၏အနီးအနားတွင် ရှိခြင်းကိုရှာဖွေရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွင် ကျွန်ုပ်တို့၏ စိတ်နေသ ဘောထားအားလုံး ပါဝင်သည်—ဘုရားသခင်၊ လူသားများနှင့် အခြားဖန်ဆင်းခြင်းအကြောင်းများနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏စိတ်ထက်သန်မှုမှ တည်မြဲသောခံစားချက်များတိုင် ဖြစ်သည်။ မာန၊ မုန်းတီးမှု နှင့် စိတ်မာကျောမှုတို့ကို သမ္မာကျမ်းစာသည် မကြာခဏသတိပေးထားသည်။ ဤခံစားမှုနှင့် အလားတူ စိတ်ခံစားမှုများသည် ဘုရားသခင်၏ အထူးမျက်မှောက်တော်သို့ ဝင်ရောက်ရန် အတားအဆီးများဖြစ် သည်။ သို့သော် နှိမ့်ချမှု၊ ချစ်ခြင်းမေတ္တာ၊ နူးညံ့သိမ်မွေ့မှုနှင့် စိတ်နှလုံးမူကား ဘုရားသခင်နှင့်ဆက်ဆံရန် လမ်းဖွင့်ပေးသည်။ ဤအကြောင်းကြောင့်၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းအတွက်ပြင်ဆင် ခြင်းသည် ကျွန်ုပ်တို့၏ အယူအဆများနှင့် အပြုအမူများကိုသာမက၊ ကျွန်ုပ်တို့၏ စိတ်ခံစားမှုအခြေအနေ အပြည့်အစုံကိုပါ ဖော်ပြရမည်ဖြစ်သည်။

သမ္မာကျမ်းစာကို ပညာရှိစွာနှင့် သစ္စာရှိစွာအနက်ပြန်ဆိုခြင်းသည် စိတ်၏ကိစ္စမျှသာ မဟုတ်ပါ။ ၎င်းသည် အမှန်တစ်ကယ်ပင် နှလုံးသား၊ ပုဂ္ဂိုလ်တစ်ခုလုံး၏ကိစ္စရပ်ဖြစ်သည်။ ဆိုလိုသည်မှာ—၎င်းသည်၊ သမ္မာကျမ်းစာကို အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့်သွန်သင်ရန် တာဝန်ရှိသူတိုင်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်ထင်သည်—ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ စိတ်နှလုံးအခြေအနေ၊ ခရစ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် သမ္မာကျမ်းစာကို ကျွန်ုပ်တို့နားလည်နိုင်မှုအပေါ် အမှန်တကယ် သြဇာလွှမ်းမိုးမှုရှိနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အပြစ်များကိုဝန်ခံပြီး၊ ဧဝံဂေလိတရားကိုနေ့တိုင်းကိုင်စွဲခြင်း၌ သစ္စာရှိရန် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် ၀ိညာဉ်ရေးတွင် စတင်ကျင်လည်သောအခါ၊ အထူးသဖြင့် ကျွန်ုပ်တို့သည် အသက်တာ၏ နယ်ပယ်အသီးသီးတွင် အပြစ်တရား၌ ကျင်လည်နေပါက၊ ၎င်းသည် အလွန်အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိနိုင်သည်။ ၎င်းသည် ဘုရားသခင့်နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့၏အမှန်တကယ်နားလည်နိုင်စွမ်းအပေါ် အပျက်သဘောဆောင်သည်ဟု ကျွန်ုပ်ထင်သည်။ အထူးသဖြင့် ၎င်းသည် ကျွန်ုပ်တို့အား သမ္မာကျမ်းစာတွင် ရှိသည့် အမှန်တကယ်ပြင်းထန်သောအမိန့်တော်များမှ ဝေးကွာသွားစေသည့် အရာတစ်ခုဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ထိုအမိန့်တော်များကို ရှောင်ရန်ကြိုးစား နေသောကြောင့် ၎င်းတို့၏သမာဓိအပြည့်အဝကို မဆုပ်ကိုင်ထားခြင်းဖြစ်သည်။ ၎င်းသည် အလွန်အရေးကြီးသည် — သမ္မာကျမ်းစာကို သစ္စာရှိစွာအနက်ပြန်ဆိုရန်အတွက် နှလုံးသား၏အခြေအနေသည် မရှိမဖြစ် လိုအပ်သည်။

ဒေါက်တာ Philip Ryken

ပြင်ဆင်ခြင်းအတွက် ဤဦးစားပေးများကို စိတ်ထဲတွင်မှတ်ထားခြင်းဖြင့်၊ ကျွန်ုပ်တို့သည် ဒုတိယ မြောက်အနက်ပြန်ခြင်း လုပ်ငန်းစဉ်ဖြစ်သော ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်း၏မူလအဓိပ္ပာယ် ကို စူးစမ်းလေ့လာခြင်းသို့ လှည့်သင့်ပါသည်။

ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းတွင် ကျွန်ုပ်တို့အား ဘုရားသခင်ထံချဉ်းကပ်စေသည့် နည်းလမ်းများဖြင့် သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ်ကို စူးစမ်းလေ့လာခြင်းအားပုံဖော်ခြင်းပါဝင်ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စူးစမ်းလေ့လာခြင်းတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏အနီးအနားတွင် ရှိခြင်းနှင့်စပ်လျဉ်းသည့် သမ္မာကျမ်းရေးသူများ၏အတွေ့အကြုံနှင့် မူလပရိသတ်များကို ဘုရားသခင်ထံ နီးကပ်စေရန် မည်ကဲ့သို့ ရည်ရွယ်ထားသည်ကို ကျွန်ုပ်တို့ ကြည့်ရှုပါသည်။ ၎င်းကိုပြုလုပ်ရန် နည်းလမ်း များစွာရှိသော်လည်း ရိုးရှင်းမှုအတွက်၊ စူးစမ်းလေ့လာခြင်း၏အယူအဆဆိုင်ရာ၊ အပြုအမူဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အတိုင်းအတာများနှင့်ပတ်သက်၍ တစ်ဖန်ပြောဆိုပါမည်။

ပထမနေရာတွင်၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းသည် အယူအဆဆိုင်ရာ စူးစမ်းလေ့ လာခြင်းများ လိုအပ်သည်— ဘုရားသခင်နှင့် သူ၏မှုတ်သွင်းခံစာကျမ်းရေးသူများသည် ၎င်းတို့၏မူလ ပရိသတ်များထံ ဆက်သွယ်ရန် ရည်ရွယ်ထားသည့် အယူအဆများကို အာရုံစိုက်ပါသည်။ ကျွန်ုပ်တို့တွေ့ မြင်ခဲ့ရသည့်အတိုင်း၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းသည် အချက်အလက်များနှင့် နီးကပ်စွာ ချိတ်ဆက်ထားရမည်ဖြစ်သည်။ သို့မှသာ ၎င်းသည်ထင်မြင်ယူဆချက်များ သို့မဟုတ် အမှားအယွင်းများ ဖြစ်စေမည် မဟုတ်ပါ။ သိပ္ပံနည်းကျအနက်ပြန်ခြင်းသည် ဤလုပ်ငန်းအတွက် ကောင်းမွန်စွာ ပုံစံပြုထား ကြောင်း ကျွန်ုပ်တို့ သတိပြုမိထားပြီးဖြစ်သည်။ သို့သော် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်း၌ သိပ္ပံနည်းကျအနက်ပြန်ခြင်းတွင် ယေဘုယျအားဖြင့် ဖော်ပြမထားသော အယူအဆဆိုင်ရာ မေးခွန်းအချို့ ကို ကျွန်ုပ်တို့မေးပါသည်။ ဤကျမ်းပိုဒ်သည် စာရေးသူ၏ ဘုရားသခင်နှင့်ပတ်သက်သော အတွေ့အကြုံ ကို မည်သို့ဖော်ပြသနည်း။ ကျမ်းရေးသူသည် သူ၏ပရိသတ်များကို ဘုရားသခင်၏အနီးအနားတွင်ရှိခြင်း ကို တွေ့ကြုံခံစားရန် ရည်ရွယ်ထားပုံကို မည်သို့ဖော်ပြသနည်း။

ဒုတိယနေရာတွင်၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာစူးစမ်းလေ့လာခြင်းသည် သမ္မာကျမ်းစာ၏ မူလ အဓိပ္ပာယ်၏အပြုအမူဆိုင်ရာ အတိုင်းအတာများကို အာရုံစိုက်သင့်သည်။ လူသားတို့၏ အပြုအမူသည် ဘုရားသခင်၏ အထူးမျက်မှောက်တော်သို့ ရောက်ရှိရန် ကျွန်ုပ်တို့၏စွမ်းရည်ကို ပိုတိုးစေသည် သို့မ ဟုတ် ဟန့်တားစေသည်ဟု ကျွန်ုပ်တို့အစောပိုင်းတွင်ပြောခဲ့သည်။ ဤအကြောင်းကြောင့်၊ သမ္မာကျမ်း ရေးသူများရေးသားခဲ့သည့်အတိုင်း ၎င်းတို့၏လုပ်ရပ်များနှင့် ပရိသတ်များ၏လုပ်ဆောင်မှုများသည် ဘုရားသခင်၏အနီးအနားတွင်ရှိခြင်းဆိုင်ရာ ၎င်းတို့၏အတွေ့အကြုံအပေါ် မည်ကဲ့သို့အကျိုးသက် ရောက်ကြောင်းကိုလည်း ဖော်ပြကြသည်။

တတိယအချက်တွင်၊ ဘုရားသခင်နှင့် နီးကပ်စွာဆက်စပ်နေသောကြောင့် ဝတ်ပြုကိုးကွယ်မှုဆိုင် ရာ စူးစမ်းလေ့လာခြင်းသည် မူလအဓိပ္ပာယ်၏စိတ်ပိုင်းဆိုင်ရာအတိုင်းအတာများကို ထုတ်ဖော်ပြောဆို သင့်သည်။ သိပ္ပံနည်းကျအဓိပ္ပာယ်ဖွင့်ဆိုချက်သည် ယင်းကို မကြာခဏ လျစ်လျူရှုထားသော်လည်း၊ ကျမ်းစာရေးသူများသည် ၎င်းတို့၏ကိုယ်ပိုင်ခံစားချက်များကို ဖော်ပြကြပြီး သူတို့၏မူလပရိသတ်များ၏ စိတ်ခံစားချက်များအပေါ် အကျိုးသက်ရောက်မှုရှိစေရန် ကြိုးပမ်းခဲ့ကြသည်။ ကျမ်းစာရေးသားသူများ နှင့် ၎င်းတို့၏ပရိသတ်များ၏ ပျော်ရွှင်မှု၊ သံသယများ၊ ဝမ်းနည်းမှုများနှင့် ကြောက်ရွံ့မှုများသည် အချိန်တိုင်းတွင် ထွက်ပေါ်လာသည်။ ကျွန်ုပ်တို့ အကြံပြုထားပြီးဖြစ်သည့်အတိုင်း၊ ဘုရားသခင်၏ အနီးအနားတွင်ရှိခြင်းဆိုင်ရာပြင်းထန်သောအတွေ့အကြုံများတွင် မြင့်မားသည့်ခံစားချက်များ ပါဝင် သည်။ ထို့ကြောင့်၊ ကျမ်းရေးသူများ၊ ၎င်းတို့၏ပရိသတ်များ၏စိတ်ခံစားမှုများနှင့် ဘုရားသခင့် မျက်မှောက်တော်၏အတွေ့အကြုံများနှင့်မည်သို့ဆက်နွယ်သည်ကို သမ္မာကျမ်းစာကျမ်းပိုဒ်များ၏ ဖော်ပြချက်ကို ကျွန်ုပ်တို့ အမြဲအာရုံစိုက်ရန်လိုအပ်သည်။

ပြင်ဆင်ခြင်းနှင့် စူးစမ်းလေ့လာခြင်း၏ဦးစားပေးမှုများကို လေ့လာပြီးနောက်၊ ကျွန်ုပ်တို့သည် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာအနက်ပြန်ခြင်း၌ ကျင့်သုံးခြင်း၏ဦးစားပေးများကို ဖော်ပြသင့်ပါသည်။

ကျွန်ုပ်တို့သည် ဘုရားသခင့်မျက်မှောက်တော်၌ သမ္မာကျမ်းစာကိုဖတ်ရှုသောအခါ၊ ဘုရားသခင် အလိုရှိသည့်အတိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးရန် အထူးစိတ်အားထက်သန် ကြသည်။ ကျွန်ုပ်တို့သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ရေးသားခဲ့သော သက်မဲ့အရာဝတ္ထု တစ်ခုအဖြစ် သမ္မာကျမ်းစာကိုမမှတ်ယူပါ။ ဆန့်ကျင်ဘက်အနေနှင့်၊ ယနေ့ ကျွန်ုပ်တို့အတွက် အသက်ရှင် နေသော ဘုရားသခင့်နှုတ်ကပတ်တော်အဖြစ် သမ္မာကျမ်းစာကို သဘောထားသည်။ ၎င်းကို မည်သို့ပြီး မြောက်အောင်လုပ်ဆောင်ရမည်ဟူသည့် ပိုမိုကောင်းမွန်သောခံစားချက်ကို ကျွန်ုပ်တို့ရနိုင်ဖို့ကူညီရန်၊ ကျင့်သုံးခြင်း၏အယူအဆဆိုင်ရာ၊ အပြုအမူဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာအတိုင်းအတာများကို နောက်တစ် ကြိမ် ထပ်မံဖော်ပြပါမည်။

အယူအဆဆိုင်ရာအဆင့်တွင်၊ ဘုရားသခင်သည် ကိုယ်တော်နှင့်ပတ်သက်သော ကျွန်ုပ်တို့၏ အယူအဆများ၊ လူသားမျိုးနွယ်နှင့် သမ္မာကျမ်းစာမှတစ်ဆင့် အခြားဖန်ဆင်းခြင်းများကို မည်သို့အကျိုး သက်ရောက်သည်ကို ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာကျင့်သုံးခြင်းသည်အာရုံစိုက်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်၏ပြင်းထန်သောဆုတောင်းခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ဘုရား သခင်၏ဝိညာဉ်တော်၏အလင်းပေးမှုကို ကျွန်ုပ်တို့ရှာဖွေသောအခါ၊ ကိုယ်တော်နှင့်ပတ်သက်၍လည်း ကောင်း၊ လူသားမျိုးနွယ်နှင့် အခြားဖန်ဆင်းခြင်းဆိုင်ရာ ကျွန်ုပ်တို့၏အယူအဆများကို ဘုရားသခင်၏ ဝိညာဉ်တော်သည်အတည်ပြု၊ မြှင့်တင်ပေးကာ ပြုပြင်ပေးကြောင်း တွေ့ရှိမည်ဖြစ်သည်။ ဤပြင်ဆင် ချက်များကို စိတ်နှလုံးအကြွင်းမဲ့လက်ခံလိုက်သောအခါတွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏မျက်မှောက် တော်၏ကောင်းကြီးမင်္ဂလာကို အစဥ်အမြဲခံစားရသည်ကို တွေ့ရှိမည်ဖြစ်သည်။

အပြုအမူဆိုင်ရာအဆင့်တွင်၊ သမ္မာကျမ်းစာကို ဆင်ခြင်သုံးသပ်ရာတွင် ဘုရားသခင်မျက်မှောက် တော်အားဖြင့် ကျွန်ုပ်တို့၏အပြုအမူများကို မည်ကဲ့သို့ အကျိုးသက်ရောက်သည်ကို ဝတ်ပြုကိုးကွယ် ခြင်းဆိုင်ရာကျင့်သုံးခြင်းသည်အာရုံစိုက်သည်။

ကျွန်ုပ်တို့သည် သမ္မာကျမ်းစာထံသို့လာသောအခါ၊ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သမျှကို နှိမ့်ချစွာ ချထားရပါမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ဆုတောင်းရင်းဖြင့် နီးကပ်လာသည်နှင့်အမျှ၊ ကိုယ်တော် ၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အနာဂတ်တွင် ဘုရားသခင်အစေခံမှုကို အတည်ပြုပြီး မြှင့်တင်ပေး ပါသည်။ ၎င်းအပြင်၊ ကျွန်ုပ်တို့သည် ဝိညာဉ်တော်ကိုသစ္စာရှိစွာမှီခိုအားထားလျက် သမ္မာကျမ်းစာကို ဆင်ခြင်သုံးသပ်သောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘုရားသခင်နှစ်သက်သောလုပ်ရပ်များဆီသို့ ပြုပြင်ပေးကာ ပြောင်းလဲရန် ခွန်အားပေးတော်မူသည်ကို တွေ့ရှိရသည်။

နောက်ဆုံး၊ စိတ်ပိုင်းဆိုင်ရာအဆင့်တွင်၊ သမ္မာကျမ်းစာအား ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာကျင့်သုံး ခြင်းတွင် ဘုရားသခင့်မျက်မှောက်တော်၌ ကျမ်းစာဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့၏သဘောထားနှင့် ခံစား ချက်များအပေါ် အကျိုးသက်ရောက်မှုရှိခြင်း ပါဝင်သည်။ သူ၏ဉာဏ်ပညာအရ၊ ဘုရားသခင်၏ဝိညာဉ် တော်သည် သင့်လျော်သည့်အခါတွင် နောင်တရခြင်း၊ ပူဆွေးခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို ဆောင်ကျဉ်း ပေးသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ရွှင်လန်းမှု၊ ငြိမ်သက်မှုနှင့် ချစ်ခြင်း များဖြင့် ပြည့်စေပါသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဘုရားသခင်၏အသက်ရှင်သောနှုတ်ကပတ် တော်အဖြစ် ချဉ်းကပ်သောအခါ၊ ကိုယ်တော်အပေါ် ကျွန်ုပ်တို့၏ခံစားချက်များ၊ အခြားလူများနှင့် အခြား ဖန်ဆင်းခြင်းအရာများသည် ကျွန်ုပ်တို့အပေါ်သို့ တိတ်ဆိတ်စွာ ရောက်ရှိလာနိုင်သည်။ သို့မဟုတ်၊ ဝိညာဉ် တော်အလိုရှိသည်အတိုင်း၊ ၎င်းတို့သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ဖြည့်စွမ်းပေးနိုင်သောကြောင့် ကျွန်ုပ် တို့သည် ဘုရားသခင်မျက်မှောက်တော်အားဖြင့် လွှမ်းခြုံမှုရှိသည်။ မည်သို့ပင်ဆိုစေ၊ ဘုရားသခင်၏အနီး အနားတွင်ရှိခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာအား မည်သို့အနက်ဖွင့်ရမည်ကို လေ့လာသောအခါ၊ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ အယူအဆများနှင့် အပြုအမူများတွင်သာမက ကျွန်ုပ်တို့၏ နက်နဲသော စိတ်ခံစားမှုများတွင်လည်းရှင်သန်ကာ ကျွန်ုပ်တို့ကို ပြောင်းလဲပေးကြောင်း တွေ့ရှိရမည်ဖြစ်သည်။

သမ္မာကျမ်းစာကိုကျွန်ုပ်တို့လေ့လာသောအခါ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏တွေးခေါ်ပုံကို ပြောင်းလဲပစ်ရုံမျှသာ တောင်းဆိုနေခြင်း မဟုတ်ကြောင်း အသိအမှတ်ပြုရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဘဝကို ပြောင်းလဲရန် တောင်းဆိုနေပါသည်။ ထို့ကြောင့် ကျမ်းစာလေ့လာရန်အတွက် လူတို့ကိုကျွန်ုပ်တွန်းအားပေးလိုသည့်အရာများထဲမှတစ်ခုမှာ ကျမ်းစာကို ကျင့်သုံးရာ၌ အပိုင်းသုံးပိုင်းစဉ်းစားရန်ဖြစ်သည်_စဥ်းစားပါ၊ ခံစားပါ၊ လုပ်ဆောင်ပါ။ ဉာဏ်ပညာအယူဝါဒသည် ထိုအရာများထဲမှတစ်ခုနှင့်သာ ကျမ်းစာကိုကျွန်ုပ်တို့ကျင့်သုံးခြင်းဖြစ်သည်— ကျွန်ုပ်တို့ မည်သို့ စဥ်းစားသနည်း။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်စေလိုသောကြောင့်၊ စဉ်းစားခြင်းသည် ဘုရားသခင်အတွက် အရေးကြီးသည်။ သို့သော် ကျွန်ုပ်တို့မည်သို့ခံစားသည်လည်း ဘုရားသခင်အတွက်အရေးကြီးသည်—ကျွန်တော်တို့၏စိတ်ပိုင်းဆိုင်ရာဘဝ၊ တစ်နေ့တာလုံး၏စိတ်နေသဘောထား။ ကျွန်ုပ်တို့၏ခံစားချက်များသည် ဘုရားသခင်အတွက် အရေးကြီးသည်။ ခံစားချက်များသည် ဘုရားသခင်အပေါ် သစ္စာရှိနိုင်ပြီး၊ ခံစားချက်များသည် ဘုရားသခင်အပေါ် သစ္စာမဲ့နိုင်သည်။ ကြားနေခံစားချက်များ မရှိပါ။ သို့သော် “လုပ်ဆောင်သည်” ဟူသော ရှုထောင့်လည်း ရှိသည်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ကျင့်သုံးသောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ခံစားချက်များကို မည်သို့အကျိုးသက်ရောက် စေကြောင်း သို့မဟုတ် ကျွန်ုပ်တို့၏စိတ်ကို မည်သို့အကျိုးသက်ရောက်ကြောင်း စဉ်းစားစေလိုရုံသာမက၊ ကျွန်ုပ်တို့၏လုပ်ရပ်များအပေါ် မည်သို့အကျိုး သက်ရောက်မှုရှိကြောင်းကိုလည်း စဉ်းစားစေလိုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်ထိုဇယားကွက်ကို အသုံးပြုလျှင်—စဥ်းစားပါ၊ တွေးပါ၊ လုပ်ဆောင်ပါ—ယင်းက သမ္မာကျမ်းစာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ စဉ်းစားပုံကိုအမှန်ပင် ဟန်ချက်ညီစေသည်။

ဒေါက်တာ Michael J. Kruger

ဤသမ္မာကျမ်းစာအနက်ပြန်ခြင်းမိတ်ဆက်တွင်၊ ကျွန်ုပ်တို့သည် အဓိကအယူအဆသုံးခုကို အာရုံစိုက်ထားပါသည်။ ပထမ၊ ကျွန်ုပ်တို့ကိုဤဘာသာရပ်သို့ ဦးတည်စေသော အခြေခံအသုံးအနှုန်း အချို့ကို ကျွန်ုပ်တို့လေ့လာခဲ့သည်။ ဒုတိယ၊ သိပ္ပံနည်းကျအနက်ပြန်ခြင်းသည် ၎င်းတို့၏ခိုင်ခံ့မှုနှင့်ယုတ္တိ ကျညီညွတ်မှုရှိခြင်းသည်အရေးကြီးကြောင်း ကျွန်ုပ်တို့ သိမြင်ခဲ့သည်။ တတိယ၊ ဝတ်ပြုကိုးကွယ်မှုဆိုင် ရာအနက်ပြန်ခြင်း—ဘုရားသခင့်မျက်မှောက်တော်၌ သမ္မာကျမ်းစာဖတ်ရှုခြင်း—သည်သိပ္ပံနည်းကျ အနက်ပြန်ခြင်းနှင့်အရေးပါသောချိန်ညှိမှုရှိသည်ကို မြင်ရသည်။

သမ္မာကျမ်းစာကို အနက်ပြန်ခြင်းအကြောင်း ပိုမိုလေ့လာခြင်းသည် ဘုရားသခင်ထံမှ အသစ် သောထိုးထွင်းသိမြင်မှုများနှင့် ကောင်းချီးအမျိုးမျိုးတို့အတွက် လမ်းဖွင့်ပေးသည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများသည် ကျွန်ုပ်တို့ယုံကြည်သမျှ၊ ကျွန်ုပ်တို့လုပ်ဆောင်သမျှနှင့် ဘုရားသခင်၏သစ္စာရှိ သူများအဖြစ် ကျွန်ုပ်တို့ခံစားရသမျှအတွက် စံနှုန်းများကိုသတ်မှတ်ပေးသည်။ နောက်ထပ်လေ့လာမည့် သင်ခန်းစာအသေးစိတ်အချက်များတွင်၊ ကျွန်ုပ်တို့သည် သိပ္ပံနည်းကျနှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အနက်ပြန်ခြင်းနှစ်မျိုးစလုံးအတွက် မိမိကိုယ်ကိုအပ်နှံခြင်းသည် မည်မျှအရေးကြီးသည်ကို ကျွန်ုပ်တို့သိရှိ လာမည်ဖြစ်သည်။ ကျွန်ုပ်တို့လုပ်ဆောင်သကဲ့သို့၊ ကျွန်ုပ်တို့၏ဘဝအသက်တာကဏ္ဍတိုင်းတွင် ဘုရား သခင်အား သစ္စာရှိစွာအစေခံခြင်းအတွက် လမ်းကြောင်းအသစ်များကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိမည် ဖြစ်သည်။

Continue reading the full transcript