<link rel="stylesheet" href="https://cdn.plyr.io/3.7.8/plyr.css" />
Back to CatalogHGBသမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ
သမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ ·VideoTranslated from English

HGB-07 ကျမ်းစာကို အသုံးပြုခြင်း

Read the full text

သင်ခန်းစဉ် ၇ နှင့်အတူ တွဲဖက်ထားသော ဗီဒီယိုတစ်ခု ဖြစ်ပြီး အောက်ပါမေးခွန်းများကို ဖြေသည်- ကျမ်းစာကျမ်းပိုဒ်များကို ခေတ်သစ်ဘဝတွင် အသုံးပြုသည့်အခါ ကျွန်ုပ်တို့ လိုက်နာသင့်သော လမ်းညွှန်ချက်များကား အဘယ်နည်း။ ကျမ်းစာကျမ်းပိုဒ်၏ မူလအဓိပ္ပာယ်ကို သိခြင်းက ကျွန်ုပ်တို့ ၎င်းကို ကျွန်ုပ်တို့၏ဘဝတွင် အသုံးပြုရန် မည်သို့ကူညီသနည်း။ ဘုရားသခင်သည် မပြောင်းလဲနိုင်သော အရာကား အဘယ်နည်းဖြင့် ရှိသနည်း။ လူသားအားလုံးတွင် အပြစ်ရှိသော သဘောသဘာဝ ရှိပါသလား။ ဘုရားသခင်၏ နောက်ပိုင်းထင်ရှားပြချက်သည် သူ၏အစောပိုင်းထင်ရှားပြချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏နားလည်မှုကို မည်သို့လွှမ်းမိုးသနည်း။ ကျမ်းစာများကို နာခံရန် သင့်လျော်သော လှုံ့ဆော်မှုများကား အဘယ်နည်း။ ကျမ်းစာကို နာခံခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းသည် ကွာခြားပါသလား။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများ၏ ယဉ်ကျေးမှုအင်္ဂါရပ်များကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာကျမ်းကို ခေတ်ပြိုင်စာဖတ်သူများနှင့် ခပ်သိမ်းပုံပြေး စေသနည်း။ ကျမ်းစာကို ယနေ့ ကျွန်ုပ်တို့၏ဘဝတွင် အသုံးပြုသည့်အခ�ာ ကျွန်ုပ်တို့၏ယဉ်ကျေးမှုနှင့် သမ္မာကျမ်းယဉ်ကျေးမှုကြား ကွာခြားချက်များကို မည်သို့စာရင်းကိုင်သင့်သနည်း။ ရွေးနှုတ်ခြင်း၏သမိုင်းတွင် ပြောင်းလဲမှုများကြောင့် ယနေ့ ကျမ်းစာကို သက်ဆိုင်ပြီး အသုံးပြုနိုင်ရန် ယုံကြည်သူများသည် မည်သို့လုပ်ဆောင်နိုင်သနည်း။


From the transcript

၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့သော သာ့ဒ်မစ်လ် သည်အမြတ်အစွန်းကို အဓိက မထားသော ဧဝံဂေလိ ခရစ်ယာန် အမှုတော် တစ်ခု ဖြစ်ပါသည်။ သာ့ဒ်မစ်လ်က ပေးအပ်ရန် ရည်စူးထားသည်မှာ-

ကျွန်ုပ်တို့၏ ပန်းတိုင်မှာ ကမ္ဘာတလွှားရှိ အမှုတော်အတွက် လုံလောက်သော လေ့ကျင့်ရည် ချို့တဲ့ ကင်းမဲ့သည့် သင်းအုပ်နှင့် ခရစ်ယာန် ခေါင်းဆောင် ထောင်ပေါင်း များစွာအား အခမဲ့ ခရစ်ယာန် ပညာရေးကို ပေးကမ်းရန် ဖြစ်ပါသည်။ ပြိုင်ဖက်ကင်းသော မီဒီယာစုံသင် စာသင်တိုက် သင်ရိုးကို အင်္ဂလိပ်၊ အာရဘစ်၊ တရုတ်၊ ရုရှ နှင့် စပိန် ဘာသာစကားများဖြင့် ထုတ်လုပ်ပြီး ကမ္ဘာ အနှံ့ ဖြန့်ဝေခြင်း အားဖြင့် ဤပန်းတိုင်ကို ကျွန်ုပ်တို့ ဖြည့်ဆည်းနေပါသည်။ ကျွန်ုပ်တို့၏ သင်ရိုးကို ကျွန်ုပ်တို့၏ မိတ်ဖက် အမှုတော်များအားဖြင့် အခြားသော ဘာသာစကား တစ်ဒါဇင်ကျော်သို့ ပြန်ဆိုလျက် ရှိပါသည်။ သင်ရိုးတွင် ရုပ်ပုံများက ထိန်းကျောင်းသော ဗီဒီယိုများ၊ ပုံနှိပ်ထားသော ညွှန်ကြားချက်များ နှင့် အင်တာနက် အရင်းအမြစ်များ ပါဝင်ပါသည်။ ၎င်းကို ကျောင်းများ၊ အုပ်စုများ၊ တစ်ဦးချင်း ပုဂ္ဂိုလ်များ၊ အွန်လိုင်းတွင်သာမက သင်ယူလေ့လာသော လူ့အဖွဲ့အစည်းများတွင်ပါ အသုံးပြုနိုင်အောင် ပုံစံဆွဲထားပါသည်။

နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံး ပါဝင် ပစ္စည်းနှင့် အရည်အသွေး ရှိသော ဆုရ မီဒီယာစုံသင် သင်ခန်းစာများကို အလွန်ပင် တွက်ချေကိုက်စွာ ပြုစုထုတ်လုပ်ပေးသည့် နည်းစနစ်တစ်ခုကို ကျွန်ုပ်တို့ တိုးတက်ဖွံ့ဖြိုးလာစေခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စာရေးသူများနှင့် အယ်ဒီတာများသည် ဓမ္မပညာပိုင်းဆိုင်ရာ လေ့ကျင့်မှု ရှိထားပြီးသော ပညာပေးသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘာသာပြန်ဆိုသူများသည်လည်း သူတို့၏ ဦးတည် ဘာသာစကားများ၌ ဓမ္မပညာပိုင်းဆိုင်ရာ ကျွမ်းကျင် လိမ္မာသော ဒေသစကားပြောသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ သင်ခန်းစာများတွင်လည်း ကမ္ဘာတလွှားမှ ထောင်ပေါင်းများစွာသော ဂုဏ်အသရေ ရှိ စာသင်တိုက် ပါမောက္ခများနှင့် သင်းအုပ်ဆရာများ၏ ထိုးထွင်းအမြင်များ ပါဝင်ပါသည်။ ဖြည့်စွက်ပြောရလျှင် ကျွန်ုပ်တို့၏ ရုပ်ပုံ ဒီဇိုင်နာများ၊ ပန်းချီဆရာများ၊ ထုတ်လုပ်သူများသည် လုံးဝဥဿုံ ခေတ်မှီသော ကရိယာများနှင့် နည်းလမ်းများကို သုံး၍ အမြင့်ဆုံး ထုတ်လုပ်မှု ဆိုင်ရာ စံနှုန်းများကို လိုက်နာထားပါသည်။

ကျွန်ုပ်တို့၏ ဖြန့်ချိရေး ဆိုင်ရာ ပန်းတိုင်များကို ပြီးမြောက်ရန် အတွက် သာ့ဒ်မစ်လ် အနေဖြင့် အသင်းတော်များ၊ စာသင်တိုက်များ၊ ကျမ်းစာကျောင်းများ၊ သာသနာပြုများ၊ ခရစ်ယာန် အသံလွှင့်သူများ၊ ဂြိုလ်တု ရုပ်မြင်သံကြား ဝန်ဆောင်မှုပေးသူများ၊ အခြားသော အဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော မိတ်ဖက်ဖြစ်မှုကို အခိုင်အမာ ပြုလုပ်ထားပါသည်။ ဤ ဆက်နွယ်မှုများကြောင့် ဒေသခံခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ စာသင်တိုက် စာသင်သားများသို့ ဗီဒီယို သင်ခန်းစာ အမြောက်အများကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ သည်လည်း ဖြန့်ချိရေး လမ်းကြောင်းများ အဖြစ် အသုံးတည့်နေသလို သင်၏ ကိုယ်ပိုင် လေ့လာသင်ယူ လူ့အဖွဲ့အစည်းကို မည်သို့ စတင်ရမည် ဆိုသည်နှင့် သက်ဆိုင်သည့် သင်ခန်းစာ ပစ္စည်းများ အပါအဝင် ကျွန်ုပ်တို့၏ သင်ခန်းစာများကို ထပ်ဆောင်းဖြည့်ဆည်းပေးရန် အတွက် နောက်ထပ် လိုအပ်သော ပစ္စည်းများကိုလည်း ပေးကမ်းပါသည်။

သာမန်ဘဝတွင် အချို့အရာများကို ယာယီအသုံးပြုရန်နှင့် အချို့တို့ကို ရေရှည်အသုံးပြုနိုင်ရန် ရေးမှတ်ထားသည်ကို ကျွန်ုပ်တို့အားလုံးသိပါသည်။ ကောင်းပြီ၊ ခရစ်တော်၏နောက်လိုက်များအတွက်၊ မည်သည့်အခါမှ ခေတ်ကုန်ပျောက်ကွယ်သွားမည်မဟုတ်သော စာအုပ်တစ်အုပ်မှာ_ သမ္မာကျမ်းစာဖြစ် သည်။ မျိုးဆက်တစ်ခုပြီးတစ်ခု၊ ဘုရားသခင်၏လူများသည် သမ္မာကျမ်းစာကို မြတ်နိုးကြသည်— အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် နေရာတိုင်း၊ ခေတ်တိုင်းတွင် ဘုရားသခင်အတွက်အသက်ရှင် ခြင်းအကြောင်း သမ္မာကျမ်းစာတွင် ပြောစရာများစွာရှိသောကြောင့်ဖြစ်သည်။ ယေရှုသည် သမ္မာကျမ်း စာကိုဘုရားသခင်၏နှုတ်ကပတ်တော်အဖြစ်ရှုမြင်ပြီး အလုံးစုံပြီးမြောက်သည်အထိ ၎င်းသည် ဘုရားသခင်၏လူမျိုးအတွက် စံနှုန်းအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း သူ၏နောက်လိုက်များအနေဖြင့် အလားတူလုပ်ဆောင်ပါသည်။

ဤသည်မှာ ကျွန်ုပ်တို့အား သူကျမ်းစာပေးခဲ့သည် အနက်ပြန်ခြင်းဆိုင်ရာအခြေခံအုတ်မြစ်များ အခန်းဆက်ဆောင်းပါးမှ ခုနစ်ခုမြောက်သင်ခန်းစာဖြစ်ပြီး_ "သမ္မာကျမ်းစာကို ကျင့်သုံးခြင်း"ဟုခေါင်းစဉ် တပ်ထားပါသည်။ ဤသင်ခန်းစာတွင်၊ မျက်မှောက်ခေတ်ပရိသတ်များအတွက် သမ္မာကျမ်းစာ၏မူလ အဓိပ္ပာယ်ကို ဆက်စပ်ရာတွင် အလွန်အသုံးဝင်သောကျင့်သုံးခြင်းများအတွက် ချဉ်းကပ်နည်းအချို့ကို ကျွန်ုပ်တို့ အကြံပြုပါမည်။

ဤအခန်းဆက်ဆောင်းပါးတွင်၊ ကျင့်သုံးခြင်း၏လုပ်ငန်းစဉ်ကို အောက်ပါအတိုင်း သတ်မှတ် ဖော်ပြပါမည်_

ကျမ်းစာအထောက်အထား၏ မူလအဓိပ္ပာယ်ကို မျက်မှောက်ခေတ် ပရိသတ်များနှင့် ၎င်းတို့၏ အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို သက်ရောက်မှုရှိသော နည်းလမ်းများဖြင့် သင့်လျော်စွာ ချိတ်ဆက်ပေးသည်။

ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် မူလအဓိပ္ပာယ်၏ ယခင်အဓိပ္ပါယ်ဖွင့်ဆိုချက်အား အသုံးပြုထား သောကြောင့်၊ မူလအဓိပ္ပာယ်ကို ပြန်လည်အမှတ်ရရန် အထောက်အကူဖြစ်စေသည်_

အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများသည် ၎င်း၏ပထမဆုံး စာဖတ်သူပရိသတ်ထံ ဘုရားသခင်နှင့် လူသားကျမ်းရေးသူများ အတူရည်ရွယ်သည့်အထောက်အထားများဖြစ်သည်။

ကျမ်းရေးသူ အမှန်တကယ်ပြောသည့်အချက်ကို ကျွန်ုပ်တို့ နားလည်ရန် လိုအပ်ပြီး၊ ကျင့်သုံးခြင်းကို ဖန်တီးနိုင်ပါသည်။ ကျင့်သုံးခြင်းသည် ကျမ်းပိုဒ်၏အဓိပ္ပါယ်မှ ဆင်းသက်လာရမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ နားလည်နိုင်သည့်တိုင် မူလကိုသိရှိရန်ကူညီပေးကာ၊ ဤမူလကြားနာသူများနှင့် တူညီသောဓမ္မပညာဆိုင်ရာ အနေအထားတွင် ကျွန်ုပ်တို့ရှိနေပါသလား။ ကျွန်ုပ်တို့သည် မောရှေ၏ပဋိညာဉ်အောက်တွင် ရှိပါသလား။ ကျွန်ုပ်တို့သည် ပဋိညာဉ်တစ်ခု၏အောက်တွင် ရှိနေပါသလား။ ထို့ကြောင့်၊ မူလအခြေအနေ၊ သမိုင်း၊ ဓမ္မပညာဆိုင်ရာနှင့် ဆက်စပ်မှုတို့ကို နားလည်သဘောပေါက်ခြင်းသည် ၎င်းကို ကောင်းစွာနားလည်ရန် ကျွန်ုပ်တို့ကိုကူညီပေးသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ပြီးမြောက်ခဲ့သော အမှုတော်အောက်တွင်ရှိနေသောကြောင့်၊ ခရစ်တော်၏ ပြီးပြည့်စုံသောအမှုတော်မှတဆင့် ထိုအဓိပ္ပါယ်ကို ယူဆောင်လာရန်လိုအပ်သည်ကို ကျွန်ုပ်တို့ယခုသိပါသည်။

ဒေါက်တာ Stephen J. Bramer

ယခု၊ ကျမ်းစာရေးသားချိန်နှင့် ကျွန်ုပ်တို့၏ခေတ်ကာလများကြားတွင် ဖြစ်ပေါ်ခဲ့သော သိသာထင်ရှားသောတိုးတက်မှုများကို ထည့်သွင်းတွက်ချက်ရသောကြောင့် ကျင့်သုံးခြင်းလုပ်ငန်းစဉ် သည် အစဥ်လွယ်ကူသည်မဟုတ်ပါ။ သို့သော် ကျင့်သုံးခြင်းလုပ်ငန်းစဉ်၏ယခုရည်ရွယ်ချက်သည် သမ္မာကျမ်းစာကို ဦးစွာရေးသားခဲ့သည့်အချိန်နှင့် အတူတူပင်ဖြစ်သည်_ ဘုရားသခင်၏အလိုတော်နှင့် အညီ ဘုရားသခင်၏လူမျိုးတော်၏အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို အကျိုးသက် ရောက်စေရန် ဖြစ်သည်။

မူလအဓိပ္ပာယ်နှင့် ကျင့်သုံးခြင်းကြားတွင် ကျွန်ုပ်တို့ပြုလုပ်နိုင်သည့် အရေးကြီးဆုံးသောခြားနား ချက်မှာ မူလအဓိပ္ပာယ်ကို စူးစမ်းလေ့လာခြင်းသည် ၎င်း၏ပထမဆုံးပရိသတ်များ၏သဘောတရားများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများအပေါ် ထားရှိရန် ရည်ရွယ်ထားသည့် သမ္မာကျမ်းစာ၏အကျိုးသက် ရောက်မှုကို အလေးပေးဖော်ပြခြင်းဖြစ်သည်။ သို့သော် အဓိပ္ပာယ်ဖွင့်ဆိုကျင့်သုံးခြင်းလုပ်ငန်းစဉ်သည် ဤအဆင့်အားလုံးတွင် မျက်မှောက်ခေတ်ပရိသတ်ကို မည်သို့အကျိုးသက်ရောက်သင့်သည်ကို အလေး ထားပါသည်။

ကျမ်းပိုဒ်၏မူလအဓိပ္ပာယ်သည် ကျွန်ုပ်တို့၏ကျင့်သုံးခြင်းအတွက် အရေးပါသောကြောင့် ၎င်းသည် ကျမ်းပိုဒ်၏မှုတ်သွင်းခံနှင့် စစ်မှန်သောအဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ကျမ်းပိုဒ်ကို ကောင်းစွာကျင့်သုံးခြင်းသည် ၎င်း၏မူလအဓိပ္ပာယ်ကို အစဥ်သစ္စာရှိရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ကျွန်ုပ်တို့၏ ခေတ်သစ်ကျင့်သုံးခြင်းများသည် မျက်မှောက်ခေတ်၊ ယဉ်ကျေးမှုများ နှင့် လူတစ်ဦးချင်းစီကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သောကြောင့် အချို့သောအဓိပ္ပာယ်ဖြင့် မူလ အဓိပ္ပာယ်ကို ကျော်လွန်သွားရမည်ဖြစ်သည်။

သမ္မာကျမ်းစာကျမ်းပိုဒ်၏မူလအဓိပ္ပာယ်ကို သိရှိခြင်းသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသက်တာတွင် ၎င်းကိုကျင့်သုံးရန် ကူညီပေးသည်။ အကြောင်းမှာ ၎င်း၏မူလအဓိပ္ပါယ်အတွက် အဓိကအစိတ်အပိုင်းတစ်ခုသည် ၎င်း၏ မူလရည်ရွယ်ချက်ကို နားလည်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြု ပါသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် ၎င်း၏ပထမပရိသတ်များ၊ ပထမဆုံးစာဖတ်သူများ၏အခြေအနေအရ၊ သူတို့၏အကိုးအကား ပုံသဏ္ဍာန်အရ၊ သူတို့ကြုံတွေ့နေရသောစုံစမ်းသွေးဆောင်မှုများတွင် သူတို့သည်သမ္မာကျမ်းစာကို မည်မျှသိရှိနားလည်ထားသနည်း ဟူသည်ကိုသိနိုင်ရန် ဤပုံစံရေးဆွဲထားသည်။ ၎င်းသည် သူတို့အတွက် ဘုရားသခင်၏ကျင့်သုံးခြင်းပင်ဖြစ်သည်။ အဓိပ္ပါယ်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ရည်ရွယ်ချက်ဖြစ်သောသန့်ရှင်းခြင်းကို သူတို့၏ဘဝတွင် သက်ရောက်စေရန် ရည်ရွယ်ချက်ကို အမှန်တကယ်ထမ်းဆောင်ခြင်းဖြစ်သည် ။ မှန်ပါသည်၊ သူတို့၏အသက်တာတွင်ရှိခဲ့သော ဝိညာဉ်တော်၏ရည်ရွယ်ချက် သည် ကျွန်ုပ်တို့၏အသက်တာ‌ပေါ်တွင်ထားသော သန့်ရှင်းသောဝိညာဉ်တော်၏ ရည်ရွယ်ချက်နှင့် ဆက်နွှယ်နေသည်။ ထို့ကြောင့် သူတို့၏အခြေအနေ၊ သူတို့၏လိုအပ်ချက်ကို ပို၍နားလည်လေ၊ ကျွန်ုပ်တို့၏အသက်တာ၊ ကျွန်ုပ်တို့၏အခြေအနေတွင် ထိုကျမ်းပိုဒ်ကို ဝိညာဉ်တော်မည်သို့ကျင့်သုံးရန် ဘုရားသခင်သည် ထိုကျမ်းပိုဒ်ကိုမူလအခြေအနေနှင့် မူလပရိသတ်ထံ ပေးရခြင်း၏ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ ပို၍နားလည်နိုင်လေဖြစ်သည်။ ၎င်းသည် ဓမ္မဆရာများ၊ တရားဟောဆရာများ၊ ဆရာများအဖြစ် ကျွန်ုပ်တို့၏ ကျမ်းပိုဒ်ကိုကျင့်သုံးမှုတွင် ကျွန်ုပ်တို့၏လမ်းညွှန်ဖြစ်သင့်သည်။ ဘုရားသခင်သည် သူတို့၏ဘ၀တွင် ပြောင်းလဲမှုများပြုလုပ်ရန်၊ မည်သို့ပြောင်းလဲရန် ရည်ရွယ်ထားသနည်း၊ ထို့နောက်၎င်းကို ခရစ်တော်၏ ပုံသဏ္ဍာန်နှင့် ပိုမိုကိုက်ညီစေရန် ယနေ့ကျွန်ုပ်တို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ရည်ရွယ်ချက်ထံ မည်သို့လွှဲပြောင်းပေးသနည်းဟု ကျွန်ုပ်တို့ မေးကြည့်ပါသည်။

ဒေါက်တာ Dennis E. Johnson

ကျွန်ုပ်တို့၏ ကျင့်သုံးခြင်းလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးချက်သည် ပြဿနာသုံးရပ်နှင့် သက်ဆိုင် သည်_ ပထမဦးစွာ ကျင့်သုံးခြင်း၏လိုအပ်ချက်ကို သုံးသပ်ပါမည်။ ဒုတိယ၊ ကျင့်သုံးခြင်းဖြစ်စေမည့် မူလအဓိပ္ပာယ်နှင့် မျက်မှောက်ခေတ်ပရိသတ်များကြား ဆက်သွယ်မှုများကို ဆန်းစစ်ပါမည်။ တတိယ၊ သမ္မာကျမ်းစာရေးသားခဲ့ချိန်နှင့် ယနေ့အသက်တာကြားရှိ ကြီးမားသောတိုးတက်မှုအချို့ကို ကြည့်ရှုပါ မည်။ ကျင့်သုံးခြင်း၏လိုအပ်ချက်နှင့်စကြပါစို့။

ယာကုပ် ၁:၂၁-၂၅ တွင် ကျင့်သုံးခြင်း၏လိုအပ်ချက်အကြောင်း ယာကုပ်ပြောဆိုပုံကို နားထောင် ပါ_

ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသော နှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။ “ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။” တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်းမေ့လျော့တတ်၏။ လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏ (ယာကုပ် ၁:၂၁-၂၅)။

သမ္မာကျမ်းစာက မည်သည့်အရာပြောသည်ကိုသိခြင်းသည် လုံလောက်မှုမရှိကြောင်း ယာကုပ် သွန်သင်ပေးပါသည်။ သမ္မာကျမ်းစာမှ အကျိုးကျေးဇူးကောင်းစွာခံစားရရှိနိုင်ရန်၊ ကျွန်ုပ်တို့၏အယူအဆ များ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို ပြောင်းလဲရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကောင်းချီး များကို ရယူလိုပါက ယုံကြည်သူတိုင်းအတွက် ဤကျင့်သုံးခြင်းမျိုးသည် မရှိမဖြစ်လိုအပ်ပါသည်။ သို့သော် ဤကျင့်သုံးခြင်း၏ရလဒ်ကို ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်သည် အဘယ်နည်း။ ကျွန်ုပ်တို့၏ အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို မည်ကဲ့သို့ အကျိုးသက်ရောက်သင့်သည်ကို ဆုံးဖြတ်ရန် အမှန်တကယ်အားထုတ်လုပ်ဆောင်ရန် လိုအပ်ပါသလား။

သမ္မာကျမ်းစာများကို ဆက်စပ်မှုရှိပြီး ကျင့်သုံးနိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ... လူတစ်ဦး၏နေ့စဉ်ဘဝတွင် သမ္မာကျမ်းစာ၏တန်ဖိုးများ သို့မဟုတ် သမ္မာကျမ်းစာ၏သွန်သင်ချက် သို့မဟုတ် သမ္မာကျမ်းစာ၏ ဓမ္မပညာကို ကျင့်သုံးသည့်အကြောင်းအရာကို စဉ်းစားရန်ဖြစ်သည်။ နောက်တဖန်၊ ၎င်းသည်ကျွန်ုပ်ပြောဆိုနေသော ကျမ်းပိုဒ်အမျိုးအစားပေါ်တွင် မူတည်သည်၊ သို့သော် များသောအားဖြင့် သမ္မာကျမ်းစာတွင် အရေးကြီးသော သဘောတရားများရှိသည် — ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အဘယ်ကြောင့် စဥ်းစားကြောင်း၊ ကိုယ်နှင့်စပ်ဆိုင်သူနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏စဥ်းစားပုံ၊ ကျွန်ုပ်ဖော်ပြသင့်သည့် သနားကြင်နာမှုမျိုး စသည်တို့ဖြစ်သည် —၎င်းသည် ကျွန်ုပ်မည်သို့အသက်ရှင်ရမည်ကို ဖော်ပြသည်။ ထိုတန်ဖိုးများသည် အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုသမိုင်းစာအုပ်အဖြစ် သို့မဟုတ် ၎င်း၏ဓမ္မပညာနှင့်စပ်လျဉ်း၍ စိတ်ကူးယဉ်ဆန်စွာ လေ့လာလေ့ရှိပြီး၊ ကျမ်းပိုဒ်က ကျွန်ုပ်တို့ကိုလုပ်ဆောင်ရန် နှင့်ဖြစ်စေလိုသည့်သူ၏ကျင့်ဝတ်အတိုင်းအတာကို ထည့်မတွက်ပါက ပြဿနာတစ်ခုရှိသည်။ သို့သော် ကျွန်ုပ်တို့၏ဆွေးနွေးမှုတစ်လျှောက်လုံး တွေ့ရသည့် သမ္မာကျမ်းစာ၏ဆက်နွယ်မှု၊ ကျင့်ဝတ်ဆိုင်ရာအတိုင်းအတာကို ထိန်းသိမ်းထားမည်ဆိုလျှင်၊ မည်သည့်ကျမ်းပိုဒ်တိုင်းတွင်မဆို ကျွန်ုပ်တို့ နေထိုင်ပုံနှင့်ပတ်သက်၍ ပိုမိုသတိထားတွေးခေါ်နိုင်သည့် ကျင့်သုံးခြင်းတစ်ခု ရှိနိုင်ပါသည်။

ဒေါက်တာ Darrell L. Bock

၁ ကောရိန္သု ၁၀:၁၁ တွင် ပေါလုသည် ဤစကားလုံးများဖြင့် မျက်မှောက်ခေတ်ကျင့်သုံးခြင်းကို ရှာဖွေခြင်း၏အရေးကြီးပုံကို သရုပ်ပြခဲ့သည်_

ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ရောက်ကြ၏။ ကပ်ကာလအဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဖို့ကျမ်းစာ၌ရေးထားလျက်ရှိသတည်း (၁ ကောရိန္သု ၁၀:၁၁)။

ဤအခန်း၏စကားရပ်တွင်၊ ထွက်မြောက်ရာကျမ်းနှင့် တောလည်ရာကျမ်းက ဣသရေလလူတို့ သည် ဘုရားသခင်ကိုပုန်ကန်သောကြောင့် ခံရသောတရားစီရင်ခြင်းဆိုင်ရာဇာတ်လမ်းများကို ဖော်ပြ ကြောင်းကောရိန္သုသားတို့အား ပေါလုသည်သတိပေးနေပါသည်။ ဤအခန်းငယ်တွင်၊ ဤဇာတ်လမ်းများ ကို ကောရိန္သုအသင်းတော်၌ကျင့်သုံးရန် လိုအပ်သောခြေလှမ်းများကို သူသည်လုပ်ဆောင်ခဲ့သည်။

ပေါလုသည် မူလပရိသတ်နှင့် သူ၏ကောရိန္သုပရိသတ်များကြားဆက်သွယ်မှုများ သို့မဟုတ် အဆက်အစပ်များ၊ မောရှေခေတ်နှင့် သူ၏ကာလကြားတွင် ဖြစ်ပျက်ခဲ့သောတိုးတက်မှုများ သို့မဟုတ် အပြောင်းအလဲများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ဓမ္မဟောင်းဇာတ်လမ်းများကို ဓမ္မသစ်အသင်းတော် တွင် ကျင့်သုံးခဲ့သည်။

တစ်ဖက်တွင် ပေါလုသည် ဤဇာတ်လမ်းများကို “ငါတို့ကို ဆုံးမစရာဖို့ကျမ်းစာ၌ရေးထားလျက် ရှိသတည်း” ဟုတိုက်တွန်းခြင်းဖြင့် ပရိသတ်နှစ်ဦးကို ချိတ်ဆက်ပေးခဲ့သည်။ ပေါလုအတွက် ဤချိတ် ဆက်မှုကို ပြုလုပ်ရန် မခက်ခဲပါ။ ထွက်မြောက်ရာနှင့် တောလည်ရာကျမ်းကို မူလက အီဂျစ်ပြည်မှ ထွက်မြောက်လာသည့်ဣသရေလလူမျိုး ဒုတိယမျိုးဆက်အတွက် ရေးသားခဲ့သည်။ ပထမမျိုးဆက်၏ ကျရှုံးမှုများကို ထပ်ခါတလဲလဲမပြုလုပ်ရန် ဤလူများကိုသတိပေးရန် ရေးသားထားသည်။ ထို့ကြောင့်၊ ပေါလုသည် ကောရိန္သုအသင်းတော်နှင့် မူလပရိသတ်ကြား တူညီမှုကို ဦးစွာအာရုံစိုက်ခဲ့သည်_ ကောရိန္သု အသင်းတော်သည် ကျရှုံးမည့်အန္တရာယ်ရှိသည်။ ထို့ကြောင့် ဤဇာတ်လမ်းများသည်မူလပရိသတ်ကို သတိပေးခဲ့သည့်နည်းတူ သူတို့ကိုသတိပေးခဲ့သည်။

အခြားတစ်ဖက်တွင်၊ မောရှေလက်ထက်ကတည်းက ဖြစ်ပျက်ခဲ့သော အရေးကြီးသော တိုးတက်မှုများကို သတိပြုခြင်းဖြင့် ပေါလုသည်သူ၏ကျင့်သုံးခြင်းကို အရည်အချင်းပြည့်မီစေသည်။ ဣသရေလတို့၏ရှုံးနိမ့်မှုများသည် ပထမမျိုးဆက်ဖြစ်သော ဣသရေလလူများ၌ဖြစ်ပျက်ခဲ့သော်လည်း၊ ထိုအရာတို့ကို ပေါလု၏ပရိသတ်နှင့် အခြားယုံကြည်သူအားလုံးအတွက် ရေးမှတ်ထားသည်။ သမ္မာကျမ်း စာမှတ်တမ်းသည် ဓမ္မဟောင်းအတွေ့အကြုံများကို အသင်းတော်အတွက် ဥပမာများနှင့် သတိပေးချက် များအဖြစ် ပြောင်းလဲပေးသည်၊ “ကပ်ကာလအဆုံးတွင် ဖြစ်သောငါတို့” ဟူ၍ဖြစ်သည်။

“ကပ်ကာလအဆုံး” ဟူသောအသုံးအနှုန်းသည် ဓမ္မသစ်ကျမ်းရေးသူများသည် ဓမ္မဟောင်းကာလ နှင့် ဓမ္မသစ်ကာလကို ပိုင်းခြားထားသော နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်သည်။ ဤစကားများဖြင့်၊ ပေါလုသည် ထွက်မြောက်ရာကျမ်းနှင့် တောလည်ရာကျမ်း၏မူလပရိသတ်တို့မရရှိခဲ့သော ရွေးနှုတ်ခြင်း သမိုင်း၌ တိုးတက်မှုများ၏အကျိုးကျေးဇူးများကို ကောရိန္သုသားများရရှိကြောင်း အသိအမှတ်ပြုခဲ့ သည်။ ကောရိန္သုသားများသည် မောရှေကာလနောက်နှစ်ပေါင်း ၁,၀၀၀ ကျော်တွင် အသက်ရှင်နေထိုင် ခဲ့ကြသူများဖြစ်သည်။ သူတို့သည် မူလပရိသတ်များကဲ့သို့ အီဂျစ်ပြည်မှ ခါနာန်သို့ ခရီးမသွားခဲ့ကြပါ။ သူတို့သည် ကောင်းကင်သစ်နှင့် မြေကြီးသစ်သို့ ခရီးထွက်ခဲ့ကြသည်။ ကပ်ကာလအဆုံးသည် ၎င်းတို့ အပေါ်၌ကျရောက်ခဲ့သည်။ ရလဒ်အနေနှင့်၊ ကောရိန္သုအသင်းတော်အတွက် ပေါလု၏ကျင့်သုံးခြင်းသည် ထိုတိုးတက်မှုများအတွက် ထည့်သွင်းစဉ်းစားရပေမည်။ ပေါလုသည် ၁ ကောရိန္သု ၁၀ တစ်လျှောက်လုံး တွင် ဤကွဲပြားမှုများကို မီးမောင်းထိုးပြခဲ့ပြီး၊ ကောရိန္သုမြို့သားများအား ၎င်းတို့၏ကိုယ်ပိုင်ခရစ်ယာန် ဘ၀တွင် သို့မဟုတ် ၎င်းတို့၏အသင်းတော်အတွင်းဆက်ဆံရေးတွင် ပျက်ကွက်ခြင်းမပြုရန် သတိပေးခဲ့ သည်။

ထွက်မြောက်ရာကျမ်းနှင့် တောလည်ရာကျမ်းအား ကောရိန္သုမြို့ရှိ ခရစ်ယာန်များထံ ပေါလု၏ အသုံးပြုပုံသည် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ကျင့်သုံးသည့်အခါတိုင်းတွင် ပြုလုပ်သည့် အခြေခံလုပ်ငန်း စဉ်ကို ထင်ဟပ်သည်။ ကျင့်သုံးခြင်းသည် မူလပရိသတ်များနှင့် မျက်မှောက်ခေတ်ပရိသတ်များကြား ဆက်သွယ်မှုများနှင့် ၎င်းတို့ကြားတွင် ဖြစ်ပေါ်ခဲ့သော တိုးတက်မှုများကို အမြဲထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယနေ့ကျွန်ုပ်တို့၏အသက်တာအတွက် သမ္မာကျမ်းစာကို သင့်လျော်သော ကျင့်သုံးခြင်းပြုလုပ်လိုပါက၊ ဤဆက်သွယ်မှုများကို အသိအမှတ်ပြုရန်နှင့် ဤတိုးတက်မှုများအတွက် ထည့်သွင်းရန် လိုအပ်ပါသည်။

ယခု ကျွန်ုပ်တို့သည် ကျင့်သုံးခြင်း၏လိုအပ်ချက်ကို တွေ့မြင်ရပြီးနောက်၊ ကျမ်းစာအုပ်များ၏ မူလဖတ်ရှုသူများနှင့် မျက်မှောက်ခေတ်ပရိသတ်များကြား ဆက်သွယ်မှုများ သို့မဟုတ် အဆက်အစပ် များကို အာရုံစိုက်ကြည့်ကြပါစို့။

၎င်းသည် မျက်မှောက်ခေတ်လူများအတွက် သမ္မာကျမ်းစာကျမ်းပိုဒ်များကို ဆက်စပ်ဖန်တီးပေး သည့် ရှေးခေတ်နှင့် မျက်မှောက်ခေတ်ပရိသတ်များကြား ဆက်သွယ်မှုများ သို့မဟုတ် အဆက်အစပ်များ ဖြစ်သည်။ ဤအဆက်အစပ်များကိုဖော်ပြရန် မရေမတွက်နိုင်သည့် နည်းလမ်းများရှိပါသည်။

ဤသင်ခန်းစာတွင်၊ ဤဆက်သွယ်မှုများ ကို အဓိကအမျိုးအစားသုံးမျိုးဖြင့် ပိုင်းခြားပါမည်။ ဦးစွာ၊ ပရိသတ်နှစ်ဦးစလုံးတွင် တူညီသောဘုရားသခင်ရှိသည်ကို ကျွန်ုပ်တို့တွေ့မြင်ရမည်ဖြစ်သည်။ ဒုတိယ၊ သူတို့သည်တူညီသည့်ကမ္ဘာတွင် နေထိုင်ကြသည်။ တတိယ၊ သူတို့သည် တူညီသောလူများ ဖြစ်သည်။ ပရိသတ်နှစ်ဦးစလုံးသည် တူညီသောဘုရားသခင်ရှိသည်ဟူသောအချက်မှအစပြု၍ ဤ အမျိုးအစားတစ်ခုစီကို ကြည့်ကြပါစို့။

သမ္မာကျမ်းစာ၏ပရိသတ်အားလုံးသည် ၎င်းတို့၏သစ္စာစောင့်သိမှုနှင့် နာခံမှုကိုပေးဆောင်သည့် ဘုရားသခင်တစ်ပါးတည်းသာရှိကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ ထုံးတမ်းစဉ် လာခရစ်ယာန်ဓမ္မပညာ သွန်သင်သည့်အတိုင်း၊ ဘုရားသခင်သည် မပြောင်းလဲပါ၊ အဓိပ္ပါယ်မှာကိုယ်တော် သည် ပြောင်းလဲခြင်းမရှိပေ။ ဘုရားသခင်အပေါ်မပြောင်းလဲသော၊ သစ္စာစောင့်သိမှုနှင့် နာခံမှုသည် စကြာဝဠာဆိုင်ရာတာဝန်များဖြစ်ပြီး၊ သမ္မာကျမ်းစာသည် ၎င်း၏မူလပရိသတ်နှင့် ၎င်း၏မျက်မှောက် ခေတ်ပရိသတ်အပေါ် သက်ရောက်စေရန် ရည်ရွယ်ထားသည့် ခိုင်လုံသောဆက်နွယ်မှုများရှိနေသည်။

ဘုရားသခင်၏မပြောင်းလဲခြင်းဟူသည့်အဓိပ္ပါယ်သည် ကိုယ်တော်၏ဖြစ်တည်မှု၊ ပြီးပြည့်စုံမှု၊ ရည်ရွယ်ချက်များနှင့် ကတိတော်များ မပြောင်းလဲကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ကိုယ်တော်၏ဖြစ်တည်မှု၊ သဘောသဘာဝ၊ အနှစ်သာရ၊ ပြီးပြည့်စုံမှု၊ ထိုသွင်ပြင်လက္ခဏာများကို သူပိုင်ဆိုင်သည့်အတိုင်းအတာ၊ ကိုယ်တော်၏ရည်ရွယ်ချက်များ၊ ကိုယ်တော်လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့် အတိုင်းအတာနှင့် ကိုယ်တော်၏ကတိတော်များ၊ ကိုယ်တော်လုပ်ဆောင်ရန် ကျွန်ုပ်တို့ကို မိန့်တော်မူထားချက်တို့ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုနည်းလမ်းများတွင် မပြောင်းလဲပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တက်ကြွစွာ၊ ဆက်နွယ်ကာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာနည်းလမ်းဖြင့် သက်ဆိုင်ခြင်း မရှိဟု မဆိုလိုပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားထောင် တော်မူပြီး၊ ကျွန်ုပ်တို့၏အပြစ်အတွက် ဝမ်းနည်းကြေကွဲကာ ကျွန်ုပ်တို့၏ သစ္စာစောင့်သိမှုကို နှစ်သက်တော်မူသည်။ ထို့ကြောင့် ဘုရားသခင်သည် အခြေခံအားဖြင့် မပြောင်းလဲသော်လည်း ဆက်နွယ်မှုဖြင့် ပြောင်းလဲနိုင်သည်ဟု ဆိုနိုင်သည်။ တစ်ချိန်တည်းမှာပင် ကိုယ်တော်၏မရှိမဖြစ်လိုအပ်သော ဂုဏ်ရည်များကို ထိန်းသိမ်းထားစဉ်၊ သူနှင့်ကျွန်ုပ်တို့နှင့်ဆက်ဆံရေးတွင် ကိုယ်တော်လုပ်ဆောင်သောအရာကို လိုက်လျောညီထွေဖြစ်စေရန် ပြုလုပ်သည့် အတိုင်းအတာတစ်ခုရှိသည်။

ဒေါက်တာ K. Erik Thoennes

သုံးပါးတစ်ဆူဘုရား၏ထင်ရှားသောဂုဏ်ရည်များစွာထဲမှတစ်ခုမှာ ပြောင်းလဲမှု မရှိခြင်းဖြစ်သည်။ ၎င်းသည် ဓမ္မပညာဆိုင်ရာကျမ်းများစွာတွင် သင်တွေ့ရမည့် အသုံးအနှုန်းဖြစ်သည်။ ပြောင်းလဲမှုမရှိခြင်းကို "မပြောင်းလဲခြင်း" ဟု ဘာသာပြန်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘဝ၊ ကျွန်ုပ်တို့၏ကမ္ဘာ၊ ကျွန်ုပ်တို့၏ဆက်ဆံရေးတွင်၊ ကျွန်ုပ်တို့၏ခဏတာဘဝများ တွင်ပင် မတည်မြဲခြင်းနှင့် သင်္ခါရတရားတို့ကို သိရှိနားလည်ထားသောကြောင့် ၎င်းသည်အမှန်တကယ်ပင် အံ့သြဖွယ်သတင်းဖြစ်ပါသည်။ ဘုရားသခင်၏ ဤဖော်ပြချက်ကို စကြာဝဠာ၏အလှည့်အပြောင်းတစ်ခုတွင် အမှတ်အသား အဖြစ်ကျွန်ုပ်ထင်မြင်ပါသည်။ မနေ့၊ ယနေ့နှင့် ထာဝရတည်ရှိတော်မူသော ဘုရားသခင်၏ အာရုံအား ကျွန်ုပ်တို့၏ငြိမ်သက်ခြင်းမရှိသောဝိညာဉ်များထံသို့ ဆွဲဆောင်နိုင်သောအရာကား အဘယ်အရာနည်း။ တောင်တွေလှုပ်ခါပြီး အရာအားလုံးပင်လယ်ထဲကျသွားသည့်အခါ စိတ်ဝိညာဉ်အတွက် ကျောက်ဆူး အဖြစ်လုပ်ဆောင်နိုင်သည့် အရာအဖြစ် ခိုင်မာသော၊ ယုံကြည်ထိုက်သော အရာများအတွက် ကျွန်ုပ်တို့အားလုံးတွင် ဤလေးနက်သော စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ လိုအပ်ချက်များဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ဤမပြောင်းလဲသော ဘုရားသခင်၌ ကျွန်ုပ်တို့၏ခွန်အားကို တွေ့ရှိရသည်။

ဒေါက်တာ Glen Scorgie

ဘုရားသခင်မပြောင်းလဲမှုဆိုင်ရာ သမ္မာကျမ်းစာအယူအဆသည် ဘုရားသခင်သည် လှုပ်ရှားမှု မရှိဟု မဆိုလိုပါ။ သမ္မာကျမ်းစာအရ၊ မလှုပ်ရှားသောဘုရားသည် တန်ဖိုးမရှိသောရုပ်တုတစ်ခုသာ ဖြစ်သည်။ သို့သော် သမ္မာကျမ်းစာ၏ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းများနှင့်စစ်မှန်ပြီး အဓိပ္ပါယ် ရှိသော နည်းလမ်းများဖြင့် အစဥ်တုံ့ပြန်နေပါသည်။

ထုံးတမ်းစဉ်လာခရစ်ယာန်ဓမ္မပညာသည် ဘုရားသခင်၏မပြောင်းလဲခြင်းနှင့်ပတ်သက်၍ အရေးပါသောအချက်သုံးချက်ရှိကြောင်း အခိုင်အမာပြောဆိုထားသည်။ ပထမ၊ ဘုရားသခင်၏ ထာဝရအကြံဉာဏ်သို့မဟုတ် သမိုင်းအတွက် အဆုံးစွန်သောအစီအစဉ်သည် မပြောင်းလဲပါ။

မတူညီသော ခရစ်ယာန်ထုံးတမ်းစဉ်လာများသည် ဘုရားသခင်၏ထာဝရအစီအစဉ်ကို ကွဲပြားစွာ နားလည်သော်လည်း၊ ဘုရားသခင်ပြုတော်မူခဲ့သမျှ၊ လုပ်ဆောင်နေသမျှ၊ လုပ်ဆောင်မည့်အရာမှန်သမျှ သည် တစ်စုတစ်စည်းတည်းသော အစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံး သဘောတူသင့်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကိုသိတော်မူပြီး၊ သူဖန်တီးခဲ့သည့်အဆုံးစွန် သမိုင်းကို ညွှန်ပြရန်ယင်းအသိပညာကို အသုံးပြုနေပါသည်။ ဟေရှာယ ၄၆း၁၀ တွင်ဘုရားသခင်မိန့် တော်မူသည့်အတိုင်း_

အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသော အမူအရာ တို့ကို၎င်း ဘော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ငါ​ပြည့်​စုံ​စေ​မည်​ဟု ဆို​လျက်၊...(ဟေရှာယ ၄၆း၁၀)။

ဧဖက် ၁:၄၊ ၁၁ တွင် ပေါလုရှင်းပြသည့်အတိုင်း_

ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့် အညီ။...မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော် မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော် မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏ (ဧဖက် ၁:၄၊ ၁၁)။

ပေါလုသည် ဘုရားသခင်၌ အရာအားလုံးအတွက် အစီအစဥ်ရှိကြောင်း ရှင်းလင်းစွာဖော်ပြခဲ့ သည်။ ၎င်းပြင် ဤအစီအစဥ်သည် ကယ်တင်ခြင်းအတွက် ယုံကြည်သူများကို “ရွေးချယ်” သို့မဟုတ် ကြိုတင်သတ်မှတ်ထားသည့်အချိန်ကတည်းက တည်ရှိခဲ့သည်။ မှန်ပါသည်၊ မတူညီသည့်ဓလေ့ထုံးတမ်း များသည် ကြိုတင်သတ်မှတ်ခြင်း၏သဘောတရားကို ကွဲပြားစွာအဓိပ္ပာယ်ဖွင့်ဆိုကြသည်။ သို့သော် မေးခွန်းထုတ်စရာမလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာကို မဖန်ဆင်းမီကတည်းကပင် ကြိုတင် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ကြိုတင်သတ်မှတ်ခြင်းသည် သူ၏ထာဝရအကြံဉာဏ်၏ တစ်စိတ် တစ်ပိုင်းမျှသာဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို လိုက်လျောညီထွေဖြစ်စေသောကြောင့် ဤအကြံဉာဏ်သည် မပြောင်းလဲပေ။

ဘုရားသခင့်အကြံအစည်တော်၏မပြောင်းလဲမှုအား ကျွန်ုပ်တို့အနီးကပ်ကြည့်မည်ဆိုလျှင်၊ ရှေးခေတ်ဘုရားသခင့်နည်းလမ်းများသည် ယနေ့ ကိုယ်တော်၏နည်းလမ်းများနှင့် ကိုက်ညီကြောင်း အာမခံပါသည်။ အချို့သောအဆင့်တွင်၊ ရှေးခေတ်လူများအတွက် ဘုရားသခင့်အလိုတော်နှင့် ကျွန်ုပ်တို့ အတွက် ကိုယ်တော်၏အလိုတော်နှစ်ခုစလုံးသည် သူ၏ဖန်ဆင်းခြင်းအတွက် မပြောင်းလဲသောရည်ရွယ် ချက်တစ်ခုအတွင်းတွင် ကိုက်ညီသောကြောင့် တူညီခြင်းဖြစ်သည်။

ဒုတိယနေရာတွင်၊ ဘုရားသခင်သည် သူ၏သွင်ပြင်လက္ခဏာတွင်လည်း မပြောင်းလဲပေ။ သူ၏ အနှစ်သာရ၊ ပုဂ္ဂိုလ်များနှင့် ဂုဏ်ရည်များသည် မည်သည့်အခါမှ မပြောင်းလဲပါ။

ယခု သေချာသည်မှာ၊ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သူ၏စရိုက်လက္ခဏာ၏ကွဲပြားသော သွင်ပြင်လက္ခဏာများကို အခြားအရာများထက်ပိုမိုထင်ရှားစွာပြသတော်မူသည်။ တစ်ခါတစ်ရံဂရုဏာ တရားကိုဖော်ပြပြီး၊ တစ်ခါတစ်ရံ အမျက်ဒေါသကိုဖော်ပြတတ်သည်။ တစ်ခါတစ်ရံ သဗ္ဗညုတဉာဏ်ကို ထုတ်ပြပြီး အခြားအချိန်များတွင် ကွယ်ဝှက်ထားသည်။ သို့သော် သူ၏ဂုဏ်ရည်များ—ထာဝရဖြစ်ခြင်း —သည်အစဥ်အမြဲတူညီနေပါသည်။ ထို့ကြောင့် ယာကုပ် ၁:၁၇ တွင် ယာကုပ်သည် ဘုရားသခင်ကို ရည်ညွှန်းခဲ့သည်မှာ–

ထို​အ​ဘ​သည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။(ယာကုပ် ၁:၁၇)

သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ်နှင့် မျက်မှောက်ခေတ်ကျင့်သုံးခြင်းကြားတွင် အစဥ်အမြဲ သိသာ ထင်ရှားသည့်ဆက်နွှယ်မှုရှိမည်ကို ဘုရားသခင်၏ မပြောင်းလဲသောသွင်ပြင်လက္ခဏာက ကျွန်ုပ်တို့ကို ကူညီပေးပါသည်။ ကျမ်းပိုဒ်တစ်ပိုဒ်သည် ဘုရားဂုဏ်ရည်တစ်ခုအကြောင်း ပြောသောအခါ၊ မူလပရိ သတ်များသည် ထိုဂုဏ်ရည်နှင့်ဆက်စပ်၍ ဘုရား၏အခြားဂုဏ်ရည်များအကြောင်း အမြဲနားလည်ခဲ့ကြ သည်။ အလားတူပင်၊ မျက်မှောက်ခေတ်ပရိသတ်များသည် ဘုရားသခင့်ဂုဏ်ရည်များကို မည်သည့်အခါ မှလျစ်လျူမရှုသောနည်းလမ်းများဖြင့် သမ္မာကျမ်းစာ၏ အလေးပေးမှုတိုင်းကို ကျင့်သုံးရန်မျှော်လင့်ပါ သည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏မပြောင်းလဲသော ဂုဏ်ရည်များသည် မူလအဓိပ္ပာယ်နှင့် မျက်မှောက်ခေတ်ကျင့်သုံးခြင်းများအကြား တူညီမှုအတိုင်းအတာတစ်ခုအထိ အမြဲဖြစ်ပေါ်နေသည်။

တတိယနေရာတွင်၊ ဘုရားသခင်သည် သူ၏ပဋိညာဉ်ကတိတော်များတွင် မပြောင်းလဲ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ပဋိညာဉ်၌ ကျိန်ဆိုထားသမျှကို ဘုရားသခင်သည် ပြည့်စုံစေတော်မူလိမ့်မည်။

ဘုရားသခင်ပြောသမျှသည် ကတိတစ်ခုဖြစ်သည်ဟု ခရစ်ယာန်များသည် တစ်ခါတစ်ရံထင်မြင် မှားတတ်ကြသည်။ သို့သော် လက်တွေ့တွင် ဘုရားသခင်သည် ကတိသစ္စာပြုခြင်း၊ သို့မဟုတ် ပဋိညာဉ်ဖွဲ့ ခြင်း သို့မဟုတ် ကျိန်ဆိုသည့်အခါမှသာ ကတိပေးခြင်းဖြစ်သည်။ တောလည်ရာ ၂၃:၁၉ တွင် ကျွန်ုပ်တို့ ဖတ်ရသကဲ့သို့_

ဘုရားသခင်သည် မုသာစကားကို ပြောအံ့သော ငှါ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲ နေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော (တောလည်ရာ ၂၃:၁၉)။

ဘုရားသခင်ကတိပြုသောအခါ၊ သူ၏ကတိတော်သည် မပြောင်းလဲပါ။ သို့မဟုတ်ပါက၊ ကိုယ်တော်သည်သူ၏စိတ်ကို လွတ်လပ်စွာပြောင်းလဲနိုင်ပါသည်။ အာဗြဟံ၏အမျိုးအနွယ်ကို ကြယ်များ ကဲ့သို့ များပြားစေမည်ဟု ဘုရားသခင်ပြောခဲ့သည့် ကမ္ဘာဦးကျမ်း ၁၅ ကို သုံးသပ်ကြည့်ပါ။ အာဗြဟံ သည် ဤကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ရှိသော်လည်း၊ ကောင်းချီးကိုသေချာစေရန် ဘုရားသခင်အား တောင်းဆိုခဲ့သေးသည်။ ထို့ကြောင့် ဘုရားသခင်သည် သူနှင့် ပဋိညာဉ်ဖွဲ့ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

သို့သော်၊ ဘုရားသခင်ကတိမပေးထားသည့်ကိစ္စများတွင်၊ သူ၏စကားများကို ကျိန်ဆဲခြင်းနှင့် ကောင်းချီးပေးခြင်းများအဖြစ် အကောင်းဆုံးနားလည်ထားသည်။ ဥပမာ၊ ယောနဝတ္ထုတွင် ဘုရားသခင် သည်နိနေဝေမြို့ကို ဖျက်ဆီးပစ်မည့်အကြောင်း ခြိမ်းခြောက်ခဲ့သည်၊ သို့သော် ထိုမြို့မှလူများနောင်တရ သည့်အခါ သနားခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်သည် နိနေဝေမြို့ကို ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ သူ့စိတ်ပြောင်းသွားသည်။ သို့သော် သူတို့ကိုခွင့်လွတ်ခြင်းတွင် မည်သည့်ကတိတော်ကိုမှ ဖျက်ခဲ့ခြင်းမရှိ ပါ။ ပဋိညာဉ်ကတိတော်များသည် ပဋိညာဉ်ကျိန်ဆိုခြင်းအားဖြင့် ဘုရားသခင်ကတိထားသောအရာများ ဖြစ်သည်။

သမ္မာကျမ်းစာရှိ ဘုရားသခင်၏ဗျာဒိတ်တော်တိုင်းသည် ဘုရားသခင်သည် သူ၏ပဋိညာဉ်နှင့် ပဋိညာဉ်ကတိများကို စောင့်ထိန်းမည်ဟု ယူဆသည်။ ဤအချက်အရ မူလပရိသတ်များသည် သမ္မာကျမ်းစာ၏ အစိတ်အပိုင်းတိုင်းကို နားလည်သဘောပေါက်သင့်ပြီး၊ မျက်မှောက်ခေတ်ပရိသတ်များ သည်လည်း အလားတူလုပ်ဆောင်သင့်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏မပြောင်းလဲသော ကတိ တော်များအပေါ် အကြွင်းမဲ့ယုံကြည်မှုရှိသင့်သည်။ သူ၏ကမ်းလှမ်းချက်များနှင့် ခြိမ်းခြောက်မှုများသည် ကျွန်ုပ်တို့အား နာခံရန် လှုံ့ဆော်ပေးသည်။

ယခု သမ္မာကျမ်းစာကို ပထမဆုံးလက်ခံရရှိသူများနှင့် ကျွန်ုပ်တို့တွင်တူညီသောဘုရားသခင်ရှိ သည်ကို တွေ့မြင်ရပြီးနောက်၊ ကျွန်ုပ်တို့သည် တူညီသည့်ကမ္ဘာကြီးတွင် နေထိုင်ကြသည့်အချက်ကို လေ့လာကြည့်ကြပါစို့။

ခေတ်ကာလတစ်လျှောက်လုံး ဒဿနပညာရှင်များသည် ကမ္ဘာကြီးသည် တည်ငြိမ်သည် သို့မဟုတ် ပြောင်းလဲနေသည်နှင့် လုံးပမ်းနေကြသည်။ ဘုံအတွေ့အကြုံအရနည်းလမ်းများစွာဖြင့်၊ နှစ်ခု စလုံးသည် မှန်သည်ဟု ကျွန်ုပ်တို့ကိုဖော်ပြသည်။ ဘုရားသခင်၏ဖန်ဆင်းခြင်းများသည် အမြဲပြောင်းလဲ နေသော်လည်း ကမ္ဘာ၏အင်္ဂါရပ်များစွာသည် သမ္မာကျမ်းစာ၏ပရိသတ်တိုင်းအတွက် အစဥ်အမြဲတည်ရှိ နေခဲ့သည်။ ကျွန်ုပ်တို့ခေတ်တွင် သမ္မာကျမ်းစာကိုကျင့်သုံးသောအခါ၊ ဤသမ္မာတရားနှစ်ခုလုံးကို ရှုမြင် ရန်လိုသည်။

“သမိုင်းတစ်ကျော့ပြန်တတ်သည်” ဟူသော ရှေးဆိုရိုးစကားတစ်ခုရှိပြီး၊ လက်ရှိအဖြစ်အပျက် များသည် အတိတ်၌ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် ဆင်တူကြောင်း ကျွန်ုပ်တို့နားလည်ပါသည်။ သမ္မာကျမ်းစာ၏မူလဖတ်ရှုသူများကဲ့သို့ပင်၊ ဘုရားသခင်ဖန်ဆင်းထားသောကမ္ဘာတွင် ကျွန်ုပ်တို့နေထိုင် ကြသည်။ ကျွန်ုပ်တို့သည် အပြစ်ထဲသို့ ကျရောက်ခဲ့သော်လည်း၊ ဘုရားသခင်၏ရွေးနှုတ်ခြင်းကိုလည်း တွေ့ကြုံခံစားခဲ့ရပါသည်။ ဓမ္မဟောင်းကာလ သစ္စာစောင့်သူတို့သည် အခြားသောလူများထံမှ၎င်း၊ အစွမ်းတန်ခိုးရှိသော နတ်ဆိုးတို့ထံမှ၎င်း ဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရသည့်နည်းတူ ကျွန်ုပ်တို့သည်လည်း ရင်ဆိုင်နေကြရသည်။ သူတို့သည်ကျော်လွှားရန် ဘုရားသခင်၏အကူအညီကို မှီခိုအားထားကြသည်။ ကျွန်ုပ်တို့လည်း ကိုယ်တော်၏အကူအညီကို အားကိုးကြသည်။ ပုံမှန်ပုံစံများ သို့မဟုတ် သဘာဝနိယာမ များဟုခေါ်သည့် တည်ငြိမ်မှုကိုလည်း ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ နေထွက်ချိန်၊ နေဝင်ချိန်၊ လူသားတို့၏ ဖျားနာမှု၊ အစာနှင့်ရေ လိုအပ်မှုနှင့် အခြားမရေမတွက်နိုင်သောအရာများအကြောင်း သမ္မာကျမ်းစာပြော သောအခါ၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏ ပထမဆုံးသောပရိသတ်များနေထိုင်ရာကမ္ဘာတွင် နေထိုင် ကြောင်း ထင်ရှားပါသည်။

ထို့ပြင် ပိုမိုတိကျပြီး ကျဉ်းမြောင်းသောနည်းလမ်းများဖြင့်ပင်၊ သမ္မာကျမ်းစာ၏မူလပရိသတ်များ ၏ကမ္ဘာနှင့် ကျွန်ုပ်တို့ကမ္ဘာကြား အရေးကြီးသောတူညီမှုများကို တွေ့နိုင်သည်။ ဥပမာ၊ ထွက်မြောက်ရာ ကျမ်း ၂၀ တွင် ဣသရေလတို့အား ပေးခဲ့သော ပညတ်တော်ဆယ်ပါးသည် ဓမ္မဟောင်းကျမ်းတွင်ရှိသော ဘုရားသခင့်လူတို့၏အသက်တာအတွက် မရှိမဖြစ်လိုအပ်သောနောက်ခံကို ဖော်ပြပေးသည်။ ကိုယ်တော်၏လူတို့၏အသက်တာကို လမ်းညွှန်ရန် ဤတူညီသောပညတ်များကို ဓမ္မသစ်ကျမ်းတွင် ထပ်မံအသုံးပြုခဲ့သည်။ ၂ တိမောသေ ၃:၁၆၊ ၁၇ တွင် ပေါလုသွန်သင်ခဲ့သည့်အတိုင်း၊ ဤတူညီသော ပညတ်များသည် ယနေ့အသင်းတော်အား ဆက်လက်လမ်းညွှန်နေပါသည်။

အလားတူပင်၊ ဘုရားသခင်၏လူမျိုးတော်အတွက် ထာဝရမင်းဆက်၏ဦးခေါင်းအဖြစ် ဒါဝိဒ်အား ရွေးချယ်မှုသည် ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏နိုင်ငံတော်အတွက် သမိုင်းနောက်ခံကို ဖော်ပြသည့် အပြင်၊ ဓမ္မသစ်ကျမ်းတွင် ဒါဝိဒ်၏သားတော်အဖြစ် ယေရှု၏ရှင်ဘုရင်ဖြစ်ခြင်းနောက်ခံကို ဖော်ပြသည်။ . ဗျာဒိတ် ၂၂:၁၆ တွင် ကျွန်ုပ်တို့တွေ့ရသကဲ့သို့၊ ဒါဝိဒ်နန်းဆက်၏ရှင်ဘုရင်အဖြစ်အုပ်ချုပ်မှုကြောင့် အသင်းတော်သည်ယေရှုအား ကျွန်ုပ်တို့၏ဘုရင်နှင့် အရှင်သခင်အဖြစ် အစဥ်ဝန်ခံလျှက်ရှိသည်။

ဤကဲ့သို့သောဥပမာများအတိုင်း၊ ကျွန်ုပ်တို့၏ကမ္ဘာနှင့် သမ္မာကျမ်းစာ၏ ပထမဆုံးသော ပရိသတ်များ၏ကမ္ဘာများကြားမှဆက်နွှယ်မှုများသည် သမ္မာကျမ်းစာ၏သင့်လျော်သော ခေတ်သစ် ကျင့်သုံးခြင်းများကိုဆုံးဖြတ်ရန် ကူညီပေးနိုင်ပါသည်။

သမ္မာကျမ်းစာပရိသတ်အားလုံးတွင် တူညီသောဘုရားသခင်ရှိကြပြီး တူညီသောကမ္ဘာတွင် နေထိုင်ကြသည်ကို ယခုတွေ့မြင်ရပြီးနောက်၊ ကျွန်ုပ်တို့သည် တူညီသောလူဖြစ်သောကြောင့် တည်ရှိ နေသော ချိတ်ဆက်မှုများကို သုံးသပ်ကြည့်ကြပါစို့။

မျက်မှောက်ခေတ်လူများသည် သမ္မာကျမ်းစာကို ပထမဆုံးလက်ခံရရှိသူများနှင့် အလွန်ဆင်တူ သည့်နည်း အနည်းဆုံးသုံးမျိုးရှိသည်။ ပထမဦးစွာ လူသားအားလုံးသည် မည်သည့်ခေတ်ကာလ မည်သည့်ဒေသတွင် အသက်ရှင်နေပါစေ၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော် ဖြစ်ကြသည်။ ဒုတိယအနေနှင့် ဘာသာရေးကွဲပြားမှုများကြုံရသည်။ တတိယ၊ တူညီသောလူတန်းစားများ ရှိနေသေးသည်။ လူသားအား လုံးသည် ဘုရားသခင်၏ အပြစ်ရှိသောပုံသဏ္ဍာန်များဖြစ်သည်ဟူသောအချက်ဖြင့်အစပြုကာ ဤတူညီ မှုတစ်ခုစီကို ကျွန်ုပ်တို့စူးစမ်းလေ့လာပါမည်။

ကမ္ဘာဦး ၁:၂၇ တွင် ဘုရားသခင်သည် လူသားများကို ဖန်ဆင်းသောအခါ၊ ကိုယ်တော်၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းတော်မူကြောင်းဖော်ပြသည်။ အခြားအရာများအနက်၊ လူသားအားလုံးသည် ဆင်ခြင်တုံတရား၊ ဘာသာဗေဒ၊ ကိုယ်ကျင့်တရားနှင့် ဘာသာရေးဆိုင်ရာဘုရားသခင်၏ ဒု-အုပ်စိုးသူများ ဖြစ်ကြောင်း ဆိုလိုသည်။

တစ်ချိန်တည်းမှာပင်၊ လူသားအားလုံးသည် အပြစ်ထဲသို့ ကျရောက်ခဲ့ကြပါသည်။ ယနေ့ လူသား မျိုးနွယ်သည် ကျွန်ုပ်တို့၏ဆင်ခြင်တုံတရား၊ ဘာသာဗေဒ၊ ကိုယ်ကျင့်တရားနှင့် ဘာသာရေးဆိုင်ရာ စွမ်းရည်များကိုအသုံးပြု၍ ဘုရားသခင်အားချီးမြှောက်သင့်သည့်အတိုင်း မချီးမြှောက်တော့ပါ။ မယုံကြည်သူများသည် ဘုရားသခင်၏အုပ်ချုပ်မှုကိုနာခံရန် မလိုအပ်သကဲ့သို့ ပြုမူကြသည်။ ယုံကြည်သူ များသည်ပင်လျှင် ကိုယ်တော်အပေါ် သစ္စာစောင့်သိမှု၌ ပျက်ကွက်ကြသည်။ ၃ ဓမ္မရာဇဝင် ၈:၄၆ တွင် ဗိမာန်တော်အနုမောဒနာပွဲတွင် ရှောလမုန်ပြောခဲ့သည့်အတိုင်း_

သူက မပြစ်မှားတတ်သောလူ တစ်ယောက်မျှ မရှိကြောင်း ပြောခဲ့သည် (၃ဓမ္မ ၈း၄၆)။

စနစ်ကျဓမ္မပညာတွင် ဤသွန်သင်ချက်ကို "လူ၏ လုံးလုံးလျားလျား ဆုတ်ယုတ်ကျဆင်းမှု" ဟုသိထားကြသည်။ ထိုသွန်သင်ချက်၏ အဓိပ္ပာယ်မှာ လူ့အတွေးအခေါ်၊ ခံစားချက်၊ ကျင့်ကြံပြုမူမှု စသည့် လူ၏ဖြစ်တည်မှုဆိုင်ရာ အလုံးစုံတို့သည် အပြစ်နှင့် ညစ်စွန်းနေသည်ဖြစ်၍ လူပြုလေသမျှ အရာရာတို့၌ လူသည် ဘုရားသခင်၏ သန့်ရှင်းသော စံချိန်နှင့် ပညတ်တော်များကို ဆန့်ကျင် အာခံသည့်အနေဖြင့် လုပ်ဆောင်ကြောင်း အခြေခံကျကျ ယူဆထားခြင်းကို ဆိုလိုသည်။ ထို့ကြောင့် အပြစ် သဘာဝ ကဲ့သို့သော အရာတစ်ခု ရှိနေသည်မှာ အဟုတ်ပင် ဖြစ်ပါသည်။ အထူးသဖြင့် သမ္မာကျမ်းစာတွင် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် ပြဿနာတစ်ခု၏ အခြေခံအကြောင်းများကို ဖော်ပြထားသည်။

ဒေါက်တာ Luis Orteza

အထူးသဖြင့် ယနေ့ခေတ်မနုဿဗေဒနှင့် လူမှုဗေဒဆိုင်ရာ လေ့လာမှုများတွင် မေးနေကြသောမေးခွန်းကြီးတစ်ခုမှာ လူသားများတွင် အပြစ်ရှိသောသဘာဝရှိ၊ မရှိဟူ၍ ဖြစ်သည်။ နှစ်ကာလကြာလာသည်နှင့်အမျှ၊ လူသားပညာရေး၊ လူသားဖွံ့ဖြိုးတိုးတက်မှု၊ လူသားသင်ယူမှုဆိုင်ရာ အယူအဆများသည် မူလအပြစ်၏ကျောက်ပေါ်တွင် တည်ရှိနေခဲ့သည်၊ အကြောင်းမှာ ကျွန်ုပ်တို့အားလုံးသည် အပြစ်ရှိသောသဘာဝရှိသောကြောင့်ဖြစ်သည်... အမှန်ဆိုရလျှင်၊ ကျွန်ုပ်တို့လူသားများသည် ပြီးမြောက်မှု၊ အောင်မြင်မှု၊ ပိုင်ဆိုင်မှုများအတွက် တစ်ကိုယ်ကောင်းဆန်သောဆန္ဒဖြင့် ချုပ်ကိုင်ထားသည်ဟု ဆိုလိုပြီး၊ ထိုအရာသည် ကျွန်ုပ်တို့လုပ်သမျှကို ဆန့်ကျင်ဘက်ဖြစ်စေသည်။ လူသည်သဘာဝအရ ကောင်းသည်ဟု သင်ယူဆပါက၊ လူ့အပြုအမူကို နားလည်နိုင်မည်မဟုတ်ပါ။ အမှန်တကယ်တွင် မကောင်းပါ၊ လူ့သမိုင်းကို ကြည့်ပါက၊ ကျွန်ုပ်တို့သည်သဘာဝအရ မကောင်းဟုပြောရပါမည်၊ ကျွန်ုပ်တို့သည် သဘာဝအားဖြင့်မိမိကိုယ်ကို ဆိုးသွမ်းစွာ ဗဟိုပြုနေပါသည်။ သမ္မာကျမ်းစာနှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်အချက်မှာ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရသည်ဟု တစ်ချိန်တည်းတွင် ဖော်ပြထားသည်။ အခြားမနုဿဗေဒပညာရှင်နှင့် လူမှုဗေဒပညာရှင်များစွာ တို့သည် မကောင်းမှုကို အသိအမှတ်ပြုကာ “အို၊ လူသားတို့သည် မျှော်လင့်ချက်ကင်းမဲ့စွာဆိုးသွမ်းသူများဖြစ်သည်၊ ကျွန်ုပ်တို့သည် အရက်စက်ဆုံးသောမျောက်ဝံများသာဖြစ်ကြသည်၊ ဒါပါပဲ။"ဟု ဆိုကြသောကြောင့် ကျွန်ုပ်စိတ်ထဲတွင်လူသားမျိုးနွယ်အပေါ် သမ္မာကျမ်းစာအမြင်အား အံ့ဩမိသည်။ သမ္မာကျမ်းစာက "မဟုတ်ပါ၊ ကျွန်ုပ်တို့အပြစ်ထဲသို့ ကျရောက်ခဲ့ကြပြီ၊ ဘုရားသခင်၏ပုံသဏ္ဌာန်တော် ပျက်စီးသွားပြီ" ဟုဆိုထားသည်။

ဒေါက်တာ John Oswalt

ရှေးခေတ် သို့မဟုတ် မျက်မှောက်‌ခေတ်ဖြစ်စေ သမ္မာကျမ်းစာကို လက်ခံသူအားလုံးသည် တူညီသော အပြစ်သဘောသဘာဝကို ဝေမျှကြသည်။ တစ်နည်းမဟုတ် တစ်နည်းအားဖြင့် သမ္မာကျမ်း စာ၏အစိတ်အပိုင်းတိုင်း၏မူလအဓိပ္ပာယ်သည် ဤလူ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်ကြောင့်ပျက်စီးသွားသော ဘုရားသခင်၏ပုံသဏ္ဍာန်များဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအရည်အသွေးများကို သမ္မာကျမ်းစာ၏ မူလပရိသတ်အားလုံးနှင့် မျှဝေပေးသော ကြောင့်၊ ဤဆင်တူမှုများသည် သမ္မာကျမ်းစာကျမ်းပိုဒ်တိုင်းမှ အဓိပ္ပာယ်ရှိသော မျက်မှောက်‌ခေတ် ကျင့်သုံးခြင်းများကို ဆွဲထုတ်ရန် ကူညီပေးနိုင်ပါသည်။

ဘုရားသခင်၏အပြစ်ရှိသောပုံသဏ္ဍာန်များအပြင်၊ ကျွန်ုပ်တို့ နှစ်ဦးစလုံးသည် ဘာသာရေး ကွဲပြားမှုများ ကြုံတွေ့နေရသောကြောင့် သမ္မာကျမ်းစာ၏မူလပရိသတ်များနှင့် မျက်မှောက်ခေတ် ပရိသတ်များသည် အတူတူပင်ဖြစ်သည်။

ပထမကျမ်းစာအား မှုတ်သွင်းခြင်းခံရချိန်မှစ၍ သမ္မာကျမ်းစာကိုဖတ်ရှုသူများသည် ဘာသာရေး အုပ်စုသုံးခုအနက်မှ တစ်ခုသို့ ကျရောက်ခဲ့ကြသည်_မယုံကြည်သူများ၊ မှားယွင်းသောယုံကြည်သူများနှင့် ယုံကြည်သူများဖြစ်သည်။

မယုံကြည်သူများသည် ဘုရားသခင်ထံ နာခံရန် ငြင်းဆန်ခြင်းဖြင့် မိမိကိုယ်ကို ဘုရားသခင်၏ ရန်သူများဖြစ်စေကြသည်။ ဤလူသားမျိုးနွယ်ကွဲပြားမှုတွင် ဣသရေလနှင့်အသင်းတော်အတွက် ဘုရားသခင်၏ အထူးဗျာဒိတ်တော်များကို မကြားခဲ့ရသူများအပြင် ကြားခဲ့ရသူအများအပြားလည်း ပါဝင်သည်။

မှားယွင်းသောယုံကြည်သူများသည် ဘုရားသခင်ထံ အပေါ်ယံကတိကဝတ်ပြုကြသည်။ ၎င်းတို့ သည် အပြင်ပန်းယုံကြည်သူသဏ္ဌာန်ရှိကောင်းရှိနိုင်သော်လည်း စစ်မှန်သောယုံကြည်ခြင်း မရှိသော ကြောင့်ထာဝရတရားစီရင်ခြင်းမှ ရွေးနှုတ်ခြင်းမခံရပေ။

ဆန့်ကျင်ဘက်အားဖြင့်၊ ယုံကြည်သူများသည် ဘုရားသခင်အား စိတ်ရင်းမှန်ဖြင့် သစ္စာကတိပြု သူများဖြစ်ပြီး၊ အပြစ်မှ ရွေးနုတ်ကာဘုရားသခင်၏ထာဝရတရားစီရင်ခြင်းမှ ကယ်တင်ခံရသူများဖြစ် သည်။

ယေဘူယျအားဖြင့်၊ ဤဘာသာရေးအုပ်စုသုံးစုအတွက် သမ္မာကျမ်းစာ၏မျက်မှောက်ခေတ် ကျင့်သုံးခြင်းသည် ဤတူညီသောအုပ်စုများအတွက် မူလကျင့်သုံးခြင်းများနှင့် အလွန်ဆင်တူသည်။ မယုံကြည်သူများအတွက်၊ သမ္မာကျမ်းစာသည် အပြစ်ကိုတားဆီးရန်၊ ၎င်းတို့၏ဆုံးရှုံးသွားသော အခြေအနေများကိုဖော်ထုတ်ရန်နှင့် ကယ်တင်ခြင်းအတွက်နောင်တကိုတောင်းဆိုရန်ဖြစ်ပြီး၊ မျက်မှောက် ခေတ်ကျင့်သုံးခြင်းတွင် ကျွန်ုပ်တို့လည်း အလားတူလုပ်ဆောင်သည်။ မှားယွင်းသောယုံကြည်သူများ အတွက်၊ သမ္မာကျမ်းစာများသည် အပြစ်ကိုတားဆီးရန်၊ ၎င်းတို့၏လျှို့ဝှက်ချက်များကိုဖော်ထုတ်ရန်နှင့် ကယ်တင်ခြင်းအတွက်နောင်တကိုတောင်းဆိုရန်ဖြစ်ပြီး၊ မျက်မှောက်‌ခေတ်ကျင့်သုံးခြင်းတွင် ကျွန်ုပ်တို့ သည် တူညီသောပန်းတိုင်သို့ ဦးတည်လုပ်ဆောင်ကြသည်။ ယုံကြည်သူများအတွက်၊ သူတို့၏အပြစ်ကို တားဆီးရန်၊ ကျရှုံးခြင်းကိုသတိပေးရန်နှင့် ဘုရားသခင်၏ကျေးဇူးတော်၌ အသက်ရှင်နေထိုင်ခြင်းဆီသို့ ပို့ဆောင်ရန် သမ္မာကျမ်းစာများကို ဤပုံစံရေးဆွဲထားပြီး၊ မျက်မှောက်ခေတ်ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဤတူညီသောအဆုံးသတ်အတွက် သမ္မာကျမ်းစာကို ကျင့်သုံးသည်။

အပြစ်ရှိသောပုံသဏ္ဍာန်များနှင့် ဘာသာရေးကွဲပြားမှုများကို ခံစားနေကြရသည့်အပြင်၊ သမိုင်း တစ်လျှောက် တူညီသောလူတန်းစားများ ဆက်လက်တည်ရှိနေသောကြောင့် မူလပရိသတ်များနှင့် မျက်မှောက်ခေတ်ပရိသတ်များသည်လည်း အလားတူပင်ဖြစ်သည်။

လူသားများကို ပုံစံအမျိုးမျိုးဖြင့် ခွဲခြားနိုင်သည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့တွင်ရှိသော သီးခြား စရိုက်လက္ခဏာများ သို့မဟုတ် ဂုဏ်ရည်များအလိုက် ခွဲခြားနိုင်သည်။ တစ်ချို့လူတို့သည်အသက်ကြီးပြီး တစ်ချို့သည်ငယ်ရွယ်သည်၊ တစ်ချို့မှာ အမျိုးသားများဖြစ်ပြီး တစ်ချို့မှာ အမျိုးသမီးများဖြစ်သည်၊ တစ်ချို့က ချမ်းသာကြပြီး တစ်ချို့ကဆင်းရဲကြသည်၊ တစ်ချို့ကအခွင့်အာဏာရှိပြီး တစ်ချို့က အားနည်း သည်၊ စသည်ဖြင့်...။ အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအရ ကျွန်ုပ်တို့ကိုလည်း ခွဲခြားနိုင်ပါသည်။ ကျွန်ုပ်တို့သည် မိဘများ၊ သားသမီးများ၊ မောင်နှမများ၊ သခင်များ၊ အစေခံများ၊ သူငယ်ချင်းများ သို့မဟုတ် အခြားအရာများ ဖြစ်နိုင်သည်။ သို့မဟုတ် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့်အရာအရ သူရဲကောင်း များနှင့် ရာဇ၀တ်ကောင်များကဲ့သို့ ကျွန်ုပ်တို့ကို ခွဲခြားနိုင်သည်။ သို့မဟုတ် သင်းအုပ်ဆရာများနှင့် လယ်သမားများကဲ့သို့ ကျွန်ုပ်တို့၏အလုပ်များအတိုင်း ခွဲခြားနိုင်သည်။ သမ္မာကျမ်းစာ၏ မူလပရိသတ် များမှာလည်း အလားတူပင်ဖြစ်သည်။

အမှန်တကယ်တွင်၊ သမ္မာကျမ်းစာ၏အစိတ်အပိုင်းများစွာသည် လူတန်းစားများဆီသို့ အတိအကျ ဦးတည်ထားသည်။ ဒေါသကြီးသူ၊ ချစ်ဖို့ကောင်းသူ၊ ပျင်းရိသူ၊ နောင်တရသူ၊ ချမ်းသာသူ၊ ဆင်းရဲသူများကို အာရုံစိုက်သောကျမ်းပိုဒ်များကို ကျွန်ုပ်တို့ တွေ့ရသည်။ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ သင်းထောက်ဆရာ၊ သူခိုး၊ ဝန်ထမ်းအဖြစ် သတ်မှတ်ထားသောလူများကို အတိအကျ ရည်ညွှန်းသည့် ကျမ်းပိုဒ်များကိုလည်း တွေ့ရှိရသည်။

အသက်အရွယ်တိုင်းတွင် ဤတူညီသောလူတန်းစားများ တည်ရှိနေသောကြောင့် ၎င်းတို့သည် မူလပရိသတ်နှင့် နောက်ဆက်တွဲပရိသတ်များကြားတွင် အဓိပ္ပါယ်ရှိသော ဆက်သွယ်မှုများကို ဖြစ်ပေါ် စေပါသည်။ ဤချိတ်ဆက်မှုများသည် ကျွန်ုပ်တို့၏ကျင့်သုံးခြင်းကို လမ်းညွှန်ပေးပါသည်။ ရှေးခေတ်နှင့် မျက်မှောက်ခေတ်သူဌေးများသည် ချမ်းသာမှုနှင့်ပတ်သက်သော ကျမ်းပိုဒ်များမှ အလားတူကျင့်သုံးခြင်း များကို ထုတ်ယူနိုင်သည်။ ရှေးခေတ်နှင့် မျက်မှောက်ခေတ်ခေါင်းဆောင်များသည် ခေါင်းဆောင်မှုဆိုင်ရာ ကျမ်းပိုဒ်များမှ အလားတူကျင့်သုံးခြင်းများကို ထုတ်ယူနိုင်သည်။ စသည်ဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာတွင် သမ္မာကျမ်းစာကိုကျင့်သုံးရန် ကျွန်ုပ်တို့၏ကြိုးပမ်းမှုအားလုံးကို သမ္မာကျမ်းစာ၏ပထမ ဆုံးပရိသတ်များနှင့် ဤချိတ်ဆက်မှုမျိုးများကို မျှဝေကြောင်းအသိအမှတ်ပြုခြင်းဖြင့် ကူညီပေးနိုင်ပါ သည်။

ယခု ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကျင့်သုံးမှု၏လိုအပ်ချက်ကို စူးစမ်းလေ့လာကာ မူလပရိသတ် များနှင့် မျက်မှောက်ခေတ်ပရိသတ်များအကြား အရေးကြီးသောချိတ်ဆက်မှုအချို့ကို သုံးသပ်ပြီးနောက်၊ ကျွန်ုပ်တို့၏ကျင့်သုံးခြင်းအပေါ် လွှမ်းမိုးသင့်သော မူလပရိသတ်များနှင့် မျက်မှောက်ခေတ်ပရိသတ်များ ကြား တိုးတက်ဖွံ့ဖြိုးလာမှုများကို အာရုံစိုက်ကြည့်ကြပါစို့။

သမ္မာကျမ်းစာကို ဂရုတစိုက်ဖတ်ရှုလေ့လာသူအများအပြားက တစ်ခါတစ်ရံတွင် ၎င်းသည် မတူညီသောကမ္ဘာမှလာသကဲ့သို့ဖြစ်ပုံရပြီး၊ ဤအရာသည် အလွန်မှန်ကန်သော သဘောတရားတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ သမ္မာကျမ်းစာအုပ်များသည် ရှေးကတည်းက ရေးသားခဲ့ကြသည်။ ၎င်းတို့ကို ကျွန်ုပ်တို့အများစု မဖတ်နိုင်သောဘာသာစကားများနှင့် ကျွန်ုပ်တို့၏ကိုယ်ပိုင်နှင့် အလွန်ကွာခြားသော ယဉ်ကျေးမှုများဖြင့် ရေးသားထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဘဝများသည် သမ္မာကျမ်းစာ၏ မူလပရိသတ်များ၏ဘဝများနှင့်လည်း များစွာကွာခြားပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာကို မျက်မှောက်ခေတ်အသက်တာတွင် ကျွန်ုပ်တို့အသုံးပြုသည့်အခါ၊ ဤအချက်များအားလုံးကို တစ်နည်း မဟုတ်တစ်နည်း ထည့်သွင်းစဥ်းစားရန်လိုသည်။

နောက်ပိုင်းသင်ခန်းစာတွင်၊ ဤကွဲပြားမှုများအတွက် တိကျသောနည်းလမ်းများကို အနီးကပ် ကြည့်ရှုပါမည်။ ထို့ကြောင့် ယခုတွင်၊ သမ္မာကျမ်းစာကို မှုတ်သွင်းခံရပြီးကတည်းက ဖြစ်ပေါ်လာသည့် အဓိကတိုးတက်မှု အမျိုးအစားသုံးမျိုးကို ခွဲခြားသိမြင်နိုင်မည်ဖြစ်ပြီး၊ ၎င်းကို ကျွန်ုပ်တို့၏ မျက်မှောက် ခေတ်ကျမ်းစာအုပ်များအား အသုံးပြုမှုတွင် ထည့်သွင်းစဉ်းစားရန်လိုအပ်သည်_ ခေတ်ကာလ၊ ယဉ်ကျေး မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှုများဖြစ်သည်။ ရွေးနှုတ်ခြင်းသမိုင်းတွင် ရှေးဦးစွာခေတ်ကာလများ အလိုက်တိုးတက်မှုများကို ကြည့်ကြပါစို့။

ခရစ်ယာန်များသည် ကမ္ဘာသမိုင်းနှင့်ပတ်သက်သော သမ္မာကျမ်းစာ၏ရှုထောင့်ကို အဆင့်သုံးဆင့် ဖြင့် အကျဉ်းချုပ်ဖော်ပြကြသည်_ ဖန်ဆင်းခြင်း၊ ဘုရားသခင်သည် ဤလောကကို ရှေးဦးစွာဖန်ဆင်းချိန် ဖြစ်သည်၊ ကျရှုံးခြင်း၊ လူသားမျိုးနွယ်သည် ပထမဆုံးအပြစ်ကျူးလွန်ပြီး ဘုရားသခင် ကျိန်ခြင်းခံရချိန် ဖြစ်သည်၊ ရွေးနှုတ်ခြင်း၊ ကျရှုံးခြင်း၏နောက်တွင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏အပြစ်မှ ရွေးနုတ်တော်မူသည့်ကာလဖြစ်သည်။ အာဒံနှင့်ဧဝသည် အပြစ်ထဲသို့ကျပြီးမကြာမီ၊ ဘုရားသခင်သည် ရှည်လျားသောရွေးနှုတ်ခြင်းလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ အနှစ်တစ်ထောင်တစ်လျှောက်လုံး၊ ကိုယ်တော်သည် ကျိန်ခြင်းခံရသော ဖန်ဆင်းခြင်းအတွင်းပိုင်းနှင့်အတူ ရွေးနှုတ်ခြင်းနိုင်ငံတော်အား ကရုဏာဖြင့် တည်ဆောက်ခဲ့သည်။

ဖန်ဆင်းခြင်းအပေါ်ဘုရားသခင်၏အုပ်ချုပ်မှုဆိုင်ရာ တိုးတက်သောသဘောသဘာဝသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသော အမျိုးမျိုးသောခေတ်ကာလများကြားတွင် ပြတ်တောက်မှုကို ဖန်တီးပေးကာ အချိန်အခါအလိုက်ဖြစ်ပေါ်တိုးတက်မှုများကို ဖြစ်ပေါ်စေကြောင်း ဓမ္မပညာရှင်များစွာက အသိအမှတ်ပြုကြသည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်များကြားတွင် သိသာအထင်ရှားဆုံးသော ခေတ်ကာလ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဓမ္မဗေဒပညာရှင်များသည် သမ္မာကျမ်းစာတစ် လျှောက်၊ အထူးသဖြင့် ဓမ္မဟောင်းတွင် အာဒံ၊ နောဧ၊ အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်နှင့် ဓမ္မသစ်ကျမ်းတွင် ယေရှုနှင့်ဆက်နွယ်သော ဘုရားသခင်၏အမျိုးမျိုးသော ပဋိညာဉ်များနှင့်အညီ ခေတ်ကာလများကို ခွဲခြားသတ်မှတ်လေ့ရှိသည်။

ဥပမာ၊ ရွေးနှုတ်ခြင်းသမိုင်းတွင် မတူညီသောအချက်များတွင် မတူညီသောအပြစ်ဖြေခြင်း ယဇ်များနှင့်ပတ်သက်သည့်ဥပဒေများ လိုအပ်သည်။ မောရှေခေတ်တွင်၊ တဲတော်၌ယဇ်ပူဇော်ရန် လိုအပ်သည်။ ရှောလမုန်ခေတ်တွင်၊ ဗိမာန်တော်၌ယဇ်ပူဇော်ရန် လိုအပ်သည်။ ဓမ္မသစ်ကျမ်းအစောပိုင်း တွင်၊ သူတို့သည် သခင်ယေရှုအား ကားတိုင်ပေါ်တွင်အသေခံရန် တောင်းဆိုခဲ့ကြသည်။ ဓမ္မသစ်ကျမ်း နောက်ပိုင်းတွင်၊ ပူဇော်ခြင်းလုံး၀မပြုတော့ပါ။

အထူးသဖြင့် ယနေ့ယုံကြည်သူများအနေဖြင့် ဓမ္မဟောင်းကျမ်းကို ကျွန်ုပ်တို့ဖတ်ရှုသောအခါ—ခရစ်တော်သည် အသေခံပြီး တဖန်ထမြောက်ပြီး ပြန်လည်ကြွလာရန် အသင့်ဖြစ်ပြီးနောက်—တစ်ခါတစ်ရံ သမ္မာကျမ်းစာကိုကျွန်ုပ်တို့ နားလည်ပြီး လက်တွေ့ကျင့်သုံးပုံသည် ဓမ္မဟောင်းလူတို့ ကျင့်သုံးသည့်နည်းလမ်းထက် ကွဲပြားနေရမည်ဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့ အမှန်တကယ် ပြုပြင်ပြောင်းလဲရန် လုံးဝမလိုအပ်သည့် အခြားအချိန်များစွာလည်း ရှိသေးသည်… ထို့ကြောင့် ယဇ်ပူဇော်ခြင်းစနစ်ကို ဥပမာယူကြည့်ပါ။ ခရစ်တော်သည် ယခုကျွန်ုပ်တို့၏ပူဇော်သက္ကာဖြစ်သော ကြောင့် ယဇ်ပူဇော်စရာ မလိုတော့ပါ။ ထိုသဘောအရ ကျင့်သုံးခြင်းသည် အလွန်နည်းပါသည်။ ကျွန်ုပ်သည်ဗိမာန်တော်သွားစရာမလိုပါ… အနီးဆုံးဗိမာန်တော်သို့သွား၍ ကျွန်ုပ်၏အပြစ်များအားလုံးကိုယူဆောင်သွားရန် တိရစ္ဆာန်တစ်ကောင်အပေါ်တွင်လက်တင်ပြီးသတ်ရန် မလိုတော့ပါ။ ထို့ကြောင့်၊ ရွေးနှုတ်ခြင်းသမိုင်းတွင် ယနေ့ကျွန်ုပ်တို့ရောက်ရှိနေသည့်ခေတ်ကာလများသည် သမ္မာကျမ်းစာကိုကျင့်သုံးသည့်ပုံစံကိုပြောင်းလဲစေခြင်းများရှိပါသည်။

ဒေါက်တာ Daniel L. Kim

ရွေးနှုတ်ခြင်းသမိုင်းတွင် ကျွန်ုပ်တို့နှင့်ဆက်စပ်သော ကျမ်းပိုဒ်တစ်ခုဖြစ်ပေါ်လာ မှုကို စူးစမ်းလေ့လာရန် အလွန်အရေးကြီးသည်မှာ ၎င်းကိုကျွန်ုပ်တို့၏ အသက်တာတွင် အဓိပ္ပာယ်ဖွင့်ဆိုကာ အသုံးချခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ရွေးနှုတ်ခြင်းသမိုင်းအကြောင်းအရာအချို့တွင် ကျွန်ုပ်တို့၏ ဆက်စပ်အကြောင်းအရာများနှင့် ကွဲပြားခြားနားသောအရာများကို စီမံခန့်ခွဲခြင်းပါဝင်ကြောင်း ထင်ရှားပါသည်။ ရိုးရှင်းသော ဥပမာတစ်ခုကိုသာ ပြောပြပါမည်—ဓမ္မဟောင်းကျမ်းရှိ ယဇ်ပူဇော်ခြင်းစနစ်ဖြစ်သည်… တိရိစ္ဆာန်ပူဇော်သက္ကာနှင့်ပတ်သက်သော ဓမ္မဟောင်းကျမ်းပိုဒ်များသည် ကျွန်ုပ်တို့နှင့်မသက်ဆိုင်သော်လည်း၊ ထိုပူဇော်သက္ကာများကို ခရစ်တော်၌ ပြည့်စုံစေသည့်အတိုင်းအတာနှင့် အတိအကျသက်ဆိုင်ပါသည်။ ထို့ကြောင့် ထိုကျမ်းများကိုဖတ်သည့်အခါ ကျွန်ုပ်တို့၏ကောက်ချက်က သိုးတစ်ကောင်၊ နွားတစ်ကောင် သို့မဟုတ် ချိုးငှက်တစ်ကောင်ကို တစ်နေရာရာမှာ ရှာရမည်ဟူ၍ မဟုတ်ပါ၊ ကျွန်ုပ်၏အပြစ်ကိုဖုံးအုပ်ဖို့ရန် ခရစ်တော်ကို ရှာဖို့လိုသည်။ နည်းလမ်းများစွာဖြင့် — ၎င်းသည် ထင်ရှားသောဥပမာတစ်ခုသာဖြစ်သည်—သို့သော် သမ္မာကျမ်းစာကိုနည်းလမ်းများစွာဖြင့် ကျွန်ုပ်တို့ဖတ်ရှုစဉ်တွင်၊ ကျွန်ုပ်တို့သည်အချက်အလက်ကိုစဥ်းစားရန် လိုအပ်သည်_ အိုး၊ ဤသည်မှာ ရွေးနှုတ်ခြင်းသမိုင်း၏စီမံအုပ်ချုပ်မှုဆိုင်ရာ ပဋိညာဉ်ဟောင်းတွင် ဖြစ်ပျက်နေခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် theocracy တွင် အသက်မရှင်သောကြောင့် ယနေ့ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့၏ အသက်တာအတွက် မမှန်သောအရာများသည် ဣသရေလ၏ အသက်တာအတွက် မှန်ကန်သည့်အရာများရှိပါသည်။ ကျမ်းပိုဒ်တစ်ခု၏ သဒ္ဒါအကြောင်းအရာသာမက ၎င်း၏ ရွေးနှုတ်ခြင်းသမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာကိုလည်း အမြဲသတိရှိစေလိုသောကြောင့် ကျွန်ုပ်တို့သည် ပဋိညာဉ်တရားသစ်၏မှန်ကန်သည့်အနေအထားတွင် ယုံကြည်သူများအတွက် သင့်လျော်သောကျင့်သုံးခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ဒေါက်တာ Robert G. Lister

ပုံစံအမျိုးမျိုးအားဖြင့်၊ သမ္မာကျမ်းစာသမိုင်းသည် ကြီးထွားနေသောသစ်ပင်နှင့်တူသည်။ သစ်ပင် တိုင်းသည် အစေ့မှပေါက်ဖွားလာကာ၊ ပျိုးပင်ဖြစ်လာပြီး နောက်ဆုံးတွင် အပြည့်အ၀ကြီးထွားသော အပင်ဖြစ်လာသည်။ သစ်ပင်ဖြစ်လာမည့်အရာအားလုံးသည် မူလမျိုးစေ့ထဲတွင်ပါရှိသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှသစ်ပင်သည် အပြည့်အ၀ကြီးထွားသောအပင်အဖြစ် ကြီးထွားဖွံ့ဖြိုးလာ သည်။

အလားတူပင်၊ ရွေးနှုတ်ခြင်းသည် သမ္မာကျမ်းစာသမိုင်းတစ်လျှောက် ကြီးထွားဖွံ့ဖြိုးလာခဲ့သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ကျွန်ုပ်တို့၏အသက်တာတွင် ကျင့်သုံးသည်နှင့်အမျှ ဤတိုးတက်မှုများ ကိုစဥ်းစားရန်လိုသည်။ ဤဖွံ့ဖြိုးတိုးတက်မှုပုံစံသည် သမ္မာကျမ်းစာတစ်အုပ်လုံးသည် ကျွန်ုပ်တို့အတွက် သက်ဆိုင်ပြီး အခွင့်အာဏာရှိကြောင်း သွန်သင်ပေးသည်၊ သို့သော်ဗျာဒိတ်တော်အဟောင်းများကို နောက်ပိုင်းဗျာဒိတ်တော်တွင် အစဥ်ကျင့်သုံးရမည်ဖြစ်သည်။

ခေတ်ကာလ ဖွံ့ဖြိုးတိုးတက်မှုများကို စိတ်ထဲတွင် ဤနားလည်ထားခြင်းဖြင့်၊ သမ္မာကျမ်းစာတွင် တိုက်ရိုက်ဖော်ပြသည့် ယဉ်ကျေးမှုများနှင့် ယနေ့ကျွန်ုပ်တို့၏ယဉ်ကျေးမှုများကို ခွဲခြားထားသည့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအယူအဆကို လေ့လာကြည့်ကြပါစို့။

သမ္မာကျမ်းစာ၏မူလပရိသတ်များနှင့် မျက်မှောက်ခေတ်ပရိသတ်များအကြား ယဉ်ကျေးမှု ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို စဥ်းစားရာတွင် ကျွန်ုပ်တို့သည် တူညီမှုနှင့် ကွဲပြားမှုများကို အသိအမှတ် ပြုရန်လိုအပ်ပါသည်။ တူညီမှုများနှင့် ပတ်သက်၍ “အာဗြဟံ၏ အတွေ့အကြုံနှင့် နီးကပ်စွာယှဉ်တွဲနေ သော မည်သည့်ယဉ်ကျေးမှုပုံစံများကို ကျွန်ုပ်တို့ ရင်ဆိုင်ရသနည်း”နှင့် “ဒါဝိဒ်၏ ယဉ်ကျေးမှုနှင့် ကျွန်ုပ် တို့သည် မည်သို့နည်း"ကဲ့သို့သောမေးခွန်းများမေးရန်လိုသည်။ ကွဲပြားမှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ သည် “ဓမ္မဟောင်းကျမ်း၏ ရှေးခေတ်လူ့အဖွဲ့အစည်းများမှ လူ့ယဉ်ကျေးမှုသည် မည်ကဲ့သို့သိသာစွာ ပြောင်းလဲသွားသနည်း”နှင့် “မည်ကဲ့သို့သော ဓလေ့ထုံးတမ်းနှင့်ကျင့်ဝတ်များ ကွာခြားသနည်း”ကဲ့သို့ သောမေးခွန်းများကိုမေးရန် လိုအပ်ပါသည်။ ဤမေးခွန်းမျိုးများအတွက်အဖြေများသည် ယနေ့ ကျွန်ုပ်တို့ သမ္မာကျမ်းစာကို လက်တွေ့ကျင့်သုံးပုံအတွက် အရေးကြီးသောသက်ရောက်မှုများရှိသည်။

သမ္မာကျမ်းစာကို ရေးသားခဲ့သည့်ယဉ်ကျေးမှုသည် ကျွန်ုပ်တို့၏ယဉ်ကျေးမှုနှင့် အလွန်ကွာခြားပါသည်။ ကျွန်ုပ်တို့အများစုသည် စိုက်ပျိုးရေး၊ ကျေးလက်စီးပွား ရေးတွင် မနေထိုင်ကြပါ။ အချို့သောလူများနေထိုင်ကြပါသည်၊ သို့သော် အနောက်နိုင်ငံရှိ ကျွန်ုပ်တို့အတွက်မူ ထိုသို့မဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့် အပြောင်းအလဲအချို့ လုပ်ရပေမည်။ ဘီစီ ၁၀၀၀ တွင်ကျွန်ုပ်တို့ အသက်ရှင်နေသည်လည်း မဟုတ်ပါ။ ဗက်လင်မြို့တံခါးအပြင်ဘက်၌ စီးပွားရေးလုပ်ကြသည်— ရုသကျမ်းတွင်ဖတ်ပါ။ ထိုခေတ်က တရားဝင်စာချုပ်ကို မည်သို့လုပ်သည်ကို သင်သိပါသလား။ သင့်ဖိနပ်ကိုချွတ်ပြီး ၎င်းကိုအခြေခံ၍ လက်ဆွဲနှုတ်ဆက်တာမျိုး လုပ်ကြသည်။ ဟုတ်ပါသည်၊ ၎င်းသည် ထူးဆန်းပါသည်။ သင်စာချုပ်များချုပ်ဆိုသည့် မတူညီသော ယဉ်ကျေးမှုတွင် ကျွန်ုပ်တို့နေထိုင်ကြပြီး သင့်ထံတွင် မတူညီသော သဘောတူညီချက်များရှိသည်။ မတူညီသောယဉ်ကျေးမှုများတွင် ယောက်ျားနှင့်မိန်းမကြား မတူညီသောပေါင်းသင်းဆက်ဆံမှု၊ မတူညီသောစီးပွားရေးလုပ်နည်းအမျိုးမျိုးရှိမည်ဖြစ်သည်။ အမျိုးမျိုးသော ယဉ်ကျေးမှုအသုံးအနှုန်းဖော်ပြချက်များ ရှိမည်ဖြစ်သည်။ ၎င်းကိုကိုယ်ချင်းစာပြီး သမ္မာကျမ်းစာတွင် သူ့ကိုယ်ပိုင်နည်းလမ်းရှိသည်ကို နားလည်ဖို့လိုသည်။ ကျွန်ုပ်တို့သည် အကြောင်းအရာများကို မတူညီစွာလုပ်ဆောင်သည့် ယဉ်ကျေးမှုများတွင် နေထိုင်ကြသည်။ သို့သော်၊ ကျွန်ုပ်တို့သည် မိမိနှင့်သက်ဆိုင်သောလုပ်ငန်းကို မည်သို့လုပ်သင့်သည်ကို သမ္မာကျမ်းစာက ဖော်ပြပေးထားပါသည်။ ကျင့်ဝတ်သိက္ခာသမာဓိနှင့်လုပ်သင့်သည်။ ၎င်းကို ရုသကျမ်းတွင် သင်ဖတ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖိနပ်များကို သူတို့ကဲ့သို့မချွတ်သော်လည်း၊ ကျွန်ုပ်တို့နှင့်သက်ဆိုင်သော လုပ်ငန်းတွင် ကျင့်ဝတ်သိက္ခာသမာဓိနိယာမကို ကျင့်သုံးရမည်ဖြစ်သည်။

ဒေါက်တာ Peter Walker

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လက်ရှိအခြေအနေကိုတွေးကာ မူလပရိသတ်၏ အချိန်ကာလနှင့်နှိုင်းယှဉ်ပါက၊ ဓမ္မသစ်ကာလသည် အနည်းဆုံးနှစ်ပေါင်း ၂၀၀၀ ရှိခဲ့ပြီး၊ ဓမ္မဟောင်းကာလသို့ပြန်သွားပါကနှစ်ပေါင်း ၃၀၀၀ သို့မဟုတ် ထိုထက်မကသောနှစ်ပေါင်းများကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုရမည် ဖြစ်သည်။ ထို့ကြောင့် မူလပရိသတ်၏အတွေ့အကြုံမှ ကျွန်ုပ်တို့ကို ဖယ်ထုတ်နိုင်သော ကွဲပြားမှု၊ ယဉ်ကျေးမှုကွဲပြားမှုများ ရှိနိုင်သည်။ အထင်ရှားဆုံးတစ်ခုမှာ နည်းပညာသည် သိသိသာသာ ပြောင်းလဲလာခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့ သည်အလွန်မြင်သာသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်၊ အရှိန်အဟုန်ဖြင့်ဆက်သွယ်အသုံးပြုသော ယဉ်ကျေးမှု၊ အခြားသူများနှင့်ဆက်သွယ်ပြောဆိုရန်နည်းပညာကို အသုံးပြုရာတွင် အလွန်အကျုံးဝင်သောယဉ်ကျေးမှုတစ်ခုဖြစ်သည်။ ရှေးယခင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်ကပင်၊ ယောဟန်သည် ဗျာဒိတ်ကျမ်းကို ရေးသောအခါ၊ သူသည် လူတစ်ဦးမှ ၎င်းကိုလူ့အသိုင်းအဝိုင်းတစ်ခုမှတစ်ခုသို့ သယ်ဆောင်သွားမည့် လှည့်ပတ်သည့်စာတစ်စောင်အဖြစ် ပြုလုပ်ခဲ့သည်။ ၎င်းသည် အသင်းတော်တစ်ခုမှ အခြားအသင်းတော်သို့ ထိုသူခရီးသွားခြင်းအရ ရက်ပေါင်းများစွာ အချိန်ယူရပေမည်။ ချက်ချင်းအဆက်အသွယ်ရခြင်းမျိုး မရှိခဲ့ပါ။ သင်ထင်မြင်သည့်အတိုင်း၊ ဗျာဒိတ်ကျမ်းကို ထင်ရှားပေါ်လွင်စေသည့် အခြားအချက်တစ်ခုမှာ၊ ဗျာဒိတ်ကျမ်းကို အဓိကအားဖြင့်ကြားနာရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ကြောင့်၊ စာအုပ်၏အစတွင် စာဖတ်သူနှင့် ကြားနာသူအများအပြားအတွက် ကောင်းချီးတစ်ခုရှိသည်ဟု ဆိုသည်၊ ၎င်းမှာ မူလကနားလည်ခဲ့သည့်နည်းလမ်းကို ညွှန်ပြနေခြင်းဖြစ်ပြီး၊ လူတစ်ဦးသည် စာအုပ်တစ်အုပ်လုံးကို ပရိသတ်ဆီ တစ်လျှောက်လုံး ဖတ်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အတွက်၊ ဗျာဒိတ်ကျမ်းကိုဖတ်ရှုရာတွင် ဖြည်းညင်းစွာဖတ်ရန် အလွန်လွယ်ကူသည်။ ကျွန်ုပ်တို့သည် ကျမ်းပိုဒ်တစ်ပိုဒ်အပေါ် ရပ်တန့်ကာစဥ်းစားဆင်ခြင်နိုင်ပြီး ၎င်းဆိုလိုသမျှကို နားလည်အောင် ကြိုးစားနိုင်သည်။ မူလပရိသတ်များအတွက် အခန်း ၂၂ ခန်းစီးဆင်းလာသည်။ ထို့ကြောင့် စာအုပ်၏အတွေ့အကြုံသည် အလွန်ကွာခြားပါသည်။ ဗျာဒိတ်ကျမ်း၏မူလပရိသတ်များ၏အကျိုးဆက်များထဲမှ တစ်ခုမှာ အားလုံးကိုလွှမ်းခြုံကာရှင်းမပြနိုင်ဘဲ၊ တစ်ခါတစ်ရံ၌ အသေးစိတ် အချက်အလက်များကို ရှာဖွေဖော်ထုတ်ရာတွင် ဂရုစိုက်မှုနည်းပါးပြီး၊ ယင်းအစား တစ်အုပ်လုံး၏ယေဘူယျရည်ရွယ်ချက်ကို နားလည်ကာ၊ တစ်အုပ်လုံးသည် ၎င်းတို့၏ ချစ်ခြင်းမေတ္တာများကို အမှန်တကယ် ပြောဆိုခွင့်ပြုရန် ဖြစ်သည်ဟုထင်ပါသည်။ ပုံသဏ္ဍာန်များက အရာအားလုံးကို ရှာဖွေဖော်ထုတ်မည့်အစား ကျွန်ုပ်တို့နှလုံးသား၏သရုပ်မှန်ကို ပိုပြီးထိတွေ့လာစေသည်။ ထို့ကြောင့်၊ ထိုယဉ်ကျေးမှုကွာခြားမှုသည် ကျွန်ုပ်တို့၏နားလည်မှုနှင့် ကျမ်းစာဖတ်ရှုခြင်းအပေါ် ချဉ်းကပ်ပုံကို အမှန်တကယ်ပြောင်းလဲစေနိုင်သည့် ဥပမာတစ်ခုဖြစ်သည်။

ဒေါက်တာ David W. Chapman

ခေတ်ကာလနှင့် ယဉ်ကျေးမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများအပြင် ယနေ့လူတို့ကို သမ္မာကျမ်းစာ၏ မူလပရိသတ်များနှင့် ခွဲခြားနိုင်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှုများကိုလည်း အာရုံစိုက်ရန် လိုအပ်ပါ သည်။

သမ္မာကျမ်းစာ၏လူများနှင့် ကျွန်ုပ်တို့၏မျက်မှောက်ခေတ်ကမ္ဘာတွင်နေထိုင်သူများကြား တူညီမှု များအတော်အတန်ရှိသော်လည်း၊ မျက်မှောက်ခေတ်နှင့်ရှေးခေတ်လူတို့ကြားတွင် ကွဲပြားမှုများလည်း ရှိကြောင်း အသိအမှတ်ပြုရန်လိုသည်။ သမ္မာကျမ်းစာပါကျမ်းချက်များကို သင့်လျော်စွာကျင့်သုံးရန် ကျွန်ုပ်တို့မျှော်လင့်ပါက၊ ဤပုဂ္ဂိုလ်ရေးဆိုင်ရာ ပြောင်းလဲမှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ဥပမာအားဖြင့်၊ “ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာအသက်တာသည် သမ္မာကျမ်းစာတွင်တွေ့မြင်ရ သောသူများနှင့် မည်သို့နှိုင်းယှဉ်သနည်း” "ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်း၌ မည်သည့်အခန်းကဏ္ဍများ တွင်ရှိနေသနည်း" "ကျွန်ုပ်တို့၏ဝိညာဉ်ရေးအခြေအနေသည်မည်သို့နည်း" “ကျွန်ုပ်တို့သည် ဤသွင်ပြင် လက္ခဏာ သို့မဟုတ် ထိုသွင်ပြင်လက္ခဏာနှင့် နှိုင်းယှဉ်လျှင် သခင်ဘုရားကို မည်သို့အစေခံကြသနည်း" “ကျွန်ုပ်တို့၏ အတွေးအမြင်၊ လုပ်ရပ်များနှင့် ခံစားချက်များသည် ကျွန်ုပ်တို့တွေ့မြင်ရသောသမ္မာကျမ်း ရေးသူများနှင့် မည်သို့နှိုင်းယှဉ်သနည်း"စသည့်မေးခွန်းများကိုမေးရန်လိုသည်။ ရှေးလူများနှင့် မျက်မှောက်ခေတ်လူတို့ကြား ကွဲပြားမှုများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ကျွန်ုပ်တို့၏ဘဝအခြေအနေ များနှင့် သမ္မာကျမ်းစာကို မည်သို့ကျင့်သုံးရမည်ကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်မည်ဖြစ်သည်။

သမ္မာကျမ်းစာ၏မူလပရိသတ်များနှင့် မျက်မှောက်ခေတ်ပရိသတ်များအကြား ခေတ်ကာလ၊ ယဉ်ကျေးမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှုများကို ခွဲခြားသတ်မှတ်ခြင်းသည် ကျွန်ုပ်တို့ခေတ်တွင် သမ္မာကျမ်းစာကို ကျင့်သုံးခြင်း၏အခက်ခဲဆုံး ကဏ္ဍများဖြစ်နိုင်သည်။ သို့သော် ၎င်းကို ဂရုတစိုက် လုပ်ဆောင်ပါက၊ ဘုရားသခင်ကို ချီးမြှောက်သည့်နည်းလမ်းတွင်လည်းကောင်း၊ တခြားသူများအပေါ် တာဝန်သိခြင်းနှင့် ကျွန်ုပ်တို့၏ခေတ်ကာလနှင့်သင့်တော်သည့် နည်းလမ်းများဖြင့် သမ္မာကျမ်းစာကို ကျင့်သုံးရာ၌လည်းကောင်း ကျွန်ုပ်တို့ကို ကူညီခြင်းတွင် များစွာအထောက်အကူပြုပါလိမ့်မည်။

သမ္မာကျမ်းစာကိုကျင့်သုံးခြင်းဆိုင်ရာ ဤသင်ခန်းစာတွင်၊ သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ်ကို ကျွန်ုပ်တို့၏ခေတ်အခြေအနေများနှင့် ချိတ်ဆက်နိုင်စေမည့် အခြေခံအချက်သုံးချက်ကို ကျွန်ုပ်တို့စူးစမ်း လေ့လာထားပါသည်။ သမ္မာကျမ်းစာအပေါ် မျက်မှောက်‌ခေတ်ကျင့်သုံးခြင်းများပြုလုပ်ရန် လိုအပ်ချက် အကြောင်းကို ကျွန်ုပ်တို့ပြောခဲ့ပြီးဖြစ်သည်။ သမ္မာကျမ်းစာကို မည်သို့ကျင့်သုံးရမည်ကို ဆုံးဖြတ်ရန် ကူညီပေးသည့် မူလပရိသတ်များနှင့် မျက်မှောက်ခေတ်ပရိသတ်များကြား ချိတ်ဆက်မှုများကို ကျွန်ုပ်တို့ ဆွေးနွေးထားပါသည်။ သမ္မာကျမ်းစာကို ရေးသားပြီးကတည်းက ဖြစ်ပေါ်လာသည့် တိုးတက်မှုအချို့ကို သုံးသပ်ထားပြီး၊ မျက်မှောက်ခေတ်ပရိသတ်များအတွက် ကျွန်ုပ်တို့၏ကျင့်သုံးခြင်းများကို လိုက်လျော ညီထွေဖြစ်စေရန် ဤတိုးတက်မှုများသည် လုပ်ရမည့်နည်းလမ်းများအပေါ် အထူးအာရုံစိုက်ပါသည်။

သမ္မာကျမ်းစာသည် နောင်လာနောက်သားများကို ဖယ်ထားရန် ရေးသားထားခြင်းမဟုတ် ကြောင်း ကျွန်ုပ်တို့ အစဥ်အမြဲသတိပြုရန် လိုအပ်ပါသည်။ ဆန့်ကျင်ဘက်အနေနှင့်၊ ၎င်းတို့သည် သမိုင်းတစ်လျှောက်လုံးတွင် ဘုရားသခင်၏လူမျိုးတို့သည် ချစ်မြတ်နိုးရန်နှင့် နာခံရန် ရေးသားထားခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့်၊ သမ္မာကျမ်းစာသည် စတင်ရေးသားခဲ့သည့်အချိန်အတိုင်း ကျွန်ုပ်တို့ခေတ် ကာလနှင့် သက်ဆိုင်ပါသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာခေတ်နှင့် ကျွန်ုပ်တို့၏ခေတ်ကြားတွင် ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို အကဲဖြတ်ရန်လိုအပ်သည်၊ ကျွန်ုပ်တို့လုပ်ဆောင်သည့်အခါတွင်၊ ကျွန်ုပ်တို့သည် အတိတ်မှကိုယ်တော်၏လူများအတွက်သာမက ယနေ့ အသက်ရှင်နေသော ကိုယ်တော် ၏လူများအတွက်လည်း ဘုရားသခင်၏အလိုတော်ကို ပိုင်းခြားမြင်နိုင်ပါသည်။

Continue reading the full transcript