<link rel="stylesheet" href="https://cdn.plyr.io/3.7.8/plyr.css" />
Back to CatalogHGBသမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ
သမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ ·VideoTranslated from English

HGB-03 ကျမ်းစာကို စုံစမ်းခြင်း

Read the full text

အတန်းချိန် ၃ နှင့်အတူ ဗ伴�ြုထားသော ဗီဒီယိုတစ်ခု။ အောက်ပါမေးခွန်းများကို ဖြေသည်- ကျမ်းစာ၏ မူလအဓိပ္ပာယ်ကို သိမြင်ရန် ကူညီပေးနိုင်သော အချက်များ။ ကျမ်းစာ၏ မူလအဓိပ္ပာယ်ကို သိမြင်ရန် ကူညီပေးနိုင်သော အချက်များ။ ဂရမ်မာ-သမိုင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် ဆိုသည်မှာ အဘယ်နည်း။ ကျမ်းစာတစ်စောင်ကို ရေးသားသူ၏ သတင်းအချက်အလက်သည် စာအုပ်၏ မူလအဓိပ္ပာယ်ကို နားလည်ရန် ကျွန်ုပ်တို့ မည်သို့ ကူညီပေးသနည်း။ ကျမ်းစာတစ်စောင်ကို မူလပရိသတ်အကြောင်း သတင်းအချက်အလက်သည် ၎င်း၏အဓိပ္ပာယ်ကို နားလည်ရန် ကျွန်ုပ်တို့ မည်သို့ကူညီပေးသနည်း။ ကျမ်းစာရေးသားသူများသည် ၎င်းတို့၏ပစ္စည်းကို မူလပရိသတ်များအတွက် ပိုမိုအဓိပ္ပာယ်ရှိစေရန် မည်သို့လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခဲ့သနည်း။ အလယ်ခေတ်တွင်၊ ကျမ်းစာ၏ မူလအဓိပ္ပာယ်ကို အလေးထားခြင်းသည် ဘုရားကျောင်း၏ ဓလေ့ထုံးတမ်းထက် ပိုမို သို့မဟုတ် လျော့နည်းသနည်း။ ကျမ်းစာ၏ စာသားသည် အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးသွားပါသလား။ ကျမ်းစာကျမ်းပိုဒ်များ၏ သမိုင်းဆိုင်ရာအခြေအနေကို လျစ်လျူရှုခြင်း၏ အကျိုးဆက်များကား အဘယ်နည်း။


From the transcript

၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့သော သာ့ဒ်မစ်လ် သည်အမြတ်အစွန်းကို အဓိက မထားသော ဧဝံဂေလိ ခရစ်ယာန် အမှုတော် တစ်ခု ဖြစ်ပါသည်။ သာ့ဒ်မစ်လ်က ပေးအပ်ရန် ရည်စူးထားသည်မှာ-

ကျွန်ုပ်တို့၏ ပန်းတိုင်မှာ ကမ္ဘာတလွှားရှိ အမှုတော်အတွက် လုံလောက်သော လေ့ကျင့်ရည် ချို့တဲ့ ကင်းမဲ့သည့် သင်းအုပ်နှင့် ခရစ်ယာန် ခေါင်းဆောင် ထောင်ပေါင်း များစွာအား အခမဲ့ ခရစ်ယာန် ပညာရေးကို ပေးကမ်းရန် ဖြစ်ပါသည်။ ပြိုင်ဖက်ကင်းသော မီဒီယာစုံသင် စာသင်တိုက် သင်ရိုးကို အင်္ဂလိပ်၊ အာရဘစ်၊ တရုတ်၊ ရုရှ နှင့် စပိန် ဘာသာစကားများဖြင့် ထုတ်လုပ်ပြီး ကမ္ဘာ အနှံ့ ဖြန့်ဝေခြင်း အားဖြင့် ဤပန်းတိုင်ကို ကျွန်ုပ်တို့ ဖြည့်ဆည်းနေပါသည်။ ကျွန်ုပ်တို့၏ သင်ရိုးကို ကျွန်ုပ်တို့၏ မိတ်ဖက် အမှုတော်များအားဖြင့် အခြားသော ဘာသာစကား တစ်ဒါဇင်ကျော်သို့ ပြန်ဆိုလျက် ရှိပါသည်။ သင်ရိုးတွင် ရုပ်ပုံများက ထိန်းကျောင်းသော ဗီဒီယိုများ၊ ပုံနှိပ်ထားသော ညွှန်ကြားချက်များ နှင့် အင်တာနက် အရင်းအမြစ်များ ပါဝင်ပါသည်။ ၎င်းကို ကျောင်းများ၊ အုပ်စုများ၊ တစ်ဦးချင်း ပုဂ္ဂိုလ်များ၊ အွန်လိုင်းတွင်သာမက သင်ယူလေ့လာသော လူ့အဖွဲ့အစည်းများတွင်ပါ အသုံးပြုနိုင်အောင် ပုံစံဆွဲထားပါသည်။

နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံး ပါဝင် ပစ္စည်းနှင့် အရည်အသွေး ရှိသော ဆုရ မီဒီယာစုံသင် သင်ခန်းစာများကို အလွန်ပင် တွက်ချေကိုက်စွာ ပြုစုထုတ်လုပ်ပေးသည့် နည်းစနစ်တစ်ခုကို ကျွန်ုပ်တို့ တိုးတက်ဖွံ့ဖြိုးလာစေခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စာရေးသူများနှင့် အယ်ဒီတာများသည် ဓမ္မပညာပိုင်းဆိုင်ရာ လေ့ကျင့်မှု ရှိထားပြီးသော ပညာပေးသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘာသာပြန်ဆိုသူများသည်လည်း သူတို့၏ ဦးတည် ဘာသာစကားများ၌ ဓမ္မပညာပိုင်းဆိုင်ရာ ကျွမ်းကျင် လိမ္မာသော ဒေသစကားပြောသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ သင်ခန်းစာများတွင်လည်း ကမ္ဘာတလွှားမှ ထောင်ပေါင်းများစွာသော ဂုဏ်အသရေ ရှိ စာသင်တိုက် ပါမောက္ခများနှင့် သင်းအုပ်ဆရာများ၏ ထိုးထွင်းအမြင်များ ပါဝင်ပါသည်။ ဖြည့်စွက်ပြောရလျှင် ကျွန်ုပ်တို့၏ ရုပ်ပုံ ဒီဇိုင်နာများ၊ ပန်းချီဆရာများ၊ ထုတ်လုပ်သူများသည် လုံးဝဥဿုံ ခေတ်မှီသော ကရိယာများနှင့် နည်းလမ်းများကို သုံး၍ အမြင့်ဆုံး ထုတ်လုပ်မှု ဆိုင်ရာ စံနှုန်းများကို လိုက်နာထားပါသည်။

ကျွန်ုပ်တို့၏ ဖြန့်ချိရေး ဆိုင်ရာ ပန်းတိုင်များကို ပြီးမြောက်ရန် အတွက် သာ့ဒ်မစ်လ် အနေဖြင့် အသင်းတော်များ၊ စာသင်တိုက်များ၊ ကျမ်းစာကျောင်းများ၊ သာသနာပြုများ၊ ခရစ်ယာန် အသံလွှင့်သူများ၊ ဂြိုလ်တု ရုပ်မြင်သံကြား ဝန်ဆောင်မှုပေးသူများ၊ အခြားသော အဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော မိတ်ဖက်ဖြစ်မှုကို အခိုင်အမာ ပြုလုပ်ထားပါသည်။ ဤ ဆက်နွယ်မှုများကြောင့် ဒေသခံခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ စာသင်တိုက် စာသင်သားများသို့ ဗီဒီယို သင်ခန်းစာ အမြောက်အများကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ သည်လည်း ဖြန့်ချိရေး လမ်းကြောင်းများ အဖြစ် အသုံးတည့်နေသလို သင်၏ ကိုယ်ပိုင် လေ့လာသင်ယူ လူ့အဖွဲ့အစည်းကို မည်သို့ စတင်ရမည် ဆိုသည်နှင့် သက်ဆိုင်သည့် သင်ခန်းစာ ပစ္စည်းများ အပါအဝင် ကျွန်ုပ်တို့၏ သင်ခန်းစာများကို ထပ်ဆောင်းဖြည့်ဆည်းပေးရန် အတွက် နောက်ထပ် လိုအပ်သော ပစ္စည်းများကိုလည်း ပေးကမ်းပါသည်။

သမ္မာကျမ်းစာကို နားလည်ခြင်းသည် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ခြင်းနှင့်တူပါသည်။ ရှေးဟောင်းသုတေသနပညာရှင်များသည် အတိတ်မှဖြစ်တည်လာသော အရာများကို လေ့လာရန် မိမိကိုယ်ကိုမြှုပ်နှံထားကြောင်း ကျွန်ုပ်တို့သိကြသည်။ သူတို့သည် ရှေးဟောင်းနေရာဒေသတွင် ရှေးဟောင်းပစ္စည်းများကို တူးဖော်ကြပြီး၊ ရှေးမူလဖန်တီးအသုံးပြုချိန်၌ရှိခဲ့သော ရှေးဟောင်းပစ္စည်းများ ၏အရေးပါမှုကို ပြန်လည်တည်ဆောက်ရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။ အလားတူ၊ သမ္မာကျမ်းစာ ကိုစူးစမ်းလေ့လာရာတွင် အတိတ်မှအကြောင်းအရာများတူးဖော်ခြင်း ပါဝင်သည်။ ကျွန်ုပ်တို့သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာမှစ၍ ဖြစ်တည်လာခဲ့သော သမ္မာကျမ်းစာကျမ်းပိုဒ်များကို ဖော်ပြကြ ပြီး၊ မူလရှေးဟောင်း သမိုင်းဆိုင်ရာအကြောင်းအရာများ၌ ၎င်းတို့၏အရေးပါမှုကို ပြန်လည်တည် ဆောက်ကြပါသည်။ သမ္မာကျမ်းစာများကို ရှေးခေတ်အကြောင်းအရာများ၌ စူးစမ်းလေ့လာခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် သူ၏မှုတ်သွင်းခံလူသားကျမ်းရေးသူများအနေဖြင့် သမ္မာကျမ်းစာကို ပထမဆုံးစတင်ရေးသားချိန်တွင် ရည်ရွယ်ထားချက်များနှင့် အပြည့်အဝယုံကြည်စိတ်ချနိုင်သော၊ အမှားအယွင်းမရှိသော၊ အခွင့်အာဏာရှိသောအဓိပ္ပာယ်ကို ကျွန်ုပ်တို့ရှာဖွေတွေ့ရှိနိုင်သောကြောင့် သမ္မာကျမ်းစာအနက်ပြန်ဆိုခြင်း၏ အရေးကြီးသောအတိုင်းအတာတစ်ခုဖြစ်သည်။

ဤသင်ခန်းစာသည် ကျွန်ုပ်တို့အား သူကျမ်းစာပေးခဲ့သည်_အနက်ပြန်ခြင်းဆိုင်ရာ အခြေခံ အုတ်မြစ်များ အခန်းဆက်ဆောင်းပါးမှ တတိယသင်ခန်းစာဖြစ်ပြီး၊ "သမ္မာကျမ်းစာအား စူးစမ်းလေ့လာ ခြင်း" ဟု ခေါင်းစဉ်တပ်ထားပါသည်။ ဤသင်ခန်းစာတွင်၊ သမ္မာကျမ်းစာ၏အဓိပ္ပာယ်ကို ရှာဖွေဖော်ထုတ် ရန်အတွက် အရေးကြီးသော သဘောတရားများစွာအပေါ် ကျွန်ုပ်တို့အာရုံစိုက်ပါမည်။

သမ္မာကျမ်းစာအား စူးစမ်းလေ့လာခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဆွေးနွေးချက်ကို အပိုင်းသုံးပိုင်းခွဲပါမည်။ ဦးစွာ၊ စူးစမ်းလေ့လာခြင်း၏ရည်ရွယ်ချက်ဖြစ်သည့် မူလအဓိပ္ပာယ်ကို ကျွန်ုပ်တို့ သတ်မှတ်ပါမည်။ ဒုတိယ၊ သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ်ကိုလေးနက်မှုရှိစေရန် ဓမ္မပညာအခြေခံကို ရှင်းပြပါမည်။ တတိယ၊ မူလအဓိပ္ပာယ်ကို မှန်ကန်စွာအာရုံစိုက်ခြင်း၏ အရေးပါမှုကို လေ့လာပါမည်။ မူလအဓိပ္ပါယ်အား အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် စတင်လေ့လာကြပါစို့။

ကျွန်ုပ်တို့ပြောသည့်အရာ သို့မဟုတ် ရေးထားသည့်အရာကို တစ်စုံတစ်ဦးမှ နားလည်မှု လွဲသွား သောအတွေ့အကြုံများ ကျွန်ုပ်တို့အားလုံးတွင်ရှိကြမည်ဖြစ်ပြီး၊ “မင်းသိပါတယ်၊ ငါဆိုလိုတာအဲဒါမဟုတ် ဘူး” ဟုကျွန်ုပ်တို့ပြောလေ့ရှိပါသည်။ ကျွန်ုပ်တို့မူလရည်ရွယ်ထားချက်နှင့်ဆန့်ကျင်သည့်ပုံစံဖြင့် ကျွန်ုပ် တို့၏စကားများကို လူတို့အသုံးပြုခြင်းကို ကျွန်ုပ်တို့မနှစ်သက်ကြပါ။ ရှင်းပြချက်စကားလုံးအနည်းငယ် သည် အကြောင်းအရာများစွာကို များသောအားဖြင့်ပြေလည်စေပါသည်။ သို့သော် သမ္မာကျမ်းစာကဲ့သို့ သော လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာတွင်ပြောခဲ့သော သို့မဟုတ် ရေးသားခဲ့သော တစ်စုံတစ်ခု၏ မူလအဓိပ္ပာယ်ကို အဖြေရှာခြင်းသည် လွယ်ကူသည်မဟုတ်ပါ။ ကျွန်ုပ်တို့သည်ဖြေးညှင်းစွာနှင့် မေးခွန်း အနည်းငယ်မေးရမည်_ သမ္မာကျမ်းစာကျမ်းပိုဒ်၏ “မူလအဓိပ္ပာယ်” သည် မည်သည့်အရာကိုဆိုလိုသ နည်း။ ၎င်းကိုအဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။ ၎င်းသည် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ် ကြောင့် အရေးကြီးသနည်း။

မူလအဓိပ္ပာယ်ကို မည်သို့သတ်မှတ်ရမည်နှင့်ပတ်သက်၍ မရေမတွက်နိုင်သော ပညာရပ် ဆိုင်ရာငြင်းခုံမှုများ ပေါ်ထွက်လာသည်။ သို့သော် ဤအခန်းဆက်ဆောင်းပါး၏ရည်ရွယ်ချက်များ အတွက်၊ ကျမ်းပိုဒ်တစ်ခု၏ မူလအဓိပ္ပာယ်ကို အောက်ပါအတိုင်း ကျွန်ုပ်တို့သတ်မှတ်ပါမည်_

အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများသည် ၎င်း၏ပထမဆုံး စာဖတ်သူပရိသတ်ထံ ဘုရားသခင်နှင့် လူသားကျမ်းရေးသူများ အတူရည်ရွယ်သည့်အထောက်အထားများဖြစ်သည်။

သေချာသည်မှာ၊ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ရှုပ်ထွေးမှုများစွာရှိပြီး၊ ၎င်းတို့ထဲမှအချို့ကို ကျွန်ုပ်တို့ ဆက်လက်လေ့လာသွားပါမည်။

"ဆက်သွယ်မှု" ဟူသော စကားလုံးအား တတ်နိုင်သမျှအကျယ်ပြန့်ဆုံးသော အဓိပ္ပာယ်ဖြင့် စတင် ကြပါစို့။ သန့်ရှင်းသောဝိညာဉ်တော်နှင့် လူသားကျမ်းရေးသူနှစ်ဦးစလုံးသည် ၎င်းတို့၏သမ္မာကျမ်းစာအုပ် များကို အဆင့်အတန်းများစွာတွင် ဆက်သွယ်လိုကြသည်။ ဝမ်းနည်းဖွယ်မှာ၊ ကျွန်ုပ်တို့သည် အတွေး အမြင်များ သို့မဟုတ် အယူအဆများနှင့်ပတ်သက်၍ ကျမ်းစာရေးသားသူများသည် ၎င်းတို့၏ပရိသတ် များနှင့် ဆက်သွယ်လိုကြသည်ဟု သမ္မာကျမ်းစာ၏ဆက်သွယ်မှုအပေါ် အဓိကစဥ်းစားလေ့ရှိကြသည်။ သို့သော် သမ္မာကျမ်းစာ၏အဓိပ္ပာယ်သည် ဤအရာထက် အဓိပ္ပာယ်ပို၍ကြွယ်ဝသည်။ ထုံးတမ်းစဉ်လာ ပုံဥပမာတစ်ခုတွင် ဖော်ပြထားသကဲ့သို့၊ သမ္မာကျမ်းစာသည် ဦးခေါင်း၊ လက်နှင့် နှလုံးသားတို့ကို ဆက်သွယ်ထားသည်။ သို့မဟုတ် ဤသင်ခန်းစာတွင် ကျွန်ုပ်တို့အသုံးပြုခဲ့သော ဝေါဟာရများတွင် ထည့်သွင်းရန်၊ အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများဆိုင်ရာ ဝေါဟာရများဖြင့် ၎င်းသည် ဆက်သွယ်ပေးသည်။ သမ္မာကျမ်းရေးသူများသည် ၎င်းတို့၏ကိုယ်ပိုင်အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများအပြင် ၎င်းတို့၏အခြားစာအုပ်များတွင်ဖော်ပြထားချက်များကို အားရုံစိုက်စေရန် သမ္မာကျမ်းစာကိုပုံဖော်ခဲ့ကြသည်။ သို့သော် ၎င်းထက်မက၊ သမ္မာကျမ်းစာပါကျမ်းပိုဒ်များသည် ပရိသတ် များ၏အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို ပြောင်းလဲစေရန် ရည်ရွယ်ပါသည်။ ၂ တိမော သေ ၃:၁၆-၁၇ တွင် ကျွန်ုပ်တို့ဖတ်ရသည်မှာ_

ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏ (၂ တိမောသေ ၃:၁၆-၁၇)။

သန့်ရှင်းသောဝိညာဉ်တော်သည် ဤအရာများအားလုံးကို ယုံကြည်သူများ၏အသက်တာတွင် ပြီးမြောက်စေရန်နှင့် ပိုမိုပြည့်စုံစေရန်အတွက် သမ္မာကျမ်းစာကို ပုံဖော်ထားသည်။ ထို့ကြောင့် စူးစမ်း လေ့လာခြင်းများသည် မူလအဓိပ္ပာယ်ကိုရှာဖွေရန် ရည်ရွယ်သည်ဟုပြောသောအခါ၊ စကားလုံးများ၏ ကျဉ်းမြောင်းသောသဘောတရားထဲ၌ စကားလုံးများနှင့် စာကြောင်းများ မည်သို့ဆိုလိုသည်ကို ရှာဖွေရန် ကြိုးစားနေခြင်း မဟုတ်ပါ။ ၎င်းအစား၊ ကျွန်ုပ်တို့သည် ကျမ်းရေးသူများက၎င်းတို့၏ မူလပရိသတ်များ ၏ဘဝအပေါ် ရည်ရွယ်ထားသော သက်ရောက်မှု အပြည့်အစုံကို ရှာဖွေနေပါသည်။

မူလအဓိပ္ပာယ်၏သဘောတရားကို ကျွန်ုပ်တို့သုံးသပ်သည်နှင့်အမျှ၊ အဓိကအကြောင်းအရာ သုံးခုကို စဥ်းစားရန် အထောက်အကူဖြစ်စေပါသည်_ ကျွန်ုပ်တို့လေ့လာနေသော သမ္မာကျမ်းစာ အထောက်အထား၊ အထောက်အထားကိုရေးရန် သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းသောလူသား ကျမ်းရေးသူနှင့် လူသားကျမ်းရေးသူရည်ရွယ်ထားသည့် အထောက်အထား၏ ပထမဆုံး လက်ခံသူ ပရိသတ်များ စသည်တို့ဖြစ်သည်။

ပထမဆုံးသောပရိသတ်ထံပေးပို့ခဲ့သော ဘုရားသခင်၏စစ်မှန်သော နှုတ်ကပတ်တော်ဖြစ်သော ကြောင့် အထောက်အထားသည် အရေးကြီးပါသည်။ သဘာဝမှုတ်သွင်းခြင်းဖြစ်စဉ်မှတဆင့်၊ အထောက် အထားသည် ကျမ်းရေးသူ၏ အတွေးအမြင်၊ ရည်ရွယ်ချက်များ၊ ခံစားချက်များ၊ စာပေကျွမ်းကျင်မှု အစရှိသည်တို့ကို ထင်ဟပ်စေသောကြောင့် လူသားကျမ်းရေးသူသည် အရေးကြီးသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် လူသားကျမ်းရေးသူနှစ်ဦးစလုံးသည် ၎င်းတို့၏ကိုယ်ပိုင်အကြောင်းအရာနှင့် အခြေအနေ များတွင် အထူးနည်းလမ်းဖြင့် အထောက်အထားကို ဖန်တီးခဲ့ခြင်းဖြစ်သောကြောင့် ပရိသတ်သည် အရေးကြီးသည်။ ဆိုလိုသည်မှာ ကျမ်းပိုဒ်တိုင်းသည် သမိုင်းကြောင်းအရ အချိန်အတိုင်းအတာတစ်ခု အထိ သတ်မှတ်ထားသော သို့မဟုတ် လိုက်လျောညီထွေရှိခဲ့သောအရာဖြစ်ပြီး၊ မူလပရိသတ်မှ တွေ့ကြုံ ခံစားရသော ဘဝအခြေအနေဖြစ်သည်။

လူသားကျမ်းရေးသူများသည် မည်သည့်အခါမှ မရည်ရွယ်သည့်နည်းလမ်းဖြင့် ၎င်းတို့၏ ပရိသတ်များအပေါ် သက်ရောက်မှုရှိသော အထောက်အထားများကို ဖန်တီးကြသည်မှာ အမှန်ပင်ဖြစ် သည်။ သို့သော် စူးစမ်းလေ့လာခြင်းလုပ်ငန်းစဉ်တွင်၊ သမ္မာကျမ်းရေးသူများသည် ၎င်းတို့၏မူလပရိသတ် များကို ၎င်းတို့၏အထောက်အထားများမှတစ်ဆင့် မည်သို့အကျိုးသက်ရောက်စေရန် ရည်ရွယ်သည်ကို ကျွန်ုပ်တို့ အထူးစိတ်ဝင်စားပါသည်။ ထို့ကြောင့်၊ ကျမ်းပိုဒ်တစ်ခု၏ မူလအဓိပ္ပာယ်ကို စူးစမ်းလေ့လာ ခြင်းသည် ၎င်း၏ကျမ်းရေးသူနှင့် ပထမပရိသတ်တို့၏ သမိုင်းဆိုင်ရာအခြေအနေများအတွင်း၌ ရှိနေ သကဲ့သို့ စူးစမ်းလေ့လာခြင်း ပါဝင်သည်။ ဤကဲ့သို့သော စူးစမ်းရှာဖွေမှုတွင် သုတေသနပြုချက်၊ ဂရုတ စိုက် စဥ်းစားတွေးခေါ်မှုနှင့် စိတ်ကူးစိတ်သန်းများစွာ လိုအပ်သည်။ တစ်နည်းအားဖြင့်ဆိုရသော်၊ သမ္မာကျမ်းစာအထောက်အထားများသည် ၎င်းတို့၏မူလအခြေအနေများတွင် မရှိနိုင်တော့သောကြောင့် လူသား၏ကြိုးစားအားထုတ်မှုများစွာလိုအပ်သည်။

မူလအဓိပ္ပာယ်ကို စိတ်ထဲတွင် ဤနားလည်ထားခြင်းဖြင့်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို စူးစမ်းလေ့လာသောအခါ ၎င်းကိုအလေးပေးရန်အတွက် ဓမ္မပညာအခြေခံကို လေ့လာကြပါစို့။

သမ္မာကျမ်းစာကိုစူးစမ်းလေ့လာခြင်းတွင် မူလအဓိပ္ပာယ်၏ကဏ္ဍသုံးရပ်ကို အလေးပေး ဖော်ပြရန်အတွက် ခိုင်လုံသောဓမ္မပညာအခြေခံတစ်ခုရှိသည်။ ဦးစွာ၊ ကျွန်ုပ်တို့သည် ကျမ်းရေးသူကို အာရုံစိုက်ခြင်းဆိုင်ရာ ဓမ္မပညာအခြေခံအကြောင်း ပြောပါမည်။ ဒုတိယ၊ မူလပရိသတ်နှင့်ပတ်သက်၍ စဉ်းစားပါမည်။ တတိယ၊ အထောက်အထား၏လုပ်ဆောင်ချက်ကို ကြည့်ပါမည်။ လူသားကျမ်းရေးသူ နှင့်ပတ်သက်၍ သုံးသပ်ရန်အတွက် ဓမ္မပညာအခြေခံဖြင့် စတင်ကြပါစို့။

ယခင်သင်ခန်းစာတစ်ခုတွင်၊ သမ္မာကျမ်းစာအား ဘုရားသခင်သည် သဘာဝအတိုင်းမှုတ်သွင်း ထားကြောင်း ကျွန်ုပ်တို့ဖော်ပြခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူသားကျမ်းရေးသူများ၏ ကိုယ်ရည်ကိုယ်သွေးများ၊ အတွေ့အကြုံများ၊ စိတ်ခံစားမှုများနှင့် အတွေးအမြင်ပုံစံများမှတဆင့် သူ၏ နှုတ်ကပတ်တော်ကို ဆက်သွယ်ရန် ရွေးချယ်ခဲ့သည်။ လူသားကျမ်းရေးသူများ၏ အရေးပါပုံကို ထင်ရှား စွာဖော်ပြထားသည့်နေရာများစွာ သမ္မာကျမ်းစာတွင်ရှိပါသည်။ မဿဲ ၂၂း၄၁-၄၅ တွင် ယေရှု ပြောခဲ့သည် ကို နားထောင်ကြည့်ပါ_

ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြ သနည်း။ အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊ သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ် သနည်း။ ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော် မူသည်ရှိသော် (မဿဲ ၂၂း၄၁-၄၅)။

ဤကျမ်းပိုဒ်တွင်၊ ယေရှုသည် ဒါဝိဒ်၏ဆာလံ ၁၁၀ ကို ကိုးကားခဲ့သည်။ လူသားကျမ်းရေးသူမှာ ဒါဝိဒ်ဖြစ်သည်ဟူသောအချက်နှင့် ဆာလံကျမ်း၏အနက်ပြန်ဆိုခြင်းကို တိကျစွာ ဆက်စပ်ထားသည်။

ဒါဝိဒ်သည် ခရစ်တော်ကို “သခင်” ဟုခေါ်ဝေါ်ခြင်းမှာ ခရစ်တော်သည် ဒါဝိဒ်၏သားတော်မျှသာ မဟုတ်ကြောင်း ယေရှုညွှန်ပြခဲ့သည်။ ခရစ်တော်သည် ဒါဝိဒ်ထက်ပင် ကြီးမြတ်ပေမည်။ အမှန်တကယ် တွင်၊ ဤဆာလံကျမ်းကို ဒါဝိဒ်ရေးသားခဲ့သည်ဟူသောအချက်ကို ကျွန်ုပ်တို့သုံးသပ်မှသာ ယေရှု၏ ပြောဆိုမှုသည် အဓိပ္ပာယ်ရှိမည်ဖြစ်သည်။ ဤနေရာတွင် သခင်ယေရှုပြုသကဲ့သို့ပင်၊ လေးနက်သော အနက်ပြန်ဆိုချက်အားလုံးသည် သမ္မာကျမ်းစာရေးသားသူများ၏ အရေးပါမှုကို အသိအမှတ်ပြုသည်။

သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာခြင်း၏ ပျော်ရွှင်မှုတစ်ခုသည် သမ္မာကျမ်းစာရေးသားသူတို့၏အကြောင်း ပိုမိုနက်နဲသောအသိပညာကို ရရှိလာခြင်းဖြစ်သည်။ မကြာခဏဆိုသလို ၎င်းသည် သမ္မာကျမ်းစာနှင့် ပတ်သက်၍ ကျွန်ုပ်တို့အားအလင်းပေးပြီး၊ ပိုမိုလေးနက်သော နားလည်မှုရှိစေသော နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းနှင့်ပတ်သက်သော ပုံဥပမာများ များစွာရှိပါသည်။ ဥပမာအားဖြင့်၊ ငိုကြွေးသောပရောဖက် ယေရမိ၏အမှုတော်နှင့်ပတ်သက်၍ ယေရုရှလင်မြို့၌ဘုရားသခင်၏လူတို့အပေါ် တရားစီရင်ခြင်းကိုပရောဖက်ပြုစဥ်တွင် အမှန်တကယ် တွေ့ကြုံခဲ့သောအရာများကို သူနားလည်သည်ဟု ကျွန်ုပ်ထင်ပါသည်။ ထို့နောက် ထိုမြို့၌ကျရောက်ခဲ့သော ဘုရားသခင်၏တရားစီရင်ခြင်းကို အမှန်တကယ်ခံစားခဲ့ရပြီး၊ ဘေးဒုက္ခအတွက် ငိုကြွေးမြည်တမ်းခဲ့သည်။ ဤအရာအားလုံးသည် ယေရမိကျမ်းတစ်ခုလုံးကို ပိုမိုနက်နဲပြီး နားလည်သဘောပေါက်စေသည်။ သို့မဟုတ် တမန်တော်ပေါလုအကြောင်း ကျွန်ုပ်တို့သိသမျှနှင့် တမန်တော်ဝတ္ထုတွင်ဖော်ပြထားသော သူ၏အမှုတော်ဇတ်ကြောင်းတွင်အခြေခံ၍ သူ၏သြဝါဒစာများကို ဖတ်ရှုခြင်းအပေါ် ၎င်းသည်မည်မျှအကျိုးပြုသည်ကို စဉ်းစားကြည့်ပါ။ သမ္မာကျမ်းစာရေးသားသူများ၏ဘဝနှင့် အတွေ့အကြုံများကို ကျွန်ုပ်တို့အားနားလည်သဘောပေါက်စေပြီး၊ သူတို့၏သွန်သင်ချက်များကို သင့်လျော်သောအကြောင်းအရာအဖြစ် သတ်မှတ်ပေးခြင်းဖြင့် သမ္မာကျမ်းစာသည် ၎င်း၏အဓိပ္ပာယ်ကို အားဖြည့်ပေးပါသည်။

ဒေါက်တာ Philip Ryken

လူသားကျမ်းရေးသူကို အာရုံစိုက်ခြင်းသည် သမ္မာကျမ်းစာ၏အင်္ဂါရပ်များစွာကို နားလည်စေ သည်။ အခြားဥပမာအနေဖြင့်၊ ၂ ဓမ္မရာဇဝင်နှင့် ၁ ရာဇဝင်ချုပ်တို့၌ ဒါဝိဒ်၏ဘုရင်ဖြစ်ခြင်းကို ပြောပြ သည့် မတူညီသောနည်းလမ်းများကို သုံးသပ်ကြည့်ပါ။ ၂ ဓမ္မရာဇဝင်သည် ဒါဝိဒ်၏ဗာသရှေဘနှင့်အပြစ်၊ ဒါဝိဒ်၏အပြစ်နောက်သို့လိုက်သော အဗရှလုံ၏ပုန်ကန်မှုအကြောင်း အခန်းကိုးခန်း‌ဖော်ပြခဲ့သည်။ သို့သော် ၁ ရာဇဝင်ချုပ်သည် ဤဇာတ်လမ်းများ၏ မည်သည့်အပိုင်းကိုမှ မဖော်ပြပါ။ ဒါဝိဒ်၏မျိုးရိုး စဉ်ဆက်တွင် ဗာသရှေဘနှင့် အဗရှလုံတို့၏အမည်များကိုပင် မဖော်ပြထားပါ။ ရာဇဝင်ချုပ်ကျမ်းရေးသူ သည် ဤကဲ့သို့သော အဓိကဖြစ်ရပ်များကို ဒါဝိဒ်၏ဘဝတွင်အဘယ်ကြောင့် ချန်လှပ်ထားသနည်း။ အဖြေမှာ ရာဇဝင်ကျမ်းနှင့် ရာဇဝင်ချုပ်ကျမ်း၏လူသားကျမ်းရေးသူများ၏ သမိုင်းဆိုင်ရာအခြေအနေ များ၊ ရည်ရွယ်ချက်များနှင့် သက်ဆိုင်နေပါသည်။ ဒါဝိဒ်၏ချို့ယွင်းချက်များရှိနေသော်လည်း သူသည် ဣသရေလလူမျိုးအတွက် ဘုရားသခင်၏ရွေးချယ်ထားသူဖြစ်ကြောင်း ရာဇဝင်ကျမ်းရေးသားသူသည် ဖော်ပြပြီး၊ ဒါဝိဒ်သည် သူ၏အပြစ်ကို မည်သို့တုံ့ပြန်ကြောင်းဖော်ပြခြင်းသည် စာရေးသူ၏ဇတ်လမ်း ရည်ရွယ်ချက်အတွက် အရေးကြီးသည်။ သို့သော် ရာဇဝင်ချုပ်ကျမ်းရေးသားသူသည် ကျွန်ခံရာမှ ပြန်လာသော ပရိသတ်အတွက် ဣသရေလလူမျိုး၏ အလွန်ကြေကွဲဖွယ်ရာသမိုင်းကို ရေးသားနေပါ သည်။ သူသည် ရာဇဝင်ကျမ်းကို ဆန့်ကျင်ခြင်းမရှိသော်လည်း၊ သူ၏ကိုယ်ပိုင်ဇာတ်ကြောင်းနှင့်ကိုက်ညီ သည့် ဒါဝိဒ်၏ဘဝအစိတ်အပိုင်းများကိုသာ မှတ်တမ်းတင်ခဲ့ပြီး၊ ၎င်းသည် ဒါဝိဒ်မင်း၏မျိုးဆက်များ ဣသရေလပြည်၌ မည်သို့အုပ်ချုပ်ရမည်ကို ပြန်လာသောခေါင်းဆောင်များအား သွန်သင်ပေးရန်ဖြစ် သည်။

အထူးသဖြင့် ယနေ့ခေတ်တွင် သမ္မာကျမ်းစာစာအုပ်များအား ရေးသားသည့်အချိန်ကာလ၏ မူလအခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ ၎င်း၏ကျမ်းရေးသူနှင့်ပတ်သက်၍လည်းကောင်း၊ ပရိသတ်နှင့် ပတ်သက်၍လည်းကောင်း အချက်အလက်များစွာကို ကျွန်ုပ်တို့ရရှိနိုင်ပါသည်။ ၎င်းအချက်အလက်သည် အလွန်အသုံးဝင်ပါသည်၊ အထူးသဖြင့် ဉာဏ်ပညာပေးခြင်းနှင့် ဘေးကင်းလုံခြုံစွာဖတ်ရှုခြင်းနှင့် ကျမ်းပိုဒ်ကို ကျင့်သုံးနိုင်ရန် ကူညီပေးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မူလကျမ်းရေးသူ၏ ဆိုလိုရင်း သို့မဟုတ် မူလပရိသတ်တို့ကြားသောအရာတို့သည် မည်သို့မျှဆက်စပ်မှုမရှိကြောင်း မပြောနိုင်ပါ။ သို့သော်လည်း တစ်ချိန်တည်းမှာပင်၊ ကျမ်းရေးသားသူနှင့် ကျမ်းစာဖတ်ရှုသူများအကြောင်း ထိုကဲ့သို့သောနောက်ခံအချက်အလက်နှင့်ပတ်သက်၍ “ကျွန်ကောင်းသော်လည်း သခင်မကောင်း”ဟူ၍ ကျွန်ုပ်ဖော်ပြလိုပါသည်။ ၎င်းသည် သမ္မာကျမ်းစာကိုအနက်ပြန်ဆိုရာတွင် ကျွန်ုပ်တို့ကို အမှန်တကယ် အကူအညီပေးနိုင်သော်လည်း၊ သမ္မာကျမ်းစာ၏ပြောဆိုခြင်းကို နားလည်မှုမှတဆင့် အဓိကနည်းလမ်းနှင့် အဓိကလမ်းစဥ်ကို ကျွန်ုပ်တို့ပြုလုပ်ပါက၊ ကျွန်ုပ်တို့၏နားလည်မှုကို မကြာခဏကန့်သတ်နိုင်ပြီး ၎င်းကို အထင်အမြင်လွဲမှားစေတတ်ပါသည်။ ထို့ကြောင့် ၎င်းသည် အထောက်အကူဖြစ်ပါသည်။ သို့သော်လည်း ကျမ်းစာလေ့လာခြင်း၏အစ သို့မဟုတ် အဆုံးတွင် သင်၏အဓိကအာရုံစိုက်မှုအဖြစ် ၎င်းကိုမပြုလုပ်ပါနှင့်။

ဒေါက်တာ Jonathan T. Pennington

သမ္မာကျမ်းစာ၏အစိတ်အပိုင်းတစ်ခုကို နားလည်ရန် ကျမ်းရေးသူ၏ မူလအကြောင်းအရာကို သိရှိခြင်းသည် မယုံနိုင်လောက်အောင် တန်ဖိုးရှိပါသည်။ သို့သော် သတိပေးချက်တစ်ခုဦးစွာပြောပါရစေ_ အမှန်တကယ်တွင် သမ္မာကျမ်းစာ၏အခွင့်အာဏာသည် ကျွန်ုပ်တို့၏စိတ်ကူးယဉ်ခြင်း သို့မဟုတ် စာရေးသူ၏နောက်ခံကို ပြန်လည်တည်ဆောက်ခြင်းတွင်မူတည်ခြင်းမဟုတ်ဘဲ ရေးထားသည့်အရာတွင်သာ ဖြစ်သည်။ ထို့ကြောင့်၊ ကျမ်းရေးသူ၏နောက်ခံကို ကျွန်ုပ်တို့အပြည့်အ၀နားမလည်သော်လည်း၊ သူတို့၏စကားလုံးများသည် မှန်ကန်ကြောင်းမှတ်သားထားသရွေ့ ၎င်းသည်အရေးကြီးပါသည်။ သို့သော် ကျမ်းရေးသူ၏အကြောင်းအရာနှင့် သူတို့၏ကိုယ်ရည်ကိုယ်သွေးကို ပိုမိုနားလည်မည်ဆိုပါက၊ ၎င်းသည် ကျွန်ုပ်တို့ကို ကူညီမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့နှင့် စိတ်ကူးယဉ်ဆန်သောချိတ်ဆက်မှုများ လုပ်နိုင်ရန် ၎င်းသည်ကူညီပေးလိမ့်မည်ဟု ထင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပေါလုကို ထောင်ထဲတွင်ရှိသည်ဟု စိတ်ကူးကြည့်နိုင်ပြီး ၎င်းသည် မည်သို့မည်ပုံဖြစ်သည်ကို စတင်မြင်နိုင်ကာ၊ ၎င်းတို့နှင့် အလိုလိုသိမြင်နိုင်သော စိတ်ကူးယဉ်ချိတ်ဆက်မှုများ ပြုလုပ်နိုင်သည်။ ၎င်းသည် သမ္မာကျမ်းစာအား သစ်သားနှင့် နှစ်ဘက်မြင်မျှလောက်သာမဟုတ်၊ ကျွန်ုပ်တို့အတွက် သုံးဖက်မြင်ဖြစ်လာစေမည်ဖြစ်သည်။

ဒေါက်တာ Peter Walker

ကျမ်းပိုဒ်များတွင်ကျွန်ုပ်တို့ဖော်ပြခဲ့သည့်အတိုင်း၊ သမ္မာကျမ်းစာ၏အဆုံးစွန်သောရေးသားသူ အဖြစ် ဘုရားသခင်ကိုသာမက သူမှုတ်သွင်းခဲ့သော လူသားကျမ်းရေးသူများအပေါ်တွင်လည်း အာရုံစိုက် ရန် မည်မျှအရေးကြီးကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ဆိုလိုသည်မှာ ဤကျမ်းရေးသူ များ၏ အခြေအနေများ၊ ကိုယ်ရည်ကိုယ်သွေးများ၊ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုများနှင့် ရည်ရွယ်ချက်များ အကြောင်း တတ်နိုင်သမျှ ကျွန်ုပ်တို့လေ့လာရမည်ဖြစ်သည်။

ကျမ်းစာအထောက်အထားတစ်ခု၏ လူသားကျမ်းရေးသူအပေါ် အလေးပေးသောဓမ္မပညာ အခြေခံကို သိမြင်ပြီးနောက်၊ မူလအဓိပ္ပာယ်ကိုစူးစမ်းလေ့လာခြင်း၏ ဒုတိယအရေးကြီးသော ရှုထောင့် ဖြစ်သော_ ထိုအထောက်အထား၏ ပထမပရိသတ် သို့မဟုတ် လက်ခံသူများထံ ကြည့်ကြပါစို့။

သမ္မာကျမ်းစာသမိုင်းတစ်လျှောက် ဘုရားသခင်သည် မိမိ၏လူမျိုးအား ၎င်းတို့၏သမိုင်းအခြေ အနေများနှင့် ကိုက်ညီသည့်နည်းလမ်းများဖြင့် မိမိ၏နှုတ်ကပတ်တော်ကို ပေးခဲ့ကြောင်း သင်သတိပြုဖူး ပါသလား။ ဘုရားသခင်သည် ရှေးဣသရေလလူမျိုးအား ပညတ်တော်ဆယ်ပါးကို ကွန်ပြူတာဗားရှင်း ဖြင့်ပေးခဲ့မည်ဆိုပါက၊ သို့မဟုတ် ဘုရားသခင်သည် ခေတ်သစ်ပြင်သစ် သို့မဟုတ် မန်ဒရင်းဘာသာဖြင့် ကနဦးအသင်းတော်အား ဓမ္မသစ်ကျမ်းများကိုပေးအပ်ခဲ့လျှင်ဟူသည်ကို စိတ်ကူးကြည့်ပါသလား။ သမ္မာကျမ်းစာ၏မူလပရိသတ်များသည် ၎င်းတို့အား ဘုရားသခင်မိန့်တော်မူသောအရာကို နားမလည် သောကြောင့် ဤအခြေအနေများသည် အဓိပ္ပာယ်မရှိပေ။ စင်စစ်၊ ဤအရာကိုဘုရားသခင် လုံးဝ မပြု လုပ်ခဲ့ပေ။ ပညတ်တော်ဆယ်ပါးကို ကျောက်တုံးပေါ်တွင် ရေးခဲ့သည်။ သူသည် ခရစ်တော်၏တမန်တော် များနှင့် ပရောဖက်များကို ဂရိဘာသာဖြင့် ရေးသားရန် ဦးဆောင်ခဲ့သည်။ အမှန်တကယ်တွင်၊ သမ္မာကျမ်း စာသမိုင်းတစ်လျှောက်၊ အတိုင်းအတာတစ်ခုအထိ၊ ဘုရားသခင်သည် သူ၏ဖွင့်လှစ်ဖော်ပြခြင်းကို ၎င်း၏မူလပရိသတ်များနားလည်နိုင်စေရန် အစဥ်ဖြည့်ဆည်းပေးခဲ့သည်။

ဘုရားသခင်၏လိုက်လျောညီထွေခြင်းဟူသော အယူအဆမှာ_

ဘုရားသခင်သည် သူ၏ဖွင့်လှစ်ဖော်ပြခြင်းကို ပထမဆုံးသောပရိသတ်များ နားလည်သဘောပေါက်စေရန် ပုံဖော်ထားသည်။

သူသည် သူပြောသောစကားကို သူတို့နားလည်နိုင်စေရန်၊ သမ္မာကျမ်းစာ၏စကားလုံးများနှင့် အယူအဆများကို ယဉ်ကျေးမှု၊ နည်းပညာ၊ လူမှုရေးတည်ဆောက်ပုံများနှင့် ပထမဆုံးသောပရိသတ်များ ၏ ဘာသာရေးအတွေ့အကြုံများကိုပင် လိုက်လျောညီထွေဖြစ်စေရန် ဆောင်ရွက်ခဲ့သည်။

၎င်းသည် ယေဘူယျမှ သီးသန့်လိုက်လျောညီထွေခြင်းအထိ အမျိုးအစားအလိုက် ဘုရားသခင် ၏လိုက်လျောညီထွေခြင်းကိုနားလည်ရန် ကူညီပေးသည်။ သမ္မာကျမ်းစာ၏အစိတ်အပိုင်းတိုင်းကို လောကလူသား၏အခြေအနေနှင့်ကိုက်ညီစေရန် ရေးသားထားသည်။ ကျွန်ုပ်တို့ဆိုလိုသည်မှာ ဘုရား သခင်သည် လူသားများထံ မိမိကိုယ်ကို ထုတ်ဖော်ပြသသည့်အခါတိုင်း၊ သမိုင်းတစ်လျှောက် လူသား တိုင်းအတွက် သင့်လျော်သည့်နည်းလမ်းများဖြင့်သာ ပြုလုပ်ခဲ့သည်။

John Calvin ၏ Institutes of the Christian Religion စာအုပ် ၁၊ အခန်း ၁၃၊ အပိုင်း ၁ တွင် လိုက်လျောညီထွေခြင်း၏ယေဘူယျရှုထောင့်နှင့်ပတ်သက်၍ဖော်ပြပုံကို နားထောင်ပါ_

သူနာပြုများသည် မွေးကင်းစကလေးများအပေါ် ပြုလုပ်လေ့ရှိသကဲ့သို့၊ ကျွန်ုပ်တို့နှင့် စကားပြောရာတွင် ဘုရားသခင်သည် အတိုင်းအတာတစ်ခုအတွင်း “အသံမထွက်ဘဲ” ပြောသည်ကို မည်သူနားမလည်သနည်း။ ... ထိုသို့သော စကားပြောပုံစံများသည် ... ကိုယ်တော်အား ကျွန်ုပ်တို့၏ အနည်းငယ်သောစွမ်းရည်တွင် လိုက်လျောညီထွေဖြစ်စေသည်။

Calvin ထောက်ပြသည့်အတိုင်း၊ နို့စို့ကလေးနှင့် မွေးကင်းစကလေးအား ပြောသည့်အတိုင်း ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် စကားပြောရမည်ဖြစ်ပြီး၊ ကိုယ်တော်၏အကြံအစည်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထက် ကျော်လွန်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်တုနှိုင်းမဲ့ ကြီးမြတ်သောကြောင့်၊ ကျွန်ုပ်တို့နားလည်နိုင်စေရန်အတွက် ကိုယ်တော်သည် အလွန်နိမ့်ဆင်းရမည်ဖြစ်သည်။

သမ္မာကျမ်းစာတစ်လျှောက်လုံးတွင် ဤစကြဝဠာဆိုင်ရာလိုက်လျောညီထွေခြင်းမျိုးကို ကျွန်ုပ်တို့ တွေ့မြင်ရသည်။ ၎င်းသည် မနုဿဗေဒဝါဒ — သမ္မာကျမ်းစာ၌ ဘုရားသခင်စကားပြောချိန်၊ ပြုမူလုပ် ဆောင်စဥ် သို့မဟုတ် လူသားနီးပါးပုံစံများဖြင့်ထင်ရှားပြချိန်တွင် သိသာထင်ရှားသည်။ ဘုရားသခင်သည် လူ့ဘာသာစကားကို ပြောသည်၊ သူဝမ်းနည်းသည်၊ သူ၏ရည်ရွယ်ချက်များကို ပြောင်းလဲပေးသည်၊ မေးခွန်းများမေးသည်။ ဤအင်္ဂါရပ်များနှင့် မရေမတွက်နိုင်သော ဘုရားသခင့်ဖွင့်လှစ်ဖော်ပြခြင်း၏ အခြားအင်္ဂါရပ်များသည် ယေဘူယျလူသား၏ကန့်သတ်ချက်များကို ပြည့်မီရန် ပုံစံပြုထားပါသည်။

ဘုရားသခင့်လိုက်လျောညီထွေခြင်း၏အဓိကအချက်သည်၊ ဘုရားသခင်သည်မိမိ၏ ဖွင့်လှစ် ဖော်ပြခြင်းကိုယဉ်ကျေးမှုဆိုင်ရာမျှော်လင့်ချက်များနှင့်ကိုက်ညီစေသည်။ ဥပမာ၊ ရှေးခေတ်အရှေ့ပိုင်း ဒေသတွင် သူကိုယ်တိုင် ထင်ရှားပြခဲ့သည်။ ဤယဉ်ကျေးမှုအခြေအနေတွင်၊ သူသည် ရှေးခေတ်အရှေ့ ပိုင်းဒေသ၏ အပြည်ပြည်ဆိုင်ရာစာချုပ်များနှင့်ဆင်တူသော ပဋိညာဉ်များကို ထူထောင်ခဲ့သည်။ ဘာသာစကားနှင့်ပတ်သက်၍၊ ဘုရားသခင်သည် သူ၏ပထမဆုံးပရိသတ်များ၏ သီးခြားဘာသာ စကားများဖြစ်သည့် ဓမ္မဟောင်းကျမ်းတွင် ဟေဗြဲနှင့် အာရမိတ်အားဖြင့် ဣသရေလလူမျိုးအတွက် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ဓမ္မသစ်အသင်းတော်အတွက် ဂရိအားဖြင့်လည်းကောင်း မိမိကိုယ် ကို ထုတ်ဖော်ပြသခဲ့သည်။ သမ္မာကျမ်းစာတွင်ဘုရားသခင့်ဖွင့်လှစ်ဖော်ပြခြင်းသည် မူလပရိသတ်များ၏ ဤကျယ်ပြန့်သောယဉ်ကျေးမှုအခြေအနေများကို ထည့်သွင်းစဉ်းစားခဲ့သည်။ ယဉ်ကျေးမှုဆိုင်ရာမျှော် လင့်ချက်များအတွက် လိုက်လျောညီထွေခြင်းဥပမာအဖြစ် မဿဲ ၁၉:၈ ကို နားထောင်ပါ_

ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့် ကို မောရှေသည်စီရင်၏။ အစအဦး၌ထိုသို့မဟုတ်။

ရှေ့အခန်းငယ်များတွင်၊ ဘုရားသခင်သည် ဖန်ဆင်းခြင်းတွင် လက်ထပ်ထိမ်းမြားခြင်းအား ခန့်အပ်ထားကြောင်း၊ ကွာရှင်းခြင်းသည် အိမ်ထောင်ရေးစံနှုန်းတွင် မပါဝင်ကြောင်း ယေရှုမိန့်တော်မူခဲ့ သည်။ ထို့နောက် တရားဟောရာ ၂၄:၁-၄ တွင် မောရှေသည် ဣသရေလတို့၏ စိတ်နှလုံးခိုင်မာသော အပြစ်ကြောင့် ကွာရှင်းခွင့်ပြုခဲ့ကြောင်း ဆက်လက်ရှင်းပြခဲ့သည်။

တရားဟောရာကျမ်း ၂၄ တွင်၊ ကွာရှင်းသည့်အမျိုးသမီးနှင့်သက်ဆိုင်၍ ကွာရှင်းရခြင်းဆိုင်ရာ လိုအပ်သောတရားကို မောရှေပေးခဲ့သည်။ ယေရှုခေတ်၌ဖာရိရှဲအချို့တို့သည်ဤကျမ်းပိုဒ်ကို ကွာရှင်း ပြတ်စဲခြင်းနှင့်ပတ်သက်၍ အကြောင်းပြချက်ပေးရန်အတွက် အသုံးပြုခဲ့ကြသည်။ သို့သော် ဘုရားသခင် ၏လိုက်လျောညီထွေခြင်းတွင် မူလပရိသတ်များအား ယေရှုမည်သို့ဖော်ပြခဲ့သည်ကို သတိပြုပါ။ “သင်တို့စိတ်နှလုံးခိုင်မာသောကြောင့်” ဘုရားသခင်သည် ဤပညတ်ကို ပေးတော်မူသည်ဟု သူဆိုသည်။ ဤအခြေခံကြောင့်၊ မောရှေသည် မိမိ၏ပထမဆုံးပရိသတ်ဖြစ်သည့် ဣသရေလလူမျိုးအတွက် လိုက်လျောညီထွေခြင်းအဖြစ်“ကွာရှင်းခွင့်” ပေးရုံမျှသာဖြစ်ကြောင်း ယေရှုရှင်းပြခဲ့သည်။ ကွာရှင်းခြင်း သည်စံနှုန်းမဟုတ်ပါ၊ ၎င်းသည် အမှန်တကယ်ပင် လက်ခံနိုင်ဖွယ်မရှိပါ။ သို့သော် ဣသရေလ၏ခေါင်းမာ မှုနှင့် ခွင့်လွှတ်မှုကင်းသော စိတ်ဓာတ်ကြောင့်၊ ဘုရားသခင်သည် ၎င်းတို့၏အပြစ်ကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်နည်းလမ်းတစ်ခုအဖြစ် ကွာရှင်းခြင်းကို မိန့်တော်မူခဲ့သည်။

ဤဥပမာသည် သမ္မာကျမ်းစာ၏မူလပရိသတ်ကို စုံစမ်းလေ့လာရန် မည်မျှအရေးကြီးကြောင်း ဖော်ပြသည်။ ဤဖာရိရှဲကျင့်ထုံးအပေါ် ယေရှု၏အမှားပြုပြင်မှုသည် သမ္မာကျမ်းစာ၏မူလပရိသတ်များ အတွက် မောရှေတရား၏ ဘုရားသခင့်လိုက်လျောညီထွေခြင်းတွင် တည်နေသည်။

အခြားတစ်ဖက်တွင်၊ ဘုရားသခင်သည် သူမိန့်တော်မူခဲ့သော သီးသန့်လူများဖြစ်သော လူတစ်ဦး ချင်းစီအား သူ၏ဖွင့်လှစ်ဖော်ပြခြင်းကို လိုက်လျောညီထွေပေးခဲ့သည်။ ကိုယ်တော်သည် သီးသန့်လူ အုပ်စုများ၏အားသာချက်များနှင့် အားနည်းချက်များ၊ အောင်မြင်မှုများနှင့် ကျရှုံးမှုများ နှင့် တစ်ခါတစ်ရံ သီးခြားပုဂ္ဂိုလ်များကိုပင် ထည့်သွင်းစဉ်းစားသည်။

ဥပမာအားဖြင့်၊ ဓမ္မသစ်ကျမ်းတွင် သီးသန့်အသင်းတော်တစ်ခု သို့မဟုတ် အခြားတစ်ခုထံ လိပ်မူ ထားသောကျမ်းများစွာရှိသည်။ ထိုသို့သောကျမ်းများအတွင်းမှ ကောလောသဲ ၃ ကဲ့သို့သောနေရာတွင်၊ ဖခင်များ၊ သားသမီးများ၊ ကျွန်များနှင့် သခင်များကဲ့သို့သော အသင်းတော်များရှိ သေးငယ်သောအုပ်စု ငယ်များအတွက် သွန်သင်ချက်များကို ကျွန်ုပ်တို့တွေ့နိုင်သည်။ ဖိလေမုန်သြဝါဒစာ၊ တိမောသေ ၁ နှင့် ၂ နှင့် တိတုကဲ့သို့သော ပေါလု၏စာအချို့သည် အမှန်တကယ်ပင် သီးသန့်လူတစ်ဦးထံရေးသားထားသည်။ အမျိုးမျိုးသောနည်းများဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် မူလပရိသတ်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဤကျမ်းစာဆိုင်ရာဖွင့်လှစ်ဖော်ပြခြင်းများကို ပုံသွင်းခဲ့သည်။ ထို့ကြောင့် ဖွင့်လှစ် ဖော်ပြခြင်းများကို ကောင်းစွာနားလည်ရန်၊ ထိုမူလပရိသတ်များအကြောင်းကို တတ်နိုင်သမျှလေ့လာရန် လိုအပ်ပါသည်။

ကျမ်းစာရေးသူများသည် သီးသန့်ပရိသတ်ထံ စာရေးသောအခါတွင် ကနဦးဖတ်ရှုသူများ၏အကြောင်းအရာကို နားလည်ရန် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ ၎င်းသည် အလွန်၊ အင်မတန်အရေးကြီးသည်။ ဥပမာအားဖြင့်၊ ဟေဗြဲကျမ်းကို သင်လေ့လာသောအခါ... ကျွန်ုပ်တို့မသိသော စာရေးသူသည် ကွဲလွင့်သွားသော နှိပ်စက်ညှဉ်းပန်းခြင်း ခံနေရသည့် ဂျူးခရစ်ယာန်ပရိသတ်ထံ စာရေးနေသည်။ ဂျူးဘာသာတရားအောက်တွင် သူတို့အား အကာအကွယ်ပေးမှုအချို့ရှိမည်ဖြစ်သောကြောင့် ဂျူးဘာသာသို့ပြန်သွားရန် သွေးဆောင်မှုများ ရှိမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်မည့်သူများ လာကြသောအခါတွင်၊ ၎င်းတို့၏ခရစ်ယာန်ယုံကြည်ခြင်းကို စွန့်လွှတ်ရန် သွေးဆောင်မှုများ ခံရကြပေလိမ့်မည်။ ထို့ကြောင့် ကျမ်းရေးသူလုပ်ဆောင်သည်မှာ သမိုင်းကြောင်းကို နားလည်ရန်၊ စာဖတ်သူများကို နားလည်ရန်၊ ဓမ္မဟောင်းထဲမှ အခြားပုဂ္ဂိုလ်များနှင့် စနစ်များအားလုံးထက် ယေရှုခရစ်၏ မြင့်မြတ်သည့်ပုဂ္ဂိုလ်ဖြစ်မှုကို ဖော်ပြရန် ကြိုးစားခြင်းဖြစ်သည်။

ဒေါက်တာ Stephen Um

ဘုရားသခင်သည် သီးသန့် ကာလ တစ်ခုအတွင်း သီးသန့်နေရာတစ်ခုတွင် နေထိုင်သည့် ကနဦး စာဖတ် ပရိတ်သတ်သို့ မိမိကိုယ်ကို ဖွင့်လှစ်ဖော်ပြခဲ့သည်။ ဤအရာသည် သမ္မာကျမ်းစာနှင့် ပတ်သက်၍ ထူးခြားလေးနက်သော အချက်တစ်ချက်ပင် ဖြစ်သည်။ ၎င်းသည် အထက်အရပ်မှ လာသော ပြဌာန်းချက်များ၏ စုစည်းချက် တစ်ခုမျှသာ မဟုတ်ပါ။ ဘုရားသခင်သည် သီးသန့် အခြေအနေတစ်ခုအတွင်း ရှိနေသည့် သီးသန့် လူမျိုးတစ်မျိုးကို စကားပြောနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ထံမှ သူတို့ ကြားနာနေခဲ့သမျှတို့ကို၎င်း၊ ဘုရားသခင်ထံမှ သူတို့လက်ခံရရှိနေခဲ့သမျှတို့ကို ၎င်း သူတို့ မည်သို့ နားလည်ခဲ့ကြောင်း ကျွန်ုပ်တို့ သိရှိသည့်အခါ ထိုအရာသည် ကျွန်ုပ်တို့ ကိုယ်ပိုင်နားလည်မှုအတွက် မည်သည့် ကန့်သတ်ချက်များ ရှိနေသည်ကို ကျွန်ုပ်တို့ သိရှိရန် ထောက်ကူပေးသည်။ အကယ်၍ ကျွန်ုပ်သည် ကျမ်းစာအား ကနဦး ကြားနာသူများနားလည်ခဲ့ပုံမှ တနည်းနည်းဖြင့် အလွန်ကွဲလွဲစွာ နားလည်နေခဲ့ပါလျှင် တစ်ခုခုမှားယွင်းနေပြီ ဖြစ်သည်။ သေချာသည်မှာ၊ ကျွန်ုပ်၏ကိုယ်ပိုင်ရေခံမြေခံသည် ကွဲပြားခြားနားမှုကို ဖြစ်စေပါလိမ့်မည်။ သို့သော် ကျွန်ုပ်၏ ရေခံမြေခံကို သူတို့၏ ရေခံမြေခံအရသာလျှင် သိနားလည်ရပါမည်။ သို့မှသာလျှင် အနက်ဖွင့်ခြင်းအတွက် မည်သည့် အကန့်အသတ်များက ဖြစ်နိုင်ခြေ ရှိသည်ကို ကျွန်ုပ် သိနိုင်ပါလိမ့်မည်။

ဒေါက်တာ John Oswalt

သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ်ကို စူးစမ်းလေ့လာခြင်းများနှင့်ပတ်သက်၍ အာရုံစိုက်ရန်အတွက် ဓမ္မပညာအခြေခံအကြောင်းဆွေးနွေးမှုတွင်၊ ယခုအချိန်အထိ ကျမ်းရေးသူနှင့် မူလပရိသတ်များ၏ အရေးပါမှုကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားထားပါသည်။ ထို့ကြောင့် ဤအချိန်တွင်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအထောက်အထားကို အာရုံစိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သမ္မာကျမ်းစာပါ ကျမ်းပိုဒ်၏မူလအဓိပ္ပါယ်ကို သိလိုပါက ကျမ်းပိုဒ်ကိုယ်တိုင်ကို ကြည့်ရှုရန် လိုအပ်ကြောင်း ထင်ရှားသည်။ ယခု ကျွန်ုပ်တို့အများစုအတွက်၊ ၎င်းသည် ခေတ်သစ်ဘာသာပြန် ကျမ်းများကို ဖတ်သည်ဟု ဆိုလိုသည်။ ခေတ်သစ်ဘာသာပြန်ကျမ်းများသည် အမှားအယွင်းမရှိပါ၊ ၎င်းတို့သည် အသင်းတော်၏အရေးကြီးဆုံးဖြစ်သော သွန်သင်ခြင်းဓမ္မအမှုတော်များထဲမှတစ်ခုကို ကိုယ်စားပြုသည်။ မတူညီသော စကားလုံး သို့မဟုတ် စကားစုတစ်ခုနှင့်ပတ်သက်၍ ဘာသာပြန်ချက် တစ်ခု သို့မဟုတ် အခြားတစ်ခုအပေါ်တွင် အလွန်အကျွံမမှီခိုမိစေရန် သတိထားနေသမျှကာလပတ်လုံး ကျွန်ုပ်တို့အသုံးပြုသော ဘာသာပြန်ကျမ်းများမှ များစွာသင်ယူနိုင်ပါသည်။ ဤသင်ခန်းစာတွင် အလေးပေးဖော်ပြသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သူမှုတ်သွင်းထားသော ကျမ်းရေးသူများ အနေဖြင့် မည်သည့်အရာရည်ရွည်သည်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ်ကို နားလည်ရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အခွင့်အရေးပေးသောအခါ၊ သမ္မာကျမ်းစာ၏ မူလဘာသာစကားများနှင့် အတတ်နိုင်ဆုံး ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်သင့်ပါသည်_ ဓမ္မဟောင်းတွင် ဟေဗြဲ၊ အာရမိတ်နှင့် ဓမ္မသစ်ကျမ်းတွင် ဂရိဘာသာစကား တို့ဖြစ်သည်။ ယခု ကျွန်ုပ်တို့ထဲမှ အနည်းငယ်သည် ဤဘာသာစကားများကို ကျွမ်းကျင်သူများဖြစ်လာ ကြသော်လည်း၊ ၎င်းတို့အကြောင်း ကျွန်ုပ်တို့ပိုသိလေ၊ သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ်ကို ပို၍နားလည် နိုင်လေဖြစ်သည်။

စူးစမ်းလေ့လာခြင်းတွင် သမ္မာကျမ်းစာအထောက်အထားများကို အလေးပေးရန်အတွက် ဓမ္မပညာအခြေခံ၌ အဓိကအားဖြင့်အရေးကြီးသောအယူဝါဒနှစ်ခု တွေ့ရှိနိုင်သည်_ သဘာဝမှုတ်သွင်း ခြင်းအယူဝါဒနှင့် ဘုရားသခင်၏လိုက်လျောညီထွေခြင်းဆိုင်ရာ အယူဝါဒတို့ဖြစ်သည်။ ဤအယူဝါဒ တစ်ခုစီသည် သမ္မာကျမ်းစာအထောက်အထားများ၏ အရေးကြီးပုံကို မည်ကဲ့သို့ညွှန်ပြသည်ကို သဘာဝမှုတ်သွင်းခြင်းအယူဝါဒမှအစပြု၍ ကြည့်ကြပါစို့။

သဘာဝမှုတ်သွင်းခြင်းအယူဝါဒသည် သန့်ရှင်းသောဝိညာဉ်တော်သည် လူသားကျမ်းရေးသူများ ကို ကျမ်းစာရေးသားရန် မှုတ်သွင်းခဲ့ကြောင်း သွန်သင်သည်။ သို့သော် ထိုကူးယူထားသောအထောက် အထားတိုင်းသည် သို့မဟုတ် ဘာသာပြန်ဆိုမှုတိုင်းသည် ပြီးပြည့်စုံမည်ဟု မဆိုထားပါ။ အမှန်တကယ် တွင်၊ ယေရမိ ၈:၈ တွင် ကူးယူထားသောသမ္မာကျမ်းစာအထောက်အထားများတွင် အမှားများပါနိုင် သည်ဟု သမ္မာကျမ်းစာကိုယ်တိုင်ဆိုထားသည်။ မတူကွဲပြားသော ကျမ်းစာအထောက်အထားများ၏ ဘာသာပြန်ဆိုမှုများသည် များစွာကွဲပြားနိုင်ကြောင်း ကျွန်ုပ်တို့အားလုံးတွေ့မြင်ခဲ့ရပါသည်။

အကြောင်းမှာ သဘာဝမှုတ်သွင်းခြင်းအယူဝါဒသည် မူရင်းသမ္မာကျမ်းစာများအထိသာဖြစ်ပြီး၊ ထိုအထောက်အထားများသာလျှင် ဘုရားသခင်ကိုယ်တော်တိုင်၏ အခွင့်အာဏာအပြည့်အဝရှိသည်။ ရာစုနှစ်များတစ်လျှောက် ကူးယူထားသော ဤကျမ်းစာများတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများ သည် ဘုရားသခင်မှုတ်သွင်းခြင်းမဟုတ်သလို ထိုကျမ်းများကို ဘာသာပြန်ခြင်းလည်း မဟုတ်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ်ကို ကျွန်ုပ်တို့ မှန်ကန်စွာနားလည်ကြောင်း ကျွန်ုပ်တို့၏ ယုံကြည်မှုကို တိုးပွားစေရန်အတွက်၊ ဘုရားသခင် အမှန်တကယ် မှုတ်သွင်းတော်မူသော အရေးအသား များကို တတ်နိုင်သမျှ ကျွန်ုပ်တို့ရှာဖွေလေ့လာရမည်ဖြစ်သည်။

မှန်ပါသည်၊ ကျွန်ုပ်တို့ခေတ်တွင် မူလအထောက်အထားများ မရရှိနိုင်တော့သောကြောင့် အနည်းငယ်ခက်ခဲနိုင်ပါသည်။ ၎င်းတို့သည် မြင့်မြတ်သောနေရာ သို့မဟုတ် ပြတိုက်တစ်ခုတွင် မရှိပါ။ ကျွန်ုပ်တို့တွင် ကူးယူထားသောကျမ်းများနှင့် ဘာသာပြန်ချက်များသာရှိသည်။ ဤမိတ္တူများနှင့် ဘာသာပြန်များ၏အခွင့်အာဏာသည် ဝိညာဉ်တော်၏မှုတ်သွင်းမှုအောက်တွင် သမ္မာကျမ်းရေးသူများ ရေးသားထားသော အထောက်အထားများကို မည်မျှကောင်းစွာကိုယ်စားပြုသည်အပေါ် အမြဲမူတည် သည်။

ဤအချက်ကို ခရစ်ယာန်ယုံကြည်ခြင်းအားဆန့်ကျင်သူများသည် သမ္မာကျမ်းစာ၏အခွင့်အာဏာ ကို လုံးဝငြင်းပယ်ရန်အတွက် အကြောင်းပြချက်တစ်ခုအဖြစ် မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိသည်။ သမ္မာကျမ်းစာ၏မူရင်းကျမ်းချက်များက မည်သည့်အရာဆိုသည်ကို ကျွန်ုပ်တို့မသိနိုင်၊ ၎င်းတို့ကို လိုက်နာမှု နည်းသင့်သည်ဟု လောကဝါဒီများ စောဒကတက်ကြသည်။ မွတ်စလင်များသည် ကုရ်အာန် ကျမ်းကို အလ္လာဟ်အရှင်မြတ်က လုံးဝဥဿုံထိန်းသိမ်းထားသည်ဟုဆိုကြပြီး၊ ကုရ်အာန်ကျမ်းကို သမ္မာကျမ်းစာထက် ယုံကြည်ကြသည်။ မကြာခဏဤပြဿနာများပေါ်လာသောကြောင့် အချို့ရှင်းလင်း တင်ပြချက်ကို ကျွန်ုပ်တို့ဖော်ပြသင့်သည်။

ဦးစွာ၊ ခရစ်တော်၏နောက်လိုက်များသိထားရမည့် အရေးကြီးဆုံးအချက်တစ်ခုမှာ ဓမ္မဟောင်း ကျမ်း၏ မူလအထောက်အထားများသည် ယေရှုခေတ်တွင်ပင် မရှိခဲ့ပေ။ ထိုအချိန်က ဓမ္မဟောင်းစာအုပ် များ၏ဟီဘရူးဘာသာပြန်သည် အနည်းငယ်ကွဲပြားသည်။ ထို့ပြင် ဓမ္မဟောင်းကျမ်း၏ဂရိဘာသာပြန် Septuagint အများအပြားလည်း ရှိခဲ့သည်။ သို့သော် ယေရှုနှင့် သူ၏တမန်တော်များသည် သူတို့ရရှိထား သော သမ္မာကျမ်းစာသည် ယုံကြည်ထိုက်ပြီး ဘုရားသခင်၏လူတို့ကို ဦးဆောင်ရန် လုံလောက်သည်ဟု ယုံကြည်ဆဲဖြစ်သည်။ အလားတူ၊ ကနဦးအသင်းတော်သည် ဘုရားသခင်၏လူများကို လမ်းညွှန်ရန် အတွက် အပြည့်အဝလုံလောက်သည်ဟု ယုံကြည်သောကြောင့် ကူးယူထားသောမူလ ဓမ္မသစ် အထောက်အထားအများအပြားကို အသုံးပြုခဲ့သည်။

ဒုတိယ၊ ခေတ်သစ်ခရစ်ယာန်များသည် ရှေးခေတ်ကျမ်းစောင်များကို လေ့လာခြင်းနှင့် နှိုင်းယှဉ် ခြင်းအတွက် ဆယ်စုနှစ်များစွာပညာရှင်တို့ သုတေသနပြုထားသောကြောင့် အကျိုးကျေးဇူးများရှိသည်။ သမ္မာကျမ်းစာ၏ ဟေဗြဲနှင့်ဂရိကျမ်းများသည် အခြားရှေးဟောင်းစာများထက် များစွာပို၍ ယုံကြည် စိတ်ချရကြောင်း ဤစူးစမ်းလေ့လာမှုများက အကြိမ်ကြိမ်အတည်ပြုထားသည်။ ဘုရားသခင်၏ပံ့ပိုးမှု ဖြင့် သမ္မာကျမ်းစာကို မှတ်သားဖွယ်နည်းလမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ဤအကြောင်း ကြောင့်၊ ယနေ့ကျွန်ုပ်တို့ရရှိထားသော သမ္မာကျမ်းစာများသည် ခရစ်တော်၏အသင်းတော်အား ဦးဆောင်ရန် လုံလောက်ပါသည်။

ရှေး‌ခေတ်သမိုင်းတွင် စာအုပ်များကို ကူးပြောင်းမည်ဆိုပါက၊ ကျမ်းရေးသူမှလက်ဖြင့် စားလုံးတစ်လုံးခြင်း ကူးယူရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်သောအခါတွင် စာလုံးပေါင်းမှားခြင်း၊ စာလုံးများချန်ထားခဲ့ခြင်း၊ စကားလုံးအစီအစဥ်ပြောင်းလဲခြင်းစသည်ဖြင့် လွဲချော်သွားသော ကွဲပြားမှုများရှိပါသည်။ သမ္မာကျမ်းစာသည် သမိုင်းတစ်လျှောက် ပုံမှန်အချိန်နှင့် နေရာများတွင်ကူးပြောင်းမည်ဆိုလျှင် ၎င်းတို့သည် မလွဲမသွေဖြစ်မည် ဖြစ်သည်။ သို့သော် ထိုပြောင်းလဲမှုများသည် အလွန်သိသာထင်ရှားပြီး အလွန်အဓိပ္ပါယ်ရှိကာ သမ္မာကျမ်းစာ၏မူလစကားလုံးများ ကျွန်ုပ်တို့တွင်ရှိမရှိ မေးခွန်းထုတ်ရန် အလွန်လိုအပ်ပါသည်။ ကောင်းပြီ၊ ကျွန်ုပ်တို့တွင် သမ္မာကျမ်းစာ၏မူလစကားလုံးများ ရှိမရှိကို ဆုံးဖြတ်ရန်အတွက် ကျွန်ုပ်တို့တွင်ရှိသော လက်ကျန်စာမူများကို တစ်ခုနှင့်တစ်ခု နှိုင်းယှဉ် ကြည့်ရှုနိုင်ပြီး၊ ၎င်းတို့အချိန်နှင့်အမျှ မည်မျှပြောင်းလဲလာသည်ကို မြင်တွေ့နိုင်သည်။ သမ္မာကျမ်းစာနှင့် ပတ်သက်လာသောအခါ သတင်းကောင်းမှာ ကျွန်ုပ်တို့တွင် ၎င်းတို့ကို နှိုင်းယှဉ်ကြည့်ရှုနိုင်သည့် ကျမ်းစာလက်ရေးစာမူများစွာ ရှိသည်၊ ၎င်းတို့သည် အချိန်ကြာလာသည်နှင့်အမျှ တိုးတက်ပြောင်းလဲ လာသည်ကို ကျွန်ုပ်တို့ မြင်တွေ့နိုင်ကာ မူလကျမ်းပိုဒ်အမှန်သည် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ်တို့ ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် ယနေ့ခေတ်ကျွန်ုပ်တို့တွင်ရှိသော စကားလုံးများသည်မူလရေးခဲ့သော စကားလုံးများဖြစ်ကြောင်းကို ယုံကြည်မှုများစွာပေးပါသည်။ ထို့ကြောင့်၊ ကျမ်းပြုဆရာများသည် ကျမ်းပိုဒ်ကို အခါအားလျော်စွာ ပြောင်းလဲခဲ့ကြသော်လည်း၊ ထိုနည်းလမ်းဖြင့်ကျွန်ုပ်တို့သည် ကျမ်းပိုဒ်ကို ပြန်လည်ဖော်ထုတ်ရယူနိုင်သည် မဟုတ်ပါ။

ဒေါက်တာ Michael J. Kruger

သမ္မာကျမ်းစာကို ရာစုနှစ်တစ်ခုပြီးတစ်ခု လက်ဖြင့်ကူးရေးခဲ့ကြသည်။ အမှန်တကယ်တွင်၊ သက္ကရာဇ် ၁၄၅၄ ခုနှစ်အထိ ကျမ်းစာစောင်အားလုံးကို လက်ဖြင့်ကူးယူခဲ့ကြသည်… ထို့ကြောင့် သမ္မာကျမ်းစာသည် အချိန်ကြာလာသည်နှင့်အမျှ ယိုယွင်းသွားခြင်းရှိမရှိခြင်း၏ အတိုချုပ်အဖြေမှာ_ ဟုတ်မှန်ပါသည်။ သို့သော် ရှည်လျားသည့်အဖြေမှာ၊ မည်ကဲ့သို့ ယိုယွင်းပြီး မည်မျှ ယိုယွင်းခဲ့သနည်း။ ထိုပြဿနာမျိုးများနှင့်ပတ်သက်လာလျှင် စာအုပ်တစ်အုပ်ချင်းအပေါ်၌မူတည်သော်လည်း၊ သမ္မာကျမ်းစာကို ကူးယူခြင်းနှင့်ပတ်သက်၍ အံ့သြဖွယ်အကောင်းဆုံးအရာတစ်ခုမှာ ဤကျမ်းဂန်မျိုးကွဲများအနက်မှ အန္တရာယ်ဖြစ်ဖူးသော အယူဝါဒတစ်ခုမျှ မရှိခြင်းပင်ဖြစ်သည်။ ၎င်းသည်အံ့သြစရာကောင်းသော အမှန်တရားတစ်ခုဖြစ်သည်... နောက်ကွယ်၌ တစ်စုံတစ်ဦးသည် ကျမ်းချက်ကိုကျွန်ုပ်တို့အတွက် ထိန်းသိမ်းပေးနေသည်...သို့သော် တစ်ဖန်၊ ဤမျိုးကွဲတစ်ခုခုမှ သက်ရောက်မှုရှိသော ခရစ်ယာန်ယုံကြည်ခြင်း၏ ကာဒီနယ်ယုံကြည်ချက်ဟု ယူဆထားသည့် မရှိမဖြစ်ယုံကြည်ချက်မျိုး မရှိပါ။

ဒေါက်တာ Daniel B. Wallace

သို့တိုင်၊ ခေတ်သစ်ဘာသာပြန်များသည် မစုံလင်သောကြောင့်၊ ၎င်းတို့ကို သုတေသနအာမခံချက် များ ပိုမိုကောင်းမွန်လာစေရန် လမ်းဖွင့်ထားသင့်သည်။ ထို့အပြင်၊ သမ္မာကျမ်းစာအဓိပ္ပါယ်ဖွင့်ဆိုချက်များ သည် စကားစုတစ်ခု၊ စကားလုံး၊ ရှေးလက်ရေးစာမူအနည်းငယ် သို့မဟုတ် ဘာသာပြန်ကျမ်းများတွင် ပါရှိသည့် အခြားအကြောင်းအရာအချို့အပေါ်တွင်သာ လွန်စွာမူတည်နေခြင်းကို မည်သည့်အခါမှ ခွင့်မပြုသင့်ပါ။ သမ္မာကျမ်းစာ၏အခြားအပိုင်းများစွာဖြင့် ကျွန်ုပ်တို့၏ သီးခြားကျမ်းပိုဒ်များ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို အတည်ပြုရန် ကြိုးစားအားထုတ်ရန် လိုအပ်ပါသည်။

စိတ်ထဲ၌ သဘာဝမှုတ်သွင်းခြင်းအကြောင်း နားလည်ထားခြင်းဖြင့်၊ သမ္မာကျမ်းစာစူးစမ်းလေ့လာ ခြင်းတွင် သမ္မာကျမ်းစာပါ အထောက်အထားများကို အလေးပေးသည့် ဘုရားသခင်၏လိုက်လျောညီ ထွေခြင်းအယူဝါဒဟုခေါ်သော ဒုတိယဓမ္မပညာအခြေခံကို ကြည့်ကြပါစို့။

လိုက်လျောညီထွေခြင်းအယူဝါဒသည် ၎င်း၏စကားလုံးများ၊ သဒ္ဒါနှင့် စာပေပုံစံများအပါအဝင် သမ္မာကျမ်းစာပါအရာအားလုံး—ထိုခေတ်၏ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာအစဥ်အလာများမှ ဖြစ်ပေါ်လာသည်ဟု ဆိုလိုသည်။ ထို့ကြောင့်၊ သမ္မာကျမ်းစာသည် ဤအစဥ်အလာများကို ရောင်ပြန်ဟပ် သည့်နည်းလမ်းများကို ကျွန်ုပ်တို့ဂရုတစိုက် အာရုံစိုက်ပါက၊ ၎င်းကို မှန်ကန်စွာအဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြေ ပိုများမည်ဖြစ်သည်။

ဥပမာတစ်ခုအနေနှင့်၊ ယောဟန် ၂၀:၁၆ မှ ဤမှတ်တမ်းကို နားထောင်ပါ_

ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟုထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ (အရှင်ဘုရား)ဟုဆိုလိုသတည်း (ယောဟန် ၂၀:၁၆)။

ကွင်းအတွင်းရှိ စကားလုံးများကို အထူးဂရုပြုပါ။ ဤကျမ်းပိုဒ်ကို ဂရိဘာသာဖြင့် ရေးသားထား သော်လည်း ယောဟန်သည် မာရိ၏စကားကို ကိုးကားသောအခါ၊ ဂရိစကားလုံး“အရှင်ဘုရား” ကို မသုံးခဲ့ပေ။ အာရမိတ်စကားလုံးကို သုံးပြီးဘာသာပြန်ပေးခဲ့သည်။

ယောဟန်သည် မာရိ၏စကားများကို အာရမိတ်အခေါ်အဝေါ် ရဗ္ဗုနိဖြင့် ပထမဆုံးရည်ညွှန်းခဲ့ သည်၊ ၎င်းမှာ မာရိသည် ယေရှုအားပြောဆိုခဲ့သော မူလစကားလုံးဖြစ်သည်။ သို့သော် သူ၏ပထမဆုံး စာဖတ်သူ အများအပြားသည် အာရမိတ်ကိုမသိကြောင်း ယောဟန်ယုံကြည်နေပုံရသည်။ ထို့ကြောင့်၊ သူသည်ဂရိစကားလုံး didaskalos ကို ဘာသာပြန်ပေးခြင်းဖြင့် သူတို့နားလည်စေရန်ကျမ်းပိုဒ်ကို ပေးခဲ့ သည်။ ယောဟန်သည် ရဗ္ဗုနီကို ပထမဆုံးအသုံးပြုခြင်းဖြင့် မာရိ၏တုံ့ပြန်မှုကိုမြှင့်တင်ပေးသည့် အခိုက် အတန့်ကို ဖန်တီးခဲ့သည်။ ယောဟန်၏စာသည် သူ၏စာဖတ်သူများအနေဖြင့် ရှင်ပြန်ထမြောက်တော်မူ သောကယ်တင်ရှင်၌ မာရိ၏ရွှင်လန်းမှုကို လေးမြတ်စေရန် သူမ၏ရွှင်လန်းစွာအော်ဟစ်သံကို စိတ်ကူး ကြည့်ရန် တွန်းအားပေးခဲ့သည်။

ဤကဲ့သို့သော စာပေဆိုင်ရာများနှင့် အစဥ်အလာများသည် သမ္မာကျမ်းစာ၏မူလအထောက် အထားများတွင်ရှိသည့် လိုက်လျောညီထွေခြင်း၏အရေးပါမှုကို ဖော်ပြပြီး၊ မူလအဓိပ္ပာယ်ကို စူးစမ်း လေ့လာခြင်းတွင် အလားတူကိစ္စရပ်များကို အာရုံစိုက်ရန် ကျွန်ုပ်တို့အား တွန်းအားပေးသည်။

သမ္မာကျမ်းစာကို သင်ဖတ်ရှုသောအခါ၊ ကျမ်းရေးသူများသည် မူလစာဖတ်သူများကို ကျမ်းပိုဒ်တွင်ဖော်ပြထားသည့်အရာတို့ကို နားလည်စေရန် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့်၊ ဥပမာ၊ ခရစ်ဝင်ကျမ်းရေးသူများသည် ၎င်းတို့၏ပထမဆုံးစာဖတ်သူများ၏ အကျိုးအတွက် အာရမိတ် သို့မဟုတ် ဟေဗြဲစကားလုံးများကို ဘာသာပြန်ကြသည်။ သို့မဟုတ် တခါတရံတွင် အခြားဒေသများနှင့် ဆက်နွှယ်မှုရှိစေရန် တည်နေရာများကိုညွှန်ပြပေးခြင်းသည် ၎င်းတို့ရေးသားခဲ့သည့် ပထဝီဝင်အနေအထားနှင့်ပတ်သက်ပြီး စာဖတ်သူတို့ မိမိကိုယ်ကိုလမ်းညွှန်နိုင်မည်ဖြစ်သည်။ မူလစာဖတ်သူများသည် ကျမ်းပိုဒ်ကိုနားလည်ရန် အကူအညီလိုအပ်သည်ဟု ကျမ်းရေးသူများက ယူဆသောကြောင့်၊ မူလစာဖတ်သူများသမ္မာကျမ်းစာကို ကောင်းစွာဖတ်ရှုနိုင်ရန် လိုအပ်သည့်ကိရိယာများကို ၎င်းတို့၏လက်ထဲသို့ ထည့်ထားပေးသည့် ထင်ရှားသောနည်းလမ်းများစွာရှိသည်။

ဒေါက်တာ Simon Vibert

လူသားမှန်လျှင် အရာရာတိုင်းတွင်ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာရှိသည်။ လူ့ဘာသာစကားနှင့် လူ့ယဉ်ကျေးမှုမပါဘဲ လူသားများကို သင်ပြောဆိုနိုင်သည့် နည်းလမ်းမရှိပါ။ ထို့ကြောင့်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏သတင်း စကားကို ပေးသောအခါ၊ ကျွန်ုပ်တို့နားလည်နိုင်သော နည်းလမ်းများဖြင့် ပေးတော်မူသည်။ သမ္မာကျမ်းစာကဲ့သို့ စကားလုံးများပါရှိသောအခါ၊ ၎င်းသည် သီးသန့်ဘာသာစကားဖြင့် ဖြစ်လိမ့်မည်။ ထို့အပြင် ၎င်းသည် ပေးအပ်ထားသောယဉ်ကျေးမှု၏ ခိုင်မာသောပုံစံများဖြင့် ကျွန်ုပ်တို့ထံသို့ ရောက်ရှိလာပါသည်။ ယခုအခါ အချို့အရာများသည် အလွန်ထင်ရှားစွာ အသွင်ကူးပြောင်းနေပြီဖြစ်သည်။ ကျွန်ုပ်ဆိုလိုသည်မှာ “သူ့မယားမပြစ်မှားရ” ဟူသည်မှာ ယဉ်ကျေးမှုတိုင်းတွင် အတူတူပင်ဖြစ်သည်။သို့ရာတွင်၊ ခေါင်မိုးပတ်လည်တွင်ကာရံခြင်း သို့မဟုတ် အမိုးပတ်လည် အကာအရံဆောက်ခြင်းကဲ့သို့သောအရာများ သမ္မာကျမ်းစာတွင်လည်း ရှိသောကြောင့်၊ သင့်အိမ်နီးချင်းသည် အိမ်ခေါင်မိုးပေါ်မှ ပြုတ်ကျပြီး သွေးထွက်သံယိုဖြစ်ခြင်း ခံစားရမည်မဟုတ်တော့ပါ။ ကျွန်ုပ်ပတ်ဝန်းကျင်တွင် အမိုးအပြားများ မရှိပါ။ ပုံမှန်အားဖြင့် အိမ်နီးနားချင်းများသည် အိမ်ခေါင်မိုးပေါ် တက်ခြင်းမရှိသည့်အတွက် အမိုးပတ်လည်ခြံစည်းရိုးကိစ္စသည် အရေးမကြီးပါ။ သို့သော် ထိုနိယာမသည် ယဉ်ကျေးမှုတိုင်းတွင် အသုံးချနိုင်ပြီး၊ သင့်အိမ်နီးချင်း၏ ဘေးကင်းမှုကို ဂရုစိုက်သင့်သည့် နိယာမဖြစ်သည်။ သင်သည် သင့်ညီအစ်ကို မောင်နှမအား စောင့်ရှောက်သူဖြစ်သည်။ ကျမ်းစာအားလုံးသည် အခြေအနေတိုင်းအတွက် မဟုတ်ပေ။ အချိန်တိုင်းအတွက်ဖြစ်သည်၊ သို့သော် အခြေအနေအားလုံးအတွက် မဟုတ်ပါ။ မည်သည့်အခြေအနေများဖြစ်သည်ကို ရှာဖွေပြီး၊ ၎င်းသည်ဘုရားသခင်က ကျွန်ုပ်တို့ကိုပေးခဲ့သည့် နည်းလမ်းဖြစ်သောကြောင့် ထိုမတူကွဲပြားသောအခြေအနေများ၌ ၎င်းကိုမည်သို့ခိုင်မာစွာကျင့်သုံးရမည်ကို သိဖို့လိုသည်။

ဒေါက်တာ Craig S. Keener

ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း၊ သမ္မာကျမ်းစာသည် ကျမ်းရေးသူ၊ အထောက်အထားနှင့် ကျမ်းပိုဒ်တိုင်း၏ ပရိသတ်တို့ကို အာရုံစိုက်ရန် ခိုင်မာသောဓမ္မပညာအခြေခံကို ပေးပါသည်။ ယခုအခါတွင်၊ မူလအဓိပ္ပာယ်ကိုသိရှိရန် ဤလမ်းညွှန်ချက်သုံးခုစလုံးကို အာရုံစိုက်လုပ်ဆောင်ရန် များစွာ လိုအပ်ပါသည်။ သို့သော် ကျမ်းရေးသူ၊ အထောက်အထားနှင့် သမ္မာကျမ်းစာ၏ မူလပရိသတ်တို့၏ အကြောင်းကို ကျွန်ုပ်တို့ ပို၍သိလေ၊ ၎င်း၏ မူလအဓိပ္ပာယ်ကို ကျွန်ုပ်တို့ ရှာဖွေနိုင်လေဖြစ်သည်။ မူလအဓိပ္ပာယ်ကို ကျွန်ုပ်တို့ ပိုနားလည်လေ၊ ကျွန်ုပ်တို့၏ဘဝတွင် သမ္မာကျမ်းစာကို ယနေ့ကောင်းစွာ အသုံးချနိုင်လေဖြစ်သည်။

ယခု ကျွန်ုပ်တို့သည် မူလအဓိပ္ပာယ်သည် မည်သည့်အရာဖြစ်သည်ကို သိမြင်ပြီး ၎င်း၏ဓမ္မပညာ အခြေခံကို ဖော်ထုတ်ခဲ့ပြီးနောက်၊ သမ္မာကျမ်းစာစူးစမ်းလေ့လာခြင်းတွင် မူလအဓိပ္ပာယ်ကို အာရုံစိုက် ခြင်း၏အရေးကြီးပုံကို ကြည့်ကြပါစို့။

မှန်ကန်သောစူးစမ်းလေ့လာခြင်း၏ အရေးပါမှုကို နည်းလမ်းနှစ်မျိုးဖြင့် သုံးသပ်ပါမည်။ ဦးစွာ၊ အထူးသဖြင့် ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးကာလအတွင်း အသင်းတော်သမိုင်းတစ်လျှောက် ဤလုပ်ငန်းစဉ်၏ အရေးပါမှုကို ကျွန်ုပ်တို့ကြည့်ရှုပါမည်။ ဒုတိယ၊ မူလအဓိပ္ပာယ်ဆိုင်ရာ စူးစမ်းလေ့လာ ခြင်း၏အရေးပါမှုကို လျှော့ချပေးသည့် ခေတ်သစ်အသင်းတော်ရှိ စိန်ခေါ်မှုအချို့ကို ကျွန်ုပ်တို့ဖြေရှင်း ပါမည်။ အသင်းတော်သမိုင်းကို အကျဉ်းချုံး၍ကြည့်ကြပါစို့။

မူလအဓိပ္ပာယ်နောက်လိုက်လျှောက်ခြင်းသည် အသစ်အဆန်းမဟုတ်ပါ၊ ကျမ်းစာဘာသာပြန် ခြင်းဆိုင်ရာ ခေတ်သစ်အလေးပေးမှုဖြစ်သည်။ အချို့သောအချိန်များတွင် ခရစ်ယာန်အသင်းတော်သည် ယနေ့ကျွန်ုပ်တို့ထက် မူလအဓိပ္ပာယ်နှင့် စိတ်ဝင်စားမှုအလွန်နည်းပါးသော အသေးစိပ်အနက်ပြန်ခြင်း ဆိုင်ရာစနစ်များကို ပီပြင်စွာ ထောက်ခံပြောဆိုခဲ့သည်မှာ မှန်ပါသည်။ သို့တိုင်၊ ခရစ်ယာန်ဘာသာ၏ သမိုင်းတစ်လျှောက်လုံးတွင် သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ်နောက် လိုက်လျှောက်ခြင်းသည် သမ္မာကျမ်းစာအနက်ပြန်ဆိုခြင်း၏မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဦးဆောင် ဓမ္မပညာရှင်တို့က တိုက်တွန်းခဲ့ကြသည်။

ကနဦးအသင်းတော်၏လုပ်ဆောင်မှုတစ်ခုမှာ မြင့်တက်လာသော လွဲမှားသောအယူမှားအုပ်စုများ ၏ စိန်ခေါ်မှုများကိုဆန့်ကျင်ပြီး သမ္မာကျမ်းစာ၏ရည်ရွယ်ချက်များနှင့်ကိုက်ညီစေရန် သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ်ကို ထိန်းသိမ်းထားရန်ဖြစ်သည်။ အသင်းတော်သမိုင်းရှိ ရှေးဦးကျမ်းရေးသူများစွာသည် မူလသတင်းတရားသာ အခွင့်အာဏာရှိသောကြောင့် ကျမ်းစာအုပ်များ၏ မူလသတင်းကို ထိန်းသိမ်းရန် ကြိုးစားခဲ့ကြသည်။

ဥပမာအားဖြင့်၊ အေဒီ ၁၃၀ မှ ၂၀၂ တစ်ဝိုက်တွင်အသက်ရှင်ခဲ့သော ကနဦးအသင်းတော်ဖခင် Irenaeus သည်၊ သူ၏ Against Heresies စာအုပ် ၃၊ အခန်း ၇၊ အခန်း ၁ တွင် ပေါလု၏ရေးသားချက် များအပေါ် မှားယွင်းသောအဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရှုတ်ချခဲ့သည်၊ ။ Irenaeus ပြောကြားချက်ကို နားထောင်ပါ_

ပေါလုသည် ကောရိန္သုမြို့သားတို့အား ဒုတိယစာစောင်တွင် ရှင်းလင်းစွာ ပြောခဲ့သည်မှာ “ဤလောကကို အစိုးရသော ဘုရားသည်သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏” ဟူ၍၎င်း၊ ဤလောက၏ဘုရားတစ်ဆူ အမှန်ပင်ရှိတော်မူလျှင်၊ အချုပ်အခြာအာဏာ၊ အစအဦး၊ တန်ခိုးနှင့်ပြည့်စုံသော အခြားတစ်ပါးသည်...သူတို့...ပေါလု၏စာကို မည်သို့ဖတ်ရမည်ကို မသိကြပေ။

ယေရှုသည် ဓမ္မဟောင်း၏ဖန်ဆင်းရှင်ဘုရားသခင်ထက်၊ ဆင်းသက်လာသော မြင့်မြတ်သည့် နတ်ဘုရားတစ်ပါးဖြစ်သည်ဟု ယုံကြည်သော Gnostic ဆရာများကို Irenaeus သည်ငြင်းဆိုခဲ့သည်။ ဓမ္မဟောင်းမှ “ဤလောက၏ဘုရား” သည် “အချုပ်အခြာအာဏာ၊ အစအဦးနှင့် တန်ခိုးရှိသမျှတို့ထက် ကျော်လွန်သော ဤမြင့်မြတ်သောဓမ္မသစ်ဘုရား”တည်ရှိမှုအပေါ် မျက်စိကွယ်စေကြောင်း ၂ ကောရိန္သု ၄:၄ တွင်သွန်သင်သည်ဟု ဤအယူမှားဆရာများ ယုံကြည်ကြသည်။ ဤ Gnostic အနက်ပြန်သူတို့သည် ပေါလု၏မူလအဓိပ္ပာယ်ကိုမသိသောကြောင့် လွဲမှားစွာအနက်ပြန်နေသဖြင့်၊ ပေါလု၏စာကို မည်သို့ ဖတ်ရမည်ကို သရုပ်ပြရန် Irenaeus သည် သူ၏စာအုပ်ဤအခန်းတွင်ဖော်ပြထားသည်။

အလယ်ခေတ်ဥရောပအတွင်း၊ အသင်းတော်ထုံးတမ်းစဉ်လာအရ သမ္မာကျမ်းစာကို အဓိကအား ဖြင့် ရှုမြင်သည့် အစွန်းရောက်ဖြစ်ရပ်အချို့ရှိခဲ့သည်။ သို့သော် ၎င်းကို မကြာခဏခေါ်လေ့ရှိသည့် အတိုင်း၊ မူလအဓိပ္ပာယ် သို့မဟုတ် စာပေဆိုင်ရာအနှစ်သာရ တန်ဖိုးတွင်လည်း ခိုင်မာသောယုံကြည်ချက် တစ်ခုရှိခဲ့သည်။

ဥပမာအားဖြင့်၊ ထင်ရှားသောဓမ္မပညာရှင် Thomas Aquinas သည် သူ၏ Summa Theologica အပိုင်း ၁၊ မေးခွန်း ၁၊ အပိုဒ် ၁၀ တွင် စာပေဆိုင်ရာအနှစ်သာရသည် ကျမ်းပိုဒ်တစ်ခုဟု ဆိုနိုင်သည့် အခြားအဓိပ္ပါယ်များအားလုံးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သို့ဖြစ်၍ သန့်ရှင်းသောစာအုပ်တွင် ရှုပ်ထွေးမှုရလဒ်များ မရရှိပါ။ အကြောင်းမှာ ရည်ညွှန်းထားသည့်အရာများထံမှမဟုတ်ဘဲ၊ မည်သည့်အငြင်းပွားမှုကိုမဆို ရေးဆွဲထားသည့်အချက်—ပကတိ—အပေါ် အာရုံအားလုံးကို အခြေပြု ထားသောကြောင့်ဖြစ်သည်။

ဤကျမ်းပိုဒ်၌ ရှင်းလင်းစွာဖော်ပြသည့်အတိုင်း၊ Aquinas သည် သမ္မာကျမ်းစာအတွက် အာရုံခံစားမှုများစွာရှိကြောင်း ယုံကြည်ခဲ့သော်လည်း “အာရုံအားလုံးသည် ... ပကတိသဘောပေါ်တွင် တည်ရှိသည်” ဟုအခိုင်အမာဆိုခဲ့သည်။ ဤပကတိသဘောသည် “မည်သည့်အငြင်းပွားမှုကိုမဆို”—သို့မဟုတ် အသင်းတော်၌ အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို—“ရေးဆွဲထားသည်။”

နောက်ပိုင်းတွင်၊ ၁၄ ရာစုမှ ၁၇ ရာစုအထိ ဥရောပပြန်လည်ထူထောင်ရေးကာလအတွင်း စာပေဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ် အသင်းတော်၏ ထိန်းချုပ်မှုသည် တဖြည်းဖြည်း လျော့နည်းလာ သည်။ ရလဒ်အနေနှင့်၊ ရှိရင်းစွဲအသင်းတော်ထုံးတမ်းစဉ်လာအရ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အလေး ထားမှုအားနည်းလာပြီး၊ ကျမ်းစာ၏မူလအဓိပ္ပာယ်ကို အလေးထားမှု တိုးလာခဲ့သည်။ ဤကာလအတွင်း တွင်၊ အရေးကြီးသောရှေးဟောင်းဂရိနှင့် လက်တင်ဂန္တဝင်ကျမ်းအများအပြားသည် ၎င်းတို့၏မူလ ဘာသာစကားများဖြင့် ဥရောပတစ်ခွင်သို့ စတင်ပျံ့နှံ့လာခဲ့သည်။ ထိုကျမ်းများကို လေ့လာသော ပညာရှင် များသည် ၎င်းတို့၏ မူလဘာသာစကားများနှင့် သမိုင်းဆိုင်ရာအချက်အလက်များကို အာရုံစိုက်ခဲ့ကြ သည်။ ထို့အပြင်၊ ၎င်းတို့သည် အသင်းတော်၏အခွင့်အာဏာနှင့် ထုံးတမ်းစဉ်လာထက် မူလအဓိပ္ပာယ် အပေါ်တွင် ၎င်းတို့၏အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အခြေခံထားသည်။

ဤအရွှေ့သည် ၁၅ နှင့် ၁၆ ရာစုနှစ်များတွင် ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးကာလအတွင်း အနက်ပြန်ခြင်းတွင်ဖြစ်ပျက်ခဲ့သည့်အရာများစွာအတွက် အခြေခံအုတ်မြစ်ချပေးခဲ့သည်။ မာတင်လူသာ နှင့် ဂျွန်ကယ်လ်ဗင်တို့ကဲ့သို့သော ပညာရှင်တို့သည် ၎င်းတို့၏မူလဘာသာစကားများနှင့် သမိုင်းဆိုင်ရာ အကြောင်းအရာများဖြင့် သမ္မာကျမ်းစာကို စူးစမ်းလေ့လာခဲ့ကြသည်။ သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ် ကိုသိရှိခြင်းသည် ရောမမြို့၏ ဓမ္မပညာအပေါ်၌ပင် ၎င်းတို့၏တစ်ခုတည်းသော အကြွင်းမဲ့အာဏာအဖြစ် သမ္မာကျမ်းစာကို ထိန်းသိမ်းနိုင်စေသည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။

ဧဝံဂေလိပညာရှင်တို့ကြားတွင်၊ ဤကျမ်းစာအနက်အဓိပ္ပါယ်ပြန်ခြင်းရှုထောင့်ကို “သဒ္ဒါ-သမိုင်း ဆိုင်ရာနည်းလမ်း” ဟုခေါ်သည်။ ဤနည်းလမ်းကို သမ္မာကျမ်းစာတွင် သက်သေပြထားကာ၊ အသင်း တော်သမိုင်းတစ်လျှောက်လုံးတွင်အရေးပါခဲ့ပြီး ပြုပြင်ပြောင်းလဲရေးကာလကတည်းကပင် ကျမ်းစာ လေ့လာခြင်းအတွက် လွှမ်းမိုးသောချဉ်းကပ်မှုဖြစ်ခဲ့သည်။

အလယ်ခေတ်တွင်၊ သမ္မာကျမ်းစာသည် လူ့အဖွဲ့အစည်းအားလုံး၏ စာအုပ် ဖြစ်သည်။ လေ့လာသင်ယူသူအားလုံးသည် ၎င်းတို့၏အချိန်အများစုကို သမ္မာကျမ်းစာလေ့လာဆည်းပူးခြင်းဖြင့်ကုန်ဆုံးစေကြပြီး၊ ၎င်းသည် လူ့ အဖွဲ့အစည်းတွင်သာမက အသင်းတော်တွင်ပါ ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အလယ်ခေတ်ကာလအတွင်း၊ ထိုသမ္မာကျမ်းစာလေ့လာခြင်းတွင် ကျမ်းများကို ဖတ်ရှုရာ၌ သူတို့သည် ကျမ်းပိုဒ်အလွှာများစွာကို အာရုံစိုက်သည့် အလွန်အသေးစိတ်သောနည်းလမ်းကို တီထွင်ခဲ့ကြသည်။ သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ်သည် သမိုင်းဆိုင်ရာအခွင့်အာဏာရည်ရွယ်ချက်ကိုဆိုလိုလျှင်၊ အလယ်ခေတ်အဓိပ္ပာယ်ဖွင့်ဆိုချက်နည်းလမ်း၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းကို ကြီးမားသောအဆုံးသတ်အတွက် နည်းလမ်းတစ်ခုအဖြစ် မြင်သည်။ နောက်ပိုင်းအဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်မတူဘဲ၊ စာရေးသူ၏ရည်ရွယ်ချက် သို့မဟုတ် မူလအဓိပ္ပာယ်ကို ကောင်းမွန်စွာဖတ်ရှုနိုင်စေရန် အခြေခံအဖြစ် ရှုမြင်ထားသော်လည်း၊ မူလအဓိပ္ပာယ်ထက် ပို၍အရေးကြီးသည်ဟု မြင်သောအရာတစ်ခုရှိသည်။ ၎င်းသည် ခရစ်တော်ဗေဒဆိုင်ရာ၊ ခရစ်တော်အပေါ် အာရုံစူးစိုက်မှုဖြစ်ပြီး၊ မကြာခဏဆိုသလို နောက်ဆုံးသောကာလဆိုင်ရာ သို့မဟုတ် အဆုံးသတ်ကာလ သို့မဟုတ် သမ္မာကျမ်းစာ၏ နောက်ဆုံးသောကာလဆိုင်ရာကို ဖတ်ရှုခြင်းအပေါ် အာရုံစိုက်မှုဖြစ်သည်။ ထို့ကြောင့် အခွင့်အာဏာဆိုင်ရာ၏ရည်ရွယ်ချက်သည် အရေးပါသော်လည်း ၎င်းကိုအဆုံးသတ်ပွဲအဖြစ် မမြင်ပါ။ နိဂုံးချုပ်ရန် နည်းလမ်းတစ်ခုအဖြစ် မြင်သည်။

ဒေါက်တာ Jonathan T. Pennington

မူလအဓိပ္ပာယ်နှင့် အလယ်ခေတ်ရှိ ခရစ်ယာန်အသင်းတော်၏ ထုံးတမ်းစဉ်လာတို့ကြား ဆက်နွှယ်မှုအကြောင်း မေးခွန်းမေးခြင်းသည် အလယ်ခေတ်အနက်ပြန်သူများသည် သင့်ကိုထူးခြားစွာကြည့်စေမည့် အရာဖြစ်သည်၊ အကြောင်းမှာ အလယ်ခေတ်ကာလတွင် သူတို့သည် သမ္မာကျမ်းစာ၏အဓိပ္ပာယ်ကို အလွန်စိတ်ဝင်စားခဲ့ကြသောကြောင့် ဖြစ်သည်...သူတို့သည် အသင်းတော်ထုံးတမ်းစဉ်လာသည် သမ္မာကျမ်းစာ၏သွန်သင်ချက်ဖြစ်သည်ဟူသော အခြေခံခံယူချက်ဖြင့် သမ္မာကျမ်းစာကို လေ့လာကြသည်။ ယခု၊ နှစ်ဆယ့်တစ်ရာစု ပရိုတက်စတင့်များအတွက် ၎င်းကိုရယ်မောရန်လွယ်ပါသည်။ သို့သော် ၎င်းနှင့်ကျွန်ုပ်တို့ မလွတ်ကင်းနိုင်ပါ။ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် John Calvin ၏သွန်သင်ချက် သို့မဟုတ် John Wesley သို့မဟုတ် Martin Luther သို့မဟုတ် မည်သူမဆို၏သွန်သင်ချက်သည် သမ္မာကျမ်းစာသွန်သင်ချက်ဖြစ်သည်ဟူ၍ ပြောဆိုနေကြသော လူများစွာရှိပါသည်။ ထို့ကြောင့်၊ အလယ်ခေတ်တွင် ဖြစ်ပျက်နေသည့်အရာမှာ၊ ၎င်းတို့သည် ယုံကြည်ခြင်းစိုးမိုးမှု၏ လှုပ်ရှားမှုကို အခြေခံသော သမ္မာကျမ်းစာကိုအနက်ပြန်ရန် ချဉ်းကပ်မှုတစ်ခု လုပ်ဆောင်နေခြင်းဖြစ်သည်။ အလယ်ခေတ်အနက်ပြန်သူများ မေးနေကြသည့်မေးခွန်းမှာ “တမန်တော်များပေးအပ်သောယုံကြည်ခြင်းသည် ဤကျမ်းပိုဒ်အားဖြင့် ကျွန်ုပ်တို့အတွက် မည်သို့လက်ဆင့်ကမ်းခဲ့သနည်း။"

ဒေါက်တာ Carey Vinzant

အသင်းတော်သမိုင်းတစ်လျှောက် သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ်ကို စူးစမ်းလေ့လာခြင်းသည် အရေးကြီးကြောင်း ယခုကျွန်ုပ်တို့သိမြင်ပြီးနောက်၊ ခေတ်သစ်အသင်းတော်တွင် ပေါ်ပေါက်ခဲ့သော ဤအယူအဆအတွက် စိန်ခေါ်မှုအချို့ကို သုံးသပ်ကြည့်ကြပါစို့။

သမ္မာကျမ်းစာသာမက၊ ကျမ်းပိုဒ်တိုင်း၏ မူလအဓိပ္ပာယ်၏အရေးပါမှုကို နည်းအမျိုးမျိုးဖြင့် မေးခွန်းထုတ်ခြင်းခံရသည့်ကာလတွင် ကျွန်ုပ်တို့ အသက်ရှင်နေပါသည်။ ကျွန်ုပ်တို့မြင်ခဲ့ပြီးသည့်အတိုင်း၊ အတိတ်ကာလတွင်၊ အနက်ပြန်သူများစွာသည် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏နားလည်နိုင်စွမ်းထက် သာလွန်သော ဘုရားသခင်ထံမှလာသည်ဟု ယုံကြည်သောကြောင့် ကျမ်းပိုဒ်တိုင်းအတွက် အဓိပ္ပာယ် များစွာကို ပြောဆိုခဲ့ကြသည်။ သို့သော် ခေတ်သစ်ကမ္ဘာတွင် သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ် သို့မဟုတ် မည်သည့်စာပေ၏မူလအဓိပ္ပာယ်ကိုမဆို ဘုရားသခင်ကြောင့်မဟုတ်ဘဲ လူသားတို့၏ဆက်သွယ်မှု သဘောသဘာဝကြောင့် မေးခွန်းထုတ်ခြင်းခံရသည်။

နှစ်ဆယ်ရာစုအစောပိုင်းတွင်၊ ခေတ်သစ်စာပေဝေဖန်သူအဖွဲ့များသည် မူလအဓိပ္ပာယ်ကို လျစ်လျူရှုလာကြသည်။ ကျမ်းရေးသူများနှင့် မူလပရိသတ်များကိုအများအားဖြင့် မသိနိုင်ဟု ယေဘုယျ အားဖြင့် ဤအဖွဲ့များသည်ဦးစွာစောဒကတက်ကြသည်။ ကျမ်းရေးသူများနှင့် ပရိသတ်များကို သေချာစွာ မဖော်ထုတ်နိုင်ဟု သမိုင်းပညာရှင်များက ဆိုသည်။ ခေတ်သစ်ယဉ်ကျေးမှုများမှကောက်ချက်ချမှုများကို ရှေးခေတ်ယဉ်ကျေးမှုများထံ အသုံးပြု၍မရနိုင်ကြောင်း မနုဿဗေဒပညာရှင်တို့က အလေးပေးဖော်ပြ ကြသည်။ ခေတ်သစ်စာဖတ်သူများသည် ရှေးခေတ်ကျမ်းရေးသူများ၏ ရည်ရွယ်ချက်ကို သေချာစွာ ပိုင်းခြားနိုင်မည်မဟုတ်ကြောင်း စိတ်ပညာရှင်တို့က အကြံပြုထားသည်။ လူသားအသိပညာအားလုံး သည် ပုဂ္ဂလဓိဋ္ဌာန်ဖြစ်သဖြင့် ကျမ်းရေးသူများ၏ တွေးခေါ်ပုံကိုအမှန်တကယ် မသိနိုင်ဟု တွေးခေါ် ပညာရှင်များက စောဒကတက်ခဲ့ကြသည်။

နှစ်ဆယ်ရာစု အလယ်ပိုင်းတွင်၊ ရှေးခေတ်ကျမ်းရေးသူများနှင့် ပရိသတ်များကို ခွဲခြားသိမြင်ခြင်း အတွက် အနက်ပြန်သူများစွာသည် ၎င်းတို့ကို လုံးဝလျစ်လျူရှုကာ ကျမ်းပိုဒ်အပေါ် အပြည့်အဝအာရုံ စိုက်လာစေရန် ဦးတည်စေခဲ့သည်။ ဝေဖန်သူအသစ်များသည် သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာ များမပါဘဲ ကျမ်းပိုဒ်များကို ဖတ်ရန် ကြိုးစားခဲ့သည်။ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာပညာရှင်များသည် ဘာသာစကားနည်းစနစ်၌ အထောက်အထားတစ်ခုရှိ စကားလုံးရွေးချယ်မှုတွင် အခြားသော ဖြစ်နိုင်ချေ ရွေးချယ်မှုများအားလုံး၏အဓိပ္ပာယ်ကို တွေ့ရှိခဲ့ကြသည်။ တုံ့ပြန်ဝေဖန်-စာဖတ်သူများသည် ကျမ်းပိုဒ်ကို ခေတ်သစ်စာဖတ်သူများ၏တုံ့ပြန်မှုတွင် အဓိပ္ပာယ်ကို ရှာဖွေကြသည်။

နှစ်ဆယ်ရာစု၏ နောက်ဆုံးဆယ်စုနှစ်များအတွင်း၊ စာပေဝေဖန်ရေးသမားများက ကျမ်းပိုဒ်၏ အဓိပ္ပာယ်ကို မသိနိုင်— သို့မဟုတ် ပိုဆိုးသည်၊ မကောင်းဟု ဆိုကြသည်။ ခေတ်လွန်ဖွဲ့စည်းတည် ဆောက်မှုဆိုင်ရာပညာရှင်များသည် ရှေးခေတ်ကျမ်းရေးသူများ၏ အယူအဆများကို ခေတ်သစ်စာဖတ် သူများအပေါ် ထည့်သွင်းခြင်းကို ငြင်းဆိုခဲ့ကြသည်။ ၎င်းတို့သည် ကျမ်းပိုဒ်များကိုနားမလည်နိုင်သော ကွဲလွဲမှုများနှင့် မရေရာမှုများကို အာရုံစိုက်ခြင်းဖြင့် ရှေးခေတ်ကျမ်းစာများကို “ဖောက်ဖျက်ရန်” စာဖတ် သူများကို အားပေးတိုက်တွန်းခဲ့သည်။ ဝေဖန်ရေးပညာရှင်များစွာသည် ရှေးခေတ်ကျမ်းရေးသူများကို ပယ်ချခဲ့ပြီး၊ ခေတ်သစ်စာဖတ်သူများ၏ ရည်ရွယ်ချက်များနှင့်ကိုက်ညီစေရန် သမ္မာကျမ်းစာ၏ စကားလုံးများကို ပုံပြောင်းရန် အားပေးခဲ့သည်။

၎င်းသည်ထူးဆန်းသည်ဟုထင်ရသော်လည်း၊ သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိ ခြင်း၏တန်ဖိုးကို အလေးထားသည့် ဝေဖန်ပိုင်းခြားသောပညာရှင်ကြီးများထံမှ အသုံးဝင်သော ထိုးထွင်း ဉာဏ်များစွာ ရရှိစေပါသည်။ သို့သော် ခြုံငုံကြည့်လျှင်၊ ကျွန်ုပ်တို့သည် ပြုပြင်ပြောင်းလဲရေးသင်ခန်းစာ များကို မှတ်သားရန် ပညာရှိဖို့လိုသည်။ လူသားအနက်ပြန်သူများ၏ကြီးစိုးခြင်းကို ရှောင်ရှားရန် တစ်ခု တည်းသောနည်းလမ်းမှာ၊ သန့်ရှင်းသောဝိညာဉ်တော် ပထမဆုံးမှုတ်သွင်းခဲ့သောအချိန်၏ သမိုင်းဆိုင်ရာ အကြောင်းအရာကို ကြည့်ရှုရန်ဖြစ်သည်။ ဤသည်မှာ အခြားသူများ၏ဘဝအပေါ် မိမိတို့၏အခွင့် အာဏာကိုကျင့်သုံးရန်၊ သမ္မာကျမ်းစာ၏ထောက်ခံမှုကိုရရှိရန် ပြုလုပ်လိုသောလူတစ်ဦးချင်း၊ ယဉ်ကျေး မှုလှုပ်ရှားမှုများ၊ အသင်းတော်များနှင့် အခြားသူများ၏ရည်ရွယ်ချက်အတွက် သမ္မာကျမ်းစာ၏အခွင့် အာဏာကို လုံခြုံစေမည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ .

ပြုပြင်ပြောင်းလဲရေးသမားများသည် အသင်းတော်အာဏာပိုင်များ၏ အနက်ပြန်ခြင်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုကို ရှောင်ရှားရန် တစ်ခုတည်းသောနည်းလမ်းမှာ သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းခဲ့ သော သမိုင်းဆိုင်ရာအကြောင်းအရာတွင် သမ္မာကျမ်းစာကို ကြည့်ရှုရန်ဖြစ်သည်ကို မြင်ကြသည်။ အလားတူပင်၊ ခေတ်သစ်ပုဂ္ဂိုလ်များ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ အသင်းတော်များနှင့် အခြားအာဏာစက် များထံမှ အနက်ပြန်ခြင်းဆိုင်ရာဖိနှိပ်ချုပ်ချယ်မှုကို လုံခြုံစေရန် တစ်ခုတည်းသောနည်းလမ်းမှာ သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ်ကို ရှာဖွေရန်ဖြစ်သည်။

သမ္မာကျမ်းစာစူးစမ်းလေ့လာခြင်းဆိုင်ရာ ဤသင်ခန်းစာတွင်၊ သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ် အား စူးစမ်းလေ့လာခြင်း၏အဓိကအကြောင်းအရာအဖြစ် ကျွန်ုပ်တို့သတ်မှတ်ခဲ့ပါသည်။ မူလအဓိပ္ပာယ် အပေါ်အာရုံစိုက်ခြင်းအတွက် ဓမ္မပညာဆိုင်ရာအခြေခံကို ကျွန်ုပ်တို့ ရှင်းပြခဲ့ပါသည်။ မူလအဓိပ္ပာယ်ကို မှန်ကန်စွာ အာရုံစိုက်ခြင်း၏အရေးပါမှုကို ကျွန်ုပ်တို့ လေ့လာခဲ့ပါသည်။

ဤသင်ခန်းစာတစ်လျှောက်တွင် ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း၊ သမ္မာကျမ်းစာအနက်ဖွင့် ဆိုချက်၏ ရှုထောင့်များစွာသည် ရှေးဟောင်းသုတေသနတူးဖော်မှုတစ်ခုနှင့်ဆင်တူပါသည်။ ကျွန်ုပ်တို့ သည် ၎င်းတို့၏မူလအဓိပ္ပာယ်ကို ပိုင်းခြားသိရှိနိုင်ရန် ၎င်းတို့၏ရှေးဟောင်းသမိုင်းဆိုင်ရာအကြောင်း အရာများ—သန့်ရှင်းသောဝိညာဉ်တော်နှင့် သူ၏မှုတ်သွင်းခံကျမ်းရေးသူများသည် ၎င်းတို့၏မူလ ပရိသတ်များ၏ အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို သက်ရောက်မှုရှိစေရန် ရည်ရွယ် သည့်နည်းလမ်းများ—ကိုလေ့လာခဲ့ပါသည်။ သမ္မာကျမ်းစာတစ်အုပ်ချင်းစီ၏ မူလအဓိပ္ပာယ်ကို နားလည် သဘောပေါက်ရန် အစွမ်းကုန်လုပ်ဆောင်ခြင်းသည် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အရေးကြီးသည်၊ အကြောင်းမှာ သမိုင်းတစ်လျှောက်လုံးတွင် ကိုယ်တော်၏လူအားလုံးအတွက် ဘုရားသခင်ကိုယ်တော် တိုင်၏ အခွင့်အာဏာကို ဆောင်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ ပါကျမ်းပိုဒ်တိုင်း၏ မူလအဓိပ္ပာယ်ကို နားလည်သဘောပေါက်ရန် အစဥ်အဆင်သင့်ရှိနေသင့်သည်၊ သို့မှသာ ကျွန်ုပ်တို့ပြုလုပ်သော ခေတ်သစ်ကျင့်သုံးမှုတိုင်းသည် ၎င်း၏အခွင့်အာဏာရှိသောမူလ အဓိပ္ပာယ်နှင့် ကိုက်ညီကြောင်း အာမခံနိုင်မည်ဖြစ်သည်။

Continue reading the full transcript